Google ရဲ့ Google Assistant ကို ယခုအခါမှာ တရားဝင်အနေနဲ့ iPhone တွေမှာ အသုံးပြုနိုင်ပါပြီ။ Google I/O 2017 ပွဲမှာ ထုတ်ဖော်ခဲ့တဲ့ သတင်းအရ ယခုအခါမှာ Google Assistant ရဲ့ iOS ဗားရှင်းကို iPhone မှာ ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

iPhone မှာကိုယ်ပိုင် Digital Assistant Siri ရှိနေပြီ ဖြစ်ပေမယ့် Google Assistant ကလည်း သင့်ကို အံ့အားသင့်အောင်ပြုလုပ်ပေးမှာပါ။ Google Assistant ရဲ့ iOS ဗားရှင်းဟာ Android နဲ့ သိပ်မကွာဘူးလို့လဲ ဆိုပါတယ်။

Google Assistant ဟာ Siri ထက် ပိုမိုရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေ၊ မေးခွန်းတွေကို မေးလို့ရပေမယ့် Siri ကတော့ ပိုပြီး ရင်းနှီးတဲ့ပုံစံမျိုးနဲ့ စကားပြောတတ်တဲ့ ပုံစံဆောင်ပါတယ်။ Google Assistant App ကို iOS Widget အနေနဲ့ ရရှိမှာပါ။

ဒီဟာတွေကတော့ Google Assistant အနေနဲ့ iPhone မှာလုပ်ဆောင်နိုင်မယ့် အချက်တွေပါ။

  • ဖုန်းကောလ်ခေါ်ဆိုပေးတာ
  • Google Maps ကို အသုံးပြုပေးတာ
  • Emai, SMS နဲ့ iMessages တွေ ပို့ပေးတာ
  • Reminder နဲ့ Calendar တွေ Set လုပ်ပေးတာ
  • သီချင်းဖွင့်ပေးတာ
  • Google မှာ Search လုပ်ချင်တာ အရာမှန်သမျှရှာဖွေပေးနိုင်တာ
  • တိုက်ရိုက်စကားပြောနိုင်တာတွေပါပဲ။

 

အဲ့ဒီအပြင် iPhone မှာ လုပ်လို့မရတာတွေလည်း ရှိပါသေးတယ်။

  • Home Button ကို နှိပ်ပြီး Google Assistant ကို ခေါ်လို့ မရနိုင်ပါဘူး
  • အဲ့ဒီအပြင် “OK, Google” နဲ့လည်း ခေါ်လို့မရပါဘူး
  • Alarm ပေးထားလို့ မရပါဘူး

ဒါကလည်း အဆင်ပြေစေမှာပါ။ ဘာလို့လဲဆိုတော့ iPhone မှာ Siri နဲ့ အပြိုင်ရွေးချယ်စရာ တစ်ခုထွက်လာလို့ပါ။ iOS အသုံးပြုသူတွေအနေနဲ့ Google Assistant App ကို App Store ကနေ ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။ ဆိုက်အနေနဲ့ 256MB ရှိမှာဖြစ်ပြီး iOS 9.1 နဲ့ အထက် ဗားရှင်းတွေမှာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယယ်။

Joker (Akhayar)

Ref: CNet