Google ရဲ႕ ယေန႔မွာ Android OS အတြက္ ေနာက္ဆံုးျဖစ္လာတဲ့ Android P ဒါမွမဟုတ္ Android 9.0 ကို တရားဝင္ Stable Update ထုတ္ေပးလုိက္ျပီျဖစ္ပါတယ္။ အခု Stable Update ထြက္လာတာနဲ႔အတူ Android P ရဲ႕ P က ဘာကို ကိုယ္စားျပဳထားတာလဲဆုိတာကိုလည္း သိရျပီျဖစ္ပါတယ္။

Android P goes official

Android P မွာ ပါဝင္တဲ့ P ဟာ Pie မုန္႔နာမည္ကို ယူထားတာျဖစ္ျပီး Google ရဲ႕ အကၡရာအစဥ္လုိက္၊ မုန္႔နာမည္ေတြကို ယူထားတာကိုဆက္လက္အသံုးျပဳလာတာပဲျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ အခု Android P Stable Update ဟာ လာမယ့္ ၾသဂုတ္လကုန္ဝန္းက်င္ေလာက္မွာ Update ျပဳလုပ္ႏုိင္မွာျဖစ္ေပမယ့္ အခ်ိန္ေစာျပီးထြက္ရွိလာတာျဖစ္ပါတယ္။

Android P

အခု Android Pie Update ကို အရင္ဆံုးရရွိႏုိင္တာကေတာ့ ယခင္က Android P Public Beta ကို Sign In ဝင္ထားတဲ့ Google Pixel ဖုန္းေတြက အရင္ဆံုးရရွိလာမွာျဖစ္ျပီးေတာ့ က်န္တဲ့ Android One နဲ႔အျခားေသာ စမတ္ဖုန္းေတြကေတာ့ ယခုႏွစ္ကုန္ပိုင္းမွ Update ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။

အခု Android P မွာ Google က ျပီးခဲ့တဲ့ ေမလမွာ ေၾကညာသြားခဲ့တဲ့ Digital Wellbeing Feature ပါဝင္လာျခင္းမရွိေသးေပမယ့္လည္း ယခု Website Link မွာ Beta အေနနဲ႔ Sign Up ျပဳလုပ္ျပီး Play Store က Digital Wellbeing App ကို Beta အေနနဲ႔ Download ျပဳလုပ္ျပီး အသံုးျပဳႏုိင္မယ္လုိ႔ သိရပါတယ္။

Android P Digital Wellbeing

ဒါေပမယ့္ ယခု Digital Wellbeing Feature က Google Pixel ဖုန္းရွိဖုိ႔လုိအပ္ျပီး Android 9.0 Pie ကို Update တင္ထားဖုိ႔ပါ လုိအပ္မွာျဖစ္ပါတယ္။ Google ကေတာ့ ဒီ Feature ကို Pixel ဖုန္းေတြအျပင္ Android One ဖုန္းေတြမွာပါရရွိေအာင္ ေဆာင္ရြက္ေပးသြားမယ္လို႔ သိရပါတယ္။

Google ရဲ႕ Digital Wellbeing Feature ဆုိတာကေတာ့ Screen ကိုဘယ္ႏွစ္ၾကိမ္ Unlock ျပဳလုပ္သလဲ၊ ဘယ္ Application ကို အခ်ိန္ဘယ္ေလာက္အသံုးျပဳသလဲဆုိတာနဲ႔ ညဘက္ေတြမွာ Screen Display ကို Grayscale ေျပာင္းလဲပစ္ျပီး Notifications ေတြကို ပိတ္ပစ္တဲ့ Do Not Disturb Mode ကို On လုိက္တဲ့ Wind Down လုိမ်ိဳး Feature ေတြပါဝင္လာတာျဖစ္ပါတယ္။

Android P

ဘာပဲျဖစ္ျဖစ္ Google ရဲ႕ အေကာင္းဆံုးေသာ AI နည္းပညာေတြပါဝင္တဲ့ Android Pie ကေတာ့ တရားဝင္ျဖစ္သြားခဲ့ပါျပီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ရဲ့ ယနေ့မှာ Android OS အတွက် နောက်ဆုံးဖြစ်လာတဲ့ Android P ဒါမှမဟုတ် Android 9.0 ကို တရားဝင် Stable Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Stable Update ထွက်လာတာနဲ့အတူ Android P ရဲ့ P က ဘာကို ကိုယ်စားပြုထားတာလဲဆိုတာကိုလည်း သိရပြီဖြစ်ပါတယ်။

Android P goes official

Android P မှာ ပါဝင်တဲ့ P ဟာ Pie မုန့်နာမည်ကို ယူထားတာဖြစ်ပြီး Google ရဲ့ အက္ခရာအစဉ်လိုက်၊ မုန့်နာမည်တွေကို ယူထားတာကိုဆက်လက်အသုံးပြုလာတာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အခု Android P Stable Update ဟာ လာမယ့် သြဂုတ်လကုန်ဝန်းကျင်လောက်မှာ Update ပြုလုပ်နိုင်မှာဖြစ်ပေမယ့် အချိန်စောပြီးထွက်ရှိလာတာဖြစ်ပါတယ်။

Android P

အခု Android Pie Update ကို အရင်ဆုံးရရှိနိုင်တာကတော့ ယခင်က Android P Public Beta ကို Sign In ဝင်ထားတဲ့ Google Pixel ဖုန်းတွေက အရင်ဆုံးရရှိလာမှာဖြစ်ပြီးတော့ ကျန်တဲ့ Android One နဲ့အခြားသော စမတ်ဖုန်းတွေကတော့ ယခုနှစ်ကုန်ပိုင်းမှ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အခု Android P မှာ Google က ပြီးခဲ့တဲ့ မေလမှာ ကြေညာသွားခဲ့တဲ့ Digital Wellbeing Feature ပါဝင်လာခြင်းမရှိသေးပေမယ့်လည်း ယခု Website Link မှာ Beta အနေနဲ့ Sign Up ပြုလုပ်ပြီး Play Store က Digital Wellbeing App ကို Beta အနေနဲ့ Download ပြုလုပ်ပြီး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Android P Digital Wellbeing

ဒါပေမယ့် ယခု Digital Wellbeing Feature က Google Pixel ဖုန်းရှိဖို့လိုအပ်ပြီး Android 9.0 Pie ကို Update တင်ထားဖို့ပါ လိုအပ်မှာဖြစ်ပါတယ်။ Google ကတော့ ဒီ Feature ကို Pixel ဖုန်းတွေအပြင် Android One ဖုန်းတွေမှာပါရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Google ရဲ့ Digital Wellbeing Feature ဆိုတာကတော့ Screen ကိုဘယ်နှစ်ကြိမ် Unlock ပြုလုပ်သလဲ၊ ဘယ် Application ကို အချိန်ဘယ်လောက်အသုံးပြုသလဲဆိုတာနဲ့ ညဘက်တွေမှာ Screen Display ကို Grayscale ပြောင်းလဲပစ်ပြီး Notifications တွေကို ပိတ်ပစ်တဲ့ Do Not Disturb Mode ကို On လိုက်တဲ့ Wind Down လိုမျိုး Feature တွေပါဝင်လာတာဖြစ်ပါတယ်။

Android P

ဘာပဲဖြစ်ဖြစ် Google ရဲ့ အကောင်းဆုံးသော AI နည်းပညာတွေပါဝင်တဲ့ Android Pie ကတော့ တရားဝင်ဖြစ်သွားခဲ့ပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com