Google ကနေ အခုအချိန်မှာလက်ရှိမှာ အကောင်းဆုံးသော Assistant တစ်ခုဖြစ်တဲ့ Google Assistant ကို Android Messages မှာ ထည့်သွင်းပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အခုလိုမျိုး ကြေညာချက်ကြောင့် မကြာခင်မှာ Android Messages App မှာ ယခင်နဲ့လုံးဝမတူတဲ့ Experience အသစ်ကို အသုံးပြုနိုင်တော့မှာပါ။

အခုလိုမျိုး Android Messages မှာ Google Assistant ကို အသုံးပြုလို့ရတာလာတဲ့အတွက် တယောက်ယောက်က Messages ပို့တယ်ဆိုရင် လက်ရှိ Smart Replies Feature အစား Google Assistant ကနေ အသင့်တော်ဆုံးအဖြေတွေနဲ့ Suggestion တွေကို ပြုလုပ်ပေးမှာပါ။

ဥပမာအနေနဲ့ တကယ်လို့တယောက်ယောက်က “Do you want to go to restaurant?” လို့ Message ပို့လာတယ်ဆိုရင် Google Assistant ကနေ ကိုယ်နဲ့ကိုက်ညီတဲ့ စားသောက်ဆိုင်တွေကို Reply မပြန်ခင် အရင် Suggestion ပြုလုပ်ပေးသွားမှာပါ။ အဲ့ဒီထဲကမှ ကိုယ်သွားချင်တဲ့ ဆိုင်ကို ရွေးပြီး Reply ပြန်လိုက်ရုံအထိ လွယ်ကူသွားမှာပါ။

ဒီလိုမျိုးပဲ တကယ်လို့ ရုပ်ရှင်တစ်ခုခုကို ကြည့်ချင်သလားဆိုရင်လည်း Google ကနေ အဆိုပါ ရုပ်ရှင်ရဲ့ Rating တွေနဲ့ အချက်အလက်တွေကို Assistant ကနေတစ်ဆင့် Message ဝင်လာတာနဲ့ ရှာဖွေပြီးဖော်ပြပေးနိုင်မှာပါ။

Google ရဲ့ Android Messages အပေါ်မှာ ဒီလိုမျိုး Assistant ကို အသုံးပြုနိုင်လာတာက တကယ်တမ်းအသုံးပြုတဲ့အချိန်မှာ သိသိသာသာကို ကောင်းမွန်လာစေမှာဖြစ်ပြီးတော့ Google ရဲ့ ပြောကြားချက်အရတော့ လတ်တလောမှာ နိုင်ငံ ၂၄ နိုင်ငံမှာ ရရှိနေပြီး မကြာခင်မှာလည်း နောက်ထပ်နိုင်ငံတွေမှာ ရရှိလာအောင် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။