
Google I/O 2018





Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ ပြီးခဲ့တဲ့မေလမှာပြုလုပ်သွားတဲ့ Google I/O 2018 မှာ Google Assistant နဲ့ ပတ်သတ်ပြီး Feature အသစ်တစ်ခုကို ပြသသွားတာကို သိကြမှာပါ။ အဲ့ဒါကတော့ Google Assistant ကို ခိုင်းစေတဲ့နေရာမှာ Command တစ်ခုပြောတိုင်း မပြောခင် “OK Google” “Hey Google” ပြောနေစရာမလိုဘဲနဲ့ ဆက်တိုက်ခိုင်းစေနိုင်တဲ့ Feature ပဲဖြစ်ပါတယ်။

Google I/O 2018

အခု Feature က Google Assistant ကို အသုံးပြုနေတဲ့သူတွေအများအပြားတောင်းဆိုနေတဲ့ Feature တစ်ခုလည်းဖြစ်ပြီး အခုအချိန်မှာတော့ Google Assistant ကို အသုံးပြုနေတဲ့သူတိုင်း Command တစ်ခုပြောပြီး ဆက်ခိုင်းချင်တယ်ဆိုရင် “OK Google” ထပ်ပြောနေစရာမလိုတော့ပါဘူး။ အဲ့ဒီအစား Google Assistant ကို အချိန်တစ်ခုအထိ စကားမပြောပဲနေလိုက်တော့မှ Google Assistant နဲ့ ပြောနေတဲ့ Conversation က ရပ်သွားမှာပဲဖြစ်ပါတယ်။

Google Assistant Continued Conversation

အခုလိုမျိုး Feature က Google Assistant ကို တခြား Assistant တွေနဲ့ ယှဉ်ရင် ပိုသာသွားစေပြီးတော့ ပိုပြီးလည်း Google Assistant နဲ့ သဘာဝကျတဲ့ Conversation တွေကို ရရှိနိုင်တော့မှာပါ။ ဘာပဲပြောပြော Google Assistant ကို တစ်ခုခုမေးချင်တိုင်း “OK Google” လို့ ခေါ်နေစရာမလိုတော့ပါဘူး။

အခု Feature ဟာ အလိုအလျောက်ရရှိမှာတော့မဟုတ်ဘဲ အသုံးပြုမယ်ဆိုရင် Google Assistant Settings – Preferences ထဲက Continued Conversation ကို On ထားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com