[Zawgyi]

Facebook မွာ Product Manager အေနနဲ႔ တာဝန္ယူေနတဲ့ မုိက္ကယ္ေဆးမန္း (Michael Sayman) ဟာ Google ကုိ ေျပာင္းေရႊ႕ေတာ့မယ္လုိ႔ သိရပါတယ္။ ၂၁ႏွစ္သား မုိက္ကယ္ေဆးမန္းဟာ Facebook ကုိ အလုပ္သင္ဝန္ထမ္းအေနနဲ႔ ၁၇ႏွစ္သားမွာ ေရာက္ရွိခဲ့ၿပီး ၁၈ႏွစ္မွာ အခ်ိန္ျပည့္ဝန္ထမ္း ျဖစ္လာခဲ့ပါတယ္။ Software Engineer အေနနဲ႔ ၄လတာ အလုပ္လုပ္ခဲ့ၿပီး ၂ဝ၁၅ခုႏွစ္ ဇန္နဝါရီလမွာ Product Manager အေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ လူငယ္ေတြရဲ႕ လူမႈကြန္ရက္အသုံးျပဳပုံကုိ ေသခ်ာေလ့လာခဲ့ၿပီး ပုိမုိေကာင္းမြန္တဲ့ Facebook ထုတ္ကုန္ေတြအတြက္ ကူညီေပးႏုိင္ခဲ့ပါတယ္။

မုိက္ကယ္ေဆးမန္းရဲ႕ လုပ္ရည္ကုိင္ရည္ကုိ သေဘာက်ၿပီး Google က ေခၚယူလုိက္တာျဖစ္ပါတယ္။ သူဟာ Google Assistant မွာ Product Manager အေနနဲ႔ တာဝန္ယူေတာ့မွာျဖစ္ပါတယ္။ Google Assistant ကုိ Alexa နဲ႔ Siri တုိ႔လုိ ၿပိဳင္ဘက္ထုတ္ကုန္ေတြကုိ ရင္ေဘာင္တန္းခ်င္တဲ့အတြက္ ငယ္ရြယ္ထက္ျမတ္တဲ့ မုိက္ကယ္ေဆးမန္းတုိ႔လုိ ဝန္ထမ္းေတြကုိ ေခၚယူတာျဖစ္ပါတယ္။ ၁၃ႏွစ္သားကတည္းက YouTube ဗီဒီယုိေတြကုိ ေလ့လာၿပီး Application ဘယ္လုိလုပ္ရမယ္ဆုိတာ ေလ့လာခဲ့သူပါ။ ၂ဝ၁၃ခုႏွစ္မွာ 4 Snaps ဆုိတဲ့ iOS Application ကုိ တီထြင္ခဲ့ၿပီး နာမည္ေက်ာ္ခဲ့သူလည္းျဖစ္ပါတယ္။ မုိက္ကယ္ေဆးမန္းဟာ ၂၁ႏွစ္သာရွိေသးလုိ႔ Google Assistant မွာ အသက္ငယ္ဆုံး Product Manager ျဖစ္လာေတာ့မွာပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Facebook မှာ Product Manager အနေနဲ့ တာဝန်ယူနေတဲ့ မိုက်ကယ်ဆေးမန်း (Michael Sayman) ဟာ Google ကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ၂၁နှစ်သား မိုက်ကယ်ဆေးမန်းဟာ Facebook ကို အလုပ်သင်ဝန်ထမ်းအနေနဲ့ ၁၇နှစ်သားမှာ ရောက်ရှိခဲ့ပြီး ၁၈နှစ်မှာ အချိန်ပြည့်ဝန်ထမ်း ဖြစ်လာခဲ့ပါတယ်။ Software Engineer အနေနဲ့ ၄လတာ အလုပ်လုပ်ခဲ့ပြီး ၂ဝ၁၅ခုနှစ် ဇန်နဝါရီလမှာ Product Manager အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လူငယ်တွေရဲ့ လူမှုကွန်ရက်အသုံးပြုပုံကို သေချာလေ့လာခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ Facebook ထုတ်ကုန်တွေအတွက် ကူညီပေးနိုင်ခဲ့ပါတယ်။

မိုက်ကယ်ဆေးမန်းရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျပြီး Google က ခေါ်ယူလိုက်တာဖြစ်ပါတယ်။ သူဟာ Google Assistant မှာ Product Manager အနေနဲ့ တာဝန်ယူတော့မှာဖြစ်ပါတယ်။ Google Assistant ကို Alexa နဲ့ Siri တို့လို ပြိုင်ဘက်ထုတ်ကုန်တွေကို ရင်ဘောင်တန်းချင်တဲ့အတွက် ငယ်ရွယ်ထက်မြတ်တဲ့ မိုက်ကယ်ဆေးမန်းတို့လို ဝန်ထမ်းတွေကို ခေါ်ယူတာဖြစ်ပါတယ်။ ၁၃နှစ်သားကတည်းက YouTube ဗီဒီယိုတွေကို လေ့လာပြီး Application ဘယ်လိုလုပ်ရမယ်ဆိုတာ လေ့လာခဲ့သူပါ။ ၂ဝ၁၃ခုနှစ်မှာ 4 Snaps ဆိုတဲ့ iOS Application ကို တီထွင်ခဲ့ပြီး နာမည်ကျော်ခဲ့သူလည်းဖြစ်ပါတယ်။ မိုက်ကယ်ဆေးမန်းဟာ ၂၁နှစ်သာရှိသေးလို့ Google Assistant မှာ အသက်ငယ်ဆုံး Product Manager ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com