Nokia 1
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Google ကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်တုန်းက Android Oreo (Go Edition) ကို ကြေညာခဲ့တာကို မှတ်မိကြဦးမှာပါ။ အဆိုပါ Android Oreo (Go Edition) ဟာ ပုံမှန် Android OS ကိုပဲ စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းတွေမှာ ကောင်းကောင်းအသုံးပြုနိုင်အောင် Optimize ပြုလုပ်ထားတဲ့ OS တစ်ခုလည်းဖြစ်ပါတယ်။
Nokia 1
အခုအချိန်မှာဆိုရင် Nokia ၊ Asus နဲ့ အခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေအများစုက Android Oreo (Go Edition) အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေပြီဖြစ်ပြီးတော့ စျေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းကောင်း အသုံးပြုနိုင်နေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Google ကနေ Android Oreo (Go Edition) ကို Android 9 Pie (Go Edition) ဆိုပြီး Update ပြုလုပ်ပေးလိုက်ပြန်ပြီပဲဖြစ်ပါတယ်။
Android 9 Pie (Go Edition)
အခု Android 9 Pie (Go Edition) ရဲ့ အဓိကပြောင်းလဲသွားတဲ့အချက်ကတော့ Storage ပိုထွက်လာတာပဲဖြစ်ပြီးတော့ Google ရဲ့ ပြောကြားချက်အရ Android 9 Pie (Go Edition) ဟာ ယခင် Android Oreo (Go Edition) ထက်တောင် Storage စားသုံးမှုက 500MB လောက် ပိုပြီး သက်သာသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် တကယ်လို့ Internal 8GB ပဲ ပါတဲ့ စမတ်ဖုန်းတစ်ခုမှာဆိုရင် 5.5GB တောင် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
Android 9 Pie (Go Edition)
Google ဟာ ယခု Android 9 Pie (Go Edition) မှာ ပိုမိုမြန်ဆန်လာတဲ့ Boot Time ၊ Verified Boot လိုမျိုး Security Feature တွေနဲ့ Data Usage တွေကို Track လုပ်နိုင်တဲ့ Dashboard Feature တွေကိုပါ ထည့်သွင်းပေးသွားဦးမယ်လို့ ပြောကြားခဲ့ပါသေးတယ်။
အခုလိုမျိုး Android 9 Pie (Go Edition) ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကိုတော့ ယခုနှစ် နှစ်ကုန်မှာ ထုတ်လုပ်သွားမယ်လို့ သိရပြီးတော့ ယခင် Android Oreo (Go Edition) အသုံးပြုသူတွေရော Upgrade ပြုလုပ်နိုင်မလားဆိုတာကတော့ မသိရသေးပါဘူး။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com