Google ကနေ Major Android Update ဖြစ်တဲ့ Android Q ကို ပြီးခဲ့တဲ့ တစ်လတောင်မကြာသေးတဲ့အချိန်တုန်းကမှ Beta 1 အနေနဲ့ Pixel စမတ်ဖုန်းတွေအတွက် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ အဆိုပါ Android Q ကို Beta 2 အနေနဲ့ ထပ်မံထုတ်ပေးလိုက်ပါပြီ။ ဒီတစ်ကြိမ်မှာလည်း Beta 1 တုန်းလိုမျိုးပဲ Google Pixel ဖုန်းတွေမှာပဲအသုံးပြုနိုင်ဦးမှာပါ။

Android Q

ဒီ Android Q Beta 2 မှာဆိုရင် ယခင် Beta 1 ထက်ပိုပြီး Stable ဖြစ်လာတယ်ဆိုပေမယ့် Daily သုံးချင်တဲ့သူတွေအတွက်ကတော့ အဆင်မပြေသေးပါဘူး။ အဲ့ဒါကြောင့် Secondary အနေနဲ့ Android Q ကို စမ်းချင်တဲ့သူတွေအတွက်ပဲ အဆင်ပြေဦးမှာပါ။

Android Q

အခု Android Q Beta 2 မှာတော့ အဓိကပြောင်းလဲသွားတဲ့အချက်က Notification တွေကို Floating Chat Head ပုံစံ Bubble လေးနဲ့ အသုံးပြုနိုင်တော့မှာပါ။ အဲ့ဒါကြောင့် Message Notification ဝင်လာရင် Notification Bar မှာ Reply ပြန်မယ့်အစား Messenger Chat Head ပုံစံ Bubble လေးတွေနဲ့ မြင်ရတော့မှာဖြစ်ပါတယ်။ ဒီအချက်က တကယ်တမ်းအသုံးပြုတဲ့နေရာမှာ ပိုပြီးတောင် လွယ်ကူလာတယ်လို့ ပြောလို့ရပါတယ်။

နောက်ထပ် Beta 2 ရဲ့ Update ကတော့ Android Studio နဲ့ တွဲပြီးတော့ Foldable Phone တွေအတွက် Optimize ပြုလုပ်လာတာဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Android ဖုန်းတွေက Foldable Phone တွေ သိပ်မရှိသေးပေမယ့် နောက်ပိုင်းမှာ Android Q ကို သုံးလာတဲ့ Foldable ဖုန်းတွေများလာနိုင်ပါတယ်။

Android Q

ကျန်တဲ့ပြောင်းလဲမှုတွေအနေနဲ့ကတော့ အများကြီးမရှိဘဲ System Navigation ပုံစံပဲ နည်းနည်းပြောင်းလဲသွားမှာပါ။ ဘာပဲဖြစ်ဖြစ် Pixel အသုံးပြုသူတွေအနေနဲ့တော့ Android Version အသစ်ကို စမ်းသုံးနိုင်ပြီးတော့ Stable အနေနဲ့ သုံးချင်တယ်ဆိုရင်တော့ လာမယ့် မေလမှာ ပြုလုပ်မယ့် Google I/O 2019 ကို စောင့်ကြည့်သင့်ပါတယ်။

Ref : GSMArena