[Zawgyi] 


Android.com

 


Tab Sections



Ref: Slashgear

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Tablet Section ပျောက်သွားခဲ့တဲ့ Google ရဲ့ Android Website

Google ကတော့ Android နဲ့ပတ်သက်လာရင် အလွဲလွဲအမှားမှား ဖြစ်တာများနေပါပြီ။ မကြာသေးခင်က Android မှာ အသုံးပြုထားတဲ့ Emoji တွေထဲက Hamburger ပုံမှားနေခဲ့တာကို ပြန်ပြင်ပေးခဲ့ရပါသေးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း Google ရဲ့ Android Website မှာ Tablet Section ကြီးတစ်ခုလုံးပျောက်သွားခဲ့ပါသေးတယ်။ 

Android.com

 

Android.com ဆိုတာ Android Device တွေနဲ့ပတ်သက်တဲ့ Website ကြီးတစ်ခုပါ။ Google လုပ်ပေးထားတာဖြစ်ပြီး ဈေးကွက်ထဲမှာ လက်ရှိဝယ်ယူလို့ရတဲ့ Android ထုတ်ကုန်တော်တော်များများကို တစ်နေရာတည်းမှာ အလွယ်တကူတွေ့နိုင်စေဖို့ ရည်ရွယ်ပြီးဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ Android Phone တွေကအစ Android TV တွေအထိ တစ်နေရာတည်းမှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

Tab Sections

အဲ့ဒီလို သိပ်ကောင်းပါတယ်ဆိုတဲ့ Google ရဲ့ ကိုယ်ပိုင် Website မှာလည်း အဆင်မပြေမှုတွေရှိနေပါသေးတယ်။ Phones ၊ Wear ၊ Tablets ၊ TV ၊ Auto ၊ Enterprise ဆိုတဲ့ Section တွေအများကြီးထဲက Tablet ဆိုတဲ့ Section ကြီးက Google ရဲ့ Android.com Website ကနေ ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ Google ဟာ Android Tablet တွေကို သတ်လိုက်ပြီဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ သတင်းတွေတက်လာတဲ့အထိကို စိတ်ဝင်စားမှုများပြားသွားခဲ့ပါတယ်။ 

Platforms and Ecosystems for Android ၊ Chrome ၊ ChromeOS နဲ့ Google Play တို့ရဲ့ Senior Vice President ဖြစ်တဲ့ Hiroshi Lockheimer ကတော့ Tablet Section ပျောက်သွားခဲ့တာက Bug တစ်ခုကြောင့် ပါလို့ Twitter မှာ ရှင်းချက်ထုတ်ခဲ့ပါတယ်။ Google ကတော့ Android နဲ့ပတ်သက်လာရင် အခုထိ အလွဲလွဲအချော်ချော်ဖြစ်နေတုန်းပါ။ 

Ref: Slashgear

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။