Google Assistant ဟာ လက္ရွိအခ်ိန္မွာအေကာင္းဆံုးေသာ Virtual Assistant ဆုိရင္လည္း မမွားပါဘူး။ အခုအခ်ိန္မွာဆုိရင္ Google ကေန အခု Google Assistant ကို ပုိျပီးေကာင္းမြန္ေအာင္ Feature အသစ္တစ္ခုကို ထည့္သြင္းဖုိ႔ ျပဳလုပ္ေနတယ္လုိ႔ သိရပါတယ္။

Google Assistant

အခု Feature အသစ္ကေတာ့ ကုိယ္သြားခ်င္တဲ့ေနရာကို “Hey Google, Book A Ride” ဒါမွမဟုတ္ “Hey Google, Get Me A Taxi To” ဆုိျပိး ကိုယ္သြားခ်င္တဲ့ေနရာကို ေျပာလုိက္တာနဲ႔တင္ ကားငွားေပးေတာ့မွာျဖစ္ပါတယ္။ အခုလုိမ်ိဳး အငွားယာဥ္ဝန္ေဆာင္မႈအတြက္လည္း Google က Uber ၊ Lyft ၊ Ola ၊ Grab ၊ GO-JECK နဲ႔ တျခားေသာ Service ေတြအကုန္လံုးမွာ ရရွိလာမယ္လုိ႔သိရပါတယ္။

Google Assistant

အခုလုိမ်ိဳး Google Assistant ကိုေျပာလုိက္တာနဲ႔ Assistant ကေန ရရွိႏုိင္တဲ့ Service ေတြနဲ႔ အၾကမ္းဖ်င္းက်သင့္မယ့္ ဝန္ေဆာင္ခကို ေဖာ္ျပသြားမွာျဖစ္ပါတယ္။ တကယ္လုိ႔ အခုလုိမ်ိဳး ရႏုိင္သမွ် Service List ေတြကို ေဖာ္ျပတာမ်ိဳးကို မလုိခ်င္ဘူးဆုိရင္လည္း ကိုယ္ေခၚဆုိခ်င္တဲ့ Service နာမည္ကိုပါ ထည့္သြင္းျပီးေျပာလုိက္မယ္ဆိုရင္ တခါတည္း ေခၚဆိုေပးသြားမွာျဖစ္ပါတယ္။

Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခု Feature ဟာ Android ၊ iPhone ၊ Google Home နဲ႔ Google Assistant ပါဝင္တဲ့ Smart Speaker တုိင္းမွာ ရရွိလာမယ္လုိ႔ သိရပါတယ္။ ယခင္တုန္းက Google Maps မွာတင္ Navigation ျပဳလုပ္တဲ့အခ်ိန္မွာ Ride Hailing Tab ကို ထည့္သြင္းခဲ့ျပိးေတာ့ အခုအခ်ိန္မွာေတာ့ Google Assistant မွာပါ ထည့္သြင္းလာတာလည္းျဖစ္ပါတယ္။

Google Maps

ယခု Feature ကို English ဘာသာစကားနဲ႔ Google Assistant ကိုအသံုးျပဳေနသူေတြနဲ႔ Ride Service Partner ေတြရွိတဲ့ႏုိင္ငံေတြမွာ အရင္ရရွိလာမွာျဖစ္ျပီးေတာ့ ေနာက္ပိုင္းလေတြမွာ တျခားေသာႏုိင္ငံေတြကိုပါရရွိေအာင္ေဆာင္ရြက္သြားမယ္လုိ႔ ေျပာၾကားခဲ့ပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ အခု Feature ဟာ Google Assistant အတြက္ေတာ့ တကယ္ကိုၾကီးမားတဲ့ Update တစ္ခုျဖစ္လာမွာျဖစ္ျပီး အသံုးျပဳသူေတြကိုလည္း Google Assistant ကို ပိုျပီး အသံုးျပဳလာေစမွာျဖစ္ပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google Assistant ဟာ လက်ရှိအချိန်မှာအကောင်းဆုံးသော Virtual Assistant ဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာဆိုရင် Google ကနေ အခု Google Assistant ကို ပိုပြီးကောင်းမွန်အောင် Feature အသစ်တစ်ခုကို ထည့်သွင်းဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Google Assistant

အခု Feature အသစ်ကတော့ ကိုယ်သွားချင်တဲ့နေရာကို “Hey Google, Book A Ride” ဒါမှမဟုတ် “Hey Google, Get Me A Taxi To” ဆိုပြိး ကိုယ်သွားချင်တဲ့နေရာကို ပြောလိုက်တာနဲ့တင် ကားငှားပေးတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး အငှားယာဉ်ဝန်ဆောင်မှုအတွက်လည်း Google က Uber ၊ Lyft ၊ Ola ၊ Grab ၊ GO-JECK နဲ့ တခြားသော Service တွေအကုန်လုံးမှာ ရရှိလာမယ်လို့သိရပါတယ်။

Google Assistant

အခုလိုမျိုး Google Assistant ကိုပြောလိုက်တာနဲ့ Assistant ကနေ ရရှိနိုင်တဲ့ Service တွေနဲ့ အကြမ်းဖျင်းကျသင့်မယ့် ဝန်ဆောင်ခကို ဖော်ပြသွားမှာဖြစ်ပါတယ်။ တကယ်လို့ အခုလိုမျိုး ရနိုင်သမျှ Service List တွေကို ဖော်ပြတာမျိုးကို မလိုချင်ဘူးဆိုရင်လည်း ကိုယ်ခေါ်ဆိုချင်တဲ့ Service နာမည်ကိုပါ ထည့်သွင်းပြီးပြောလိုက်မယ်ဆိုရင် တခါတည်း ခေါ်ဆိုပေးသွားမှာဖြစ်ပါတယ်။

Google ရဲ့ ပြောကြားချက်အရတော့ အခု Feature ဟာ Android ၊ iPhone ၊ Google Home နဲ့ Google Assistant ပါဝင်တဲ့ Smart Speaker တိုင်းမှာ ရရှိလာမယ်လို့ သိရပါတယ်။ ယခင်တုန်းက Google Maps မှာတင် Navigation ပြုလုပ်တဲ့အချိန်မှာ Ride Hailing Tab ကို ထည့်သွင်းခဲ့ပြိးတော့ အခုအချိန်မှာတော့ Google Assistant မှာပါ ထည့်သွင်းလာတာလည်းဖြစ်ပါတယ်။

Google Maps

ယခု Feature ကို English ဘာသာစကားနဲ့ Google Assistant ကိုအသုံးပြုနေသူတွေနဲ့ Ride Service Partner တွေရှိတဲ့နိုင်ငံတွေမှာ အရင်ရရှိလာမှာဖြစ်ပြီးတော့ နောက်ပိုင်းလတွေမှာ တခြားသောနိုင်ငံတွေကိုပါရရှိအောင်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခု Feature ဟာ Google Assistant အတွက်တော့ တကယ်ကိုကြီးမားတဲ့ Update တစ်ခုဖြစ်လာမှာဖြစ်ပြီး အသုံးပြုသူတွေကိုလည်း Google Assistant ကို ပိုပြီး အသုံးပြုလာစေမှာဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com