အမေရိကန် အဆိုတော် John Legend ရဲ့ Google Assistance Cameo ကို US မှာအသုံးပြုလို့ရနေပြီပဲဖြစ်ပါတယ်။ AI Helper ကို “Talk Like a Legend”လို့ပြောလိုက်တာနဲ့ Assistance ရဲ့အသံဟာ John Legend ရဲ့အသံပြောင်းသွားမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် John Legend နဲ့သက်ဆိုင်တဲ့မေးခွန်းတွေကိုဖြေဆိုသွားမှာပါ။ ဥပမာ-သူ့ဇနီး Chrissy Teigen ရဲ့အကြောင်း၊ သူအကြိုက်ဆုံး သီချင်း စတာတွေပဲဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာအချိန်အကန့်အသတ်နဲ့ဖြစ်ပြီး နောက်ပိုင်းမှာတော့ ရိုးရိုး Google Assistant ရဲ့အသံပြန်ဖြစ်သွားမှာပါ။
နောက်ပိုင်းမှာလည်းဒီလိုမျိုး Voice Assistant တွေအပြောင်းအလဲ ဖြစ်မယ့်အလားအလာရှိပါတယ်။

Ref: Engadget

SiD (Akhayar)

www.akhayart.com