Google ဟာ ဒုတိယအကြိမ်မြောက် Google Play Awards တွေကို Google I/O 2017 ပွဲမှာ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီပွဲမှာ Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်လုပ်ပြီး အောင်မြင်အများဆုံး App နဲ့ Game တွေရဲ့ Developer တွေကို ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီဂိမ်းအတွက် ဆုတွေကို တစ်ကမ္ဘာလုံးက Developer တွေက ထုတ်လုပ်ပြီး Play Store မှာ တင်ထားတဲ့ အထဲက ရွေးထုတ်ပြီး ချီးမြှင့်တာပါ။

ဒီနှစ်မှာ Google ဟာ နောက်ထပ် Categories သစ်တွေ ထပ်ခွဲထည့်လိုက်ပြီး Best App, Best Families App စတာတွေ ပါဝင်ပါတယ်။ ကဲ Google Play Store မှာ ဘယ်သူတွေဦးဆောင်သွားလဲ ကြည့်ကြည့်ရအောင်..

 

Standout Indie

Indie ဂိမ်းတွေဟာ ဂိမ်မာတွေအများစုရဲ့ အသဲနှလုံးတွေကို သိမ်းပိုက်ထားကြပါတယ်။ ဒီနှစ် Indie ဂိမ်းတွေထဲမှာ ဆုရရှိသွားတာကတော့ Mushroom ပါ။

 

Best Android Wear Experience

Android Wear ဟာ လည်း အရေးပါတဲ့ နေရာတစ်ခုကနေ ပါဝင်ပါတယ်။ Android Wear 2.0 ကို ထုတ်လုပ်ပြီးကတည်းက OS အတွက် App တွေကိုပါ ဆုပေးခဲ့ပါတယ်။ ဒီတစ်ခေါက် Best Android Wear Experience အတွက် winner ကတော့ Runtastic Running & Fitness ပဲဖြစ်ပါတယ်။ Wear ကို ဝတ်ဆင်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီ App က ကယ်လိုရီဘယ်လောက် လောင်ကျွမ်းသွားတယ်၊ ဘယ်လောက်ဝေးဝေးသွားခဲ့တယ် စတာတွေအပြင် Motivate လုပ်ဖို့ ဘယ်လို့ သီချင်းတွေ၊ Soundtracks တွေ နားထောင်သင့်တယ်ဆိုတာပါ ပြသထားပါတယ်။

 

Best TV Experience

Android TV တွေကို အသုံးပြုတဲ့လူတွေအတွက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ Appe တစ်ခုကတော့ ဒီနှစ်အတွက် Best TVB Experience ဆုရသွားပါတယ်။ Redbull TV App ပါ။ ဒီApp က အက်ရှင်နဲ့ ဆက်စပ်တဲ့ အားကစားတွေ၊ Events တွေ၊ သီချင်းတွေကို ထုတ်လွှင့်တာ ဖြစ်ပါတယ်။ ဒီ Category တွေကို Netflix, Haystack TV, AbemaTV နဲ့ KKBOX တို့လည်း ပါဝင်ခဲ့ပါတယ်။

 

Best VR Experience

VR နဲ့ ပါတ်သက်တဲ့ App ကိုတော့ Virtual Virtual Reality က ရရှိခဲ့ပါတယ်။

 

Best App for Kids

ကလေးတွေဟာ အနာဂါတ်တွေပါ။ ဒါကြောင့် ကလေးတွေကို ဖျော်ဖြေမှုတွေ၊ ပညာတွေ ပေးနိုင်တဲ့ App တွေကိုလည်း Google က ဆုချီးမြှင့်ခဲ့ပါတယ်။ ဒီနှစ်အတွက် Winner ကတော့ Animal Jam – Play Wild ပဲ ဖြစ်ပါတယ်။ ကလေးတွေအတွက် 3D ကမ္ဘာထဲ ရောက်သွားနိုင်တဲ့ App တစ်ခုပါပဲ။ အထဲမှာ တိရစ္ဆာန်လေးတွေနဲ့ တခြားကိုယ်စားပြုထားတဲ့ အကောင်လေးတွေပါဝင်ပါတယ်။

 

Best Multiplayer Game

Multiplayer ဂိမ်းဆိုတဲ့အတိုင်းပဲ ဒီအထဲမှာ တစ်ယောက်ထဲ ဆော့ရတဲ့ ဂိမ်းတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒီဆုကို ရသွားတဲ့ ဂိမ်းကတော့ Heathstone ဆိုတဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။ Blizzard Entertainment ရဲ့ ကျော်ကြားတဲ့ ဂိမ်းဟာ ဂိမ်းပုံစံ၊ Theme၊ ကာရိုက်တာတွေကြောင့် ကြော်ကြားပြီးတော့ World of Warcraft Universe ထဲမှာ တကယ်မိုက်တဲ့ ဂိမ်းတစ်ခုပါ။

 

Best App

Apps တွေဟာ Android ဖုန်းတွေထဲမှာ အများကြီးပါပဲ ဒီအထဲကမှာ Best App ဆုရသွားတာကတော့ Memrise ဆိုတဲ့ ဘာသာစကားသင်ကြားနိုင်တဲ့ App ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ဂျပန်ကနေ ရုရှားအထိ ဘာသာစကားအမျိုးမျိုးကို လေ့လာနိုင်တဲ့ Course တွေကို Free Learning အနေနဲ့ လေ့လာဖို့ ထည့်သွင်းပေးထားပါတယ်။ Money Lover, Quik, Citymapper နဲ့ Fabulous တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။

 

Best Game

Best App လိုပဲ Best Game မှာလည်း Category တွေ အများကြီးရှိပါတယ်။ Best Game အနေနဲ့ သတ်မှတ်ခံရတာကတော့ Transformers: Forged To Fight ပါ။ ဂိမ်းမှာ သင်ကြည့်ဖူးတဲ့ Transformer ဇာတ်ကားထဲက ဇာတ်ကောင်တွေနဲ့ အတူတိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းကတော့ Fire Emblam: Heros, Pokemon Go, Lineage 2 Revolution နဲ့ Choices ဂိမ်းတွေကို ကျော်ဖြတ်ပြီး ရခဲ့တာ ဖြစ်ပါတယ်။

 

Joker (Akhayar)

Ref: Android Headline