Google ကေန လွ်ိဳ႕ဝွက္ျပီး Gaming Project တစ္ခုကို ျပဳလုပ္ေနတယ္ဆိုတဲ့ ေကာလဟာလေတြက ယခင္ရက္သတၱပတ္ေတြထဲက ျပန္႔ႏွံ႔ေနခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Google ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက Google ကိုယ္တိုင္ Gaming Project တစ္ခုကို ျပဳလုပ္ေနတယ္ဆိုတာက မွန္ကန္ေၾကာင္းနဲ႔ အဆိုပါ Gaming Project အေၾကာင္းကိုပါ အနည္းငယ္ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Michael Sayman

Michael Sayman ဟာ ယခု Google ရဲ႕ Arcade လုိ႔ နာမည္ေပးထားတဲ့ Gaming Project ရဲ႕ အဓိက တာဝန္ရွိသူျဖစ္ျပီး အခု Arcade Gaming ကို Startup အေနနဲ႔ ေဆာင္ရြက္ေနသူလည္းျဖစ္ပါတယ္။ Michael ဟာ အခုအခ်ိန္မွာ အသက္ ၂၁ ႏွစ္ရွိျပီျဖစ္ျပီးေတာ့ အသက္ ၁၇ ႏွစ္ထဲက Facebook မွာ Intern တစ္ေယာက္အေနနဲ႔ အလုပ္လုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ႏွစ္မွာေတာ့ Michael က Google ရဲ႕ မိခင္ကုမၸဏီ Alphabet, Inc ကို ဝင္ေရာက္ဖုိ႔အတြက္ Facebook ကို စြန္႔ခြာခဲ့ပါတယ္။

Google အေနနဲ႔ အခုလုိမ်ိဳး လူငယ္တစ္ဦးကို Gaming Project တစ္ခုကို တာဝန္ယူခုိင္းတယ္ဆိုတာက ေနာက္ပိုင္း Mobile Gaming ကို လူငယ္ေတြအတြက္ အဓိက ရည္ရြယ္ျပီး Target ထားခ်င္တယ္ဆိုတာက သိသာေနပါတယ္။ Michael ကိုယ္တုိင္ကလည္း အခု Arcade Gaming ဟာ သူငယ္ခ်င္းေတြအခ်င္းခ်င္း Mobile Devices ေတြနဲ႔ ခ်ိတ္ဆက္ေဆာ့ကစားႏုိင္ဖုိ႔ ရည္ရြယ္သြားမွာျဖစ္တယ္လုိ႔ ေျပာၾကားသြားပါတယ္။

Google

ဒါေပမယ့္လည္း Google Arcade ဟာ Social Network တစ္ခုပံုစံမ်ိဳးေဆာ့ျဖစ္လာမွာမဟုတ္ပဲ Game အတြင္းမွာပဲ အခ်င္းခ်င္း ေဆာ့ကစားႏုိင္ဖို႔ကို ရည္ရြယ္သြားမယ္လုိ႔ သိရပါတယ္။ Google က Project Yeti နာမည္နဲ႔ Cloud Gaming တစ္ခုကိုလည္း ျပဳလုပ္ေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ဖူးျပီး အခုအခ်ိန္မွာလည္း Mobile Gaming အတြက္ Project ေတြျပဳလုပ္ေနတဲ့အတြက္ မၾကာခင္အခ်ိန္အတြင္းမွာ Gaming ေလာကထဲကို Google ဝင္ေရာက္ေတာ့မယ္ဆုိတာ ေသခ်ာေနပါျပီ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ကနေ လျှို့ဝှက်ပြီး Gaming Project တစ်ခုကို ပြုလုပ်နေတယ်ဆိုတဲ့ ကောလဟာလတွေက ယခင်ရက်သတ္တပတ်တွေထဲက ပြန့်နှံ့နေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Google ကိုယ်တိုင် Gaming Project တစ်ခုကို ပြုလုပ်နေတယ်ဆိုတာက မှန်ကန်ကြောင်းနဲ့ အဆိုပါ Gaming Project အကြောင်းကိုပါ အနည်းငယ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Michael Sayman

Michael Sayman ဟာ ယခု Google ရဲ့ Arcade လို့ နာမည်ပေးထားတဲ့ Gaming Project ရဲ့ အဓိက တာဝန်ရှိသူဖြစ်ပြီး အခု Arcade Gaming ကို Startup အနေနဲ့ ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။ Michael ဟာ အခုအချိန်မှာ အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီးတော့ အသက် ၁၇ နှစ်ထဲက Facebook မှာ Intern တစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ Michael က Google ရဲ့ မိခင်ကုမ္ပဏီ Alphabet, Inc ကို ဝင်ရောက်ဖို့အတွက် Facebook ကို စွန့်ခွာခဲ့ပါတယ်။

Google အနေနဲ့ အခုလိုမျိုး လူငယ်တစ်ဦးကို Gaming Project တစ်ခုကို တာဝန်ယူခိုင်းတယ်ဆိုတာက နောက်ပိုင်း Mobile Gaming ကို လူငယ်တွေအတွက် အဓိက ရည်ရွယ်ပြီး Target ထားချင်တယ်ဆိုတာက သိသာနေပါတယ်။ Michael ကိုယ်တိုင်ကလည်း အခု Arcade Gaming ဟာ သူငယ်ချင်းတွေအချင်းချင်း Mobile Devices တွေနဲ့ ချိတ်ဆက်ဆော့ကစားနိုင်ဖို့ ရည်ရွယ်သွားမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

Google

ဒါပေမယ့်လည်း Google Arcade ဟာ Social Network တစ်ခုပုံစံမျိုးဆော့ဖြစ်လာမှာမဟုတ်ပဲ Game အတွင်းမှာပဲ အချင်းချင်း ဆော့ကစားနိုင်ဖို့ကို ရည်ရွယ်သွားမယ်လို့ သိရပါတယ်။ Google က Project Yeti နာမည်နဲ့ Cloud Gaming တစ်ခုကိုလည်း ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး အခုအချိန်မှာလည်း Mobile Gaming အတွက် Project တွေပြုလုပ်နေတဲ့အတွက် မကြာခင်အချိန်အတွင်းမှာ Gaming လောကထဲကို Google ဝင်ရောက်တော့မယ်ဆိုတာ သေချာနေပါပြီ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com