Google ရဲ႕ Android OS ဟာ Material Design ကို အေျခခံထားခဲ့တာျဖစ္ျပီးေတာ့ လက္ရွိအခ်ိန္မွာ Google ကေန Android Pie ထြက္ရွိမႈနဲ႔အတူ သူ႕ရဲ႕ Android Application ေတြကိုလည္း UI Update ေတြ ျပဳလုပ္ေနျပီျဖစ္ပါတယ္။

Android Messages

အေစာပိုင္းတုန္းက Google ကေန သူ႔ရဲ႕ Phone App နဲ႔ Contact App ကို UI ပိုင္း Design ေျပာင္းလဲမႈေတြျပဳလုပ္ခဲ့ျပီး အခုအခ်ိန္မွာေတာ့ Android Message ေတြကိုပါ Update ျပဳလုပ္လုိက္ျပီျဖစ္ပါတယ္။ ဒီအခု Android Messages ရဲ႕ ဒီဇုိင္းေျပာင္းလဲမႈကေတာ့ ယခင္ Phone App နဲ႔ Contact App ေတြထက္ ေျပာင္းလဲမႈေတြ ရွိေနတာျဖစ္ပါတယ္။

အခု Android Messages ရဲ႕ ေျပာင္းလဲမႈကေတာ့ Phone App နဲ႔ Contact App ေတြလုိမ်ိဳး Font ေျပာင္းလဲသြားျပီး ယခင္က New Message ျပဳလုပ္တဲ့ “+” Sign က အခုအခ်ိန္မွာ “Start Chat” ဆုိျပီး ျဖစ္သြားပါတယ္။

Android Messages

ေနာက္ထပ္ေျပာင္းလဲမႈတစ္ခုကေတာ့ Android System App တစ္ခုမွာ ပထမဆံုးအေနနဲ႔ Dark Mode ကိုပါ ရရွိလာတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ အဆုိပါ Dark Mode ဟာ လံုးဝ Dark ျဖစ္ေနတာမ်ိဳးမဟုတ္တဲ့အတြက္ AMOLED Display ေတြမွာေတာ့ Battery စား သိသိသာသာေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။

Google အေနနဲ႔ အခုလုိမ်ိဳး Application ေတြကို Design ေျပာင္းလဲမႈျပဳလုပ္ေနတာက မၾကာခင္ထြက္ရွိလာေတာ့မယ့္ Google Pixel 3 ဖုန္းေတြနဲ႔ ဆက္စပ္ေနမလားဆိုတာကလည္း စိတ္ဝင္စားစရာပါ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ရဲ့ Android OS ဟာ Material Design ကို အခြေခံထားခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ Google ကနေ Android Pie ထွက်ရှိမှုနဲ့အတူ သူ့ရဲ့ Android Application တွေကိုလည်း UI Update တွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

Android Messages

အစောပိုင်းတုန်းက Google ကနေ သူ့ရဲ့ Phone App နဲ့ Contact App ကို UI ပိုင်း Design ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး အခုအချိန်မှာတော့ Android Message တွေကိုပါ Update ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဒီအခု Android Messages ရဲ့ ဒီဇိုင်းပြောင်းလဲမှုကတော့ ယခင် Phone App နဲ့ Contact App တွေထက် ပြောင်းလဲမှုတွေ ရှိနေတာဖြစ်ပါတယ်။

အခု Android Messages ရဲ့ ပြောင်းလဲမှုကတော့ Phone App နဲ့ Contact App တွေလိုမျိုး Font ပြောင်းလဲသွားပြီး ယခင်က New Message ပြုလုပ်တဲ့ “+” Sign က အခုအချိန်မှာ “Start Chat” ဆိုပြီး ဖြစ်သွားပါတယ်။

Android Messages

နောက်ထပ်ပြောင်းလဲမှုတစ်ခုကတော့ Android System App တစ်ခုမှာ ပထမဆုံးအနေနဲ့ Dark Mode ကိုပါ ရရှိလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Dark Mode ဟာ လုံးဝ Dark ဖြစ်နေတာမျိုးမဟုတ်တဲ့အတွက် AMOLED Display တွေမှာတော့ Battery စား သိသိသာသာပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

Google အနေနဲ့ အခုလိုမျိုး Application တွေကို Design ပြောင်းလဲမှုပြုလုပ်နေတာက မကြာခင်ထွက်ရှိလာတော့မယ့် Google Pixel 3 ဖုန်းတွေနဲ့ ဆက်စပ်နေမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။

Zawyè (Akhayar) 

www.akhayar.com