[Zawgyi]

Google Street View နဲ႔ Disney Park ေတြကိုၾကည့္လို႔ရၿပီ

Disney ကထုတ္တဲ့ Animation ေတြကိုႀကိဳက္တဲ့သူေတြအမ်ားႀကီးပါ။ အဒီ Animation ေတြထဲက နာမည္ႀကီးတဲ့ ေနရာေတြကို Disney ကအျပင္ကိုယူေဆာင္လာေလ့ရွိပါတယ္။ လူႀကိဳက္မ်ားတဲ့ Cars Animation ထဲကေနရာျဖစ္တဲ့ Radiator Springs ကိုသင္ေရာမျမင္ခ်င္ဘူးလား။

Street View ကို Computer နဲ႔ Web မွာလည္းၾကည့္လို႔ရပါတယ္။ Disney Park ေတြကို သင့္ဖုန္းထဲကေနသြားၾကည့္ဖို႔အတြက္ဆိုရင္ေတာ့ Google Earth ဒါမွမဟုတ္ Google Street View App တစ္ခုခုရွိရင္ရပါၿပီ။ App ေတြထဲက Search ထဲမွာ ကိုယ္ၾကည့္ခ်င္တဲ့ Disney Park နာမည္ကို႐ိုက္လိုက္တာနဲ႔ ၾကည့္ႏိုင္ပါတယ္။ ကိုယ္လိုခ်င္တဲ့လမ္းကိုသြားဖို႔ မ ွ်ားေလးကိုႏွိပ္သြားရမွာျဖစ္ၿပီး အခ်ိဳ႕အေဆာက္အဦးေတြမွေတာ့ အတြင္းကိုပါဝင္ၾကည့္လို႔ရပါတယ္။

Google ကအခုလက္ရွိမွာေတာ့ Disney Park ၁၁ ခုအထိၾကည့္႐ွဳလို႔ရေအာင္လုပ္ေပးထားပါတယ္။ Street View မွာ Park ေတြကိုထည့္ေပးတာက သြားေရာက္မလည္ပတ္ရေသးသူေတြအတြက္ ဝင္ၾကည့္ႏိုင္ဖို႔နဲ႔ ေနာက္ထပ္လာေရာက္လည္ပတ္သူေတြမ်ားျပားလာေစဖို႔ပဲျဖစ္ပါတယ္။ Street View ရဲ႕ေကာင္းတဲ့အခ်က္ေတြကေတာ့ သင္အဲ့ဒီကိုမသြားခင္မွာ ႀကိဳတင္ၾကည့္ထားလို႔ရတာေၾကာင့္ ကိုယ္သြားမယ့္ေနရာကိုအစီအစဥ္ေကာင္းေကာင္းေလးဆြဲထားလို႔ရပါတယ္။ Street View နဲ႔သြားလည္လိုက္ပါဦးေနာ္။

Ref: Google

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Google Street View နဲ့ Disney Park တွေကိုကြည့်လို့ရပြီ

Disney ကထုတ်တဲ့ Animation တွေကိုကြိုက်တဲ့သူတွေအများကြီးပါ။ အဒီ Animation တွေထဲက နာမည်ကြီးတဲ့ နေရာတွေကို Disney ကအပြင်ကိုယူဆောင်လာလေ့ရှိပါတယ်။ လူကြိုက်များတဲ့ Cars Animation ထဲကနေရာဖြစ်တဲ့ Radiator Springs ကိုသင်ရောမမြင်ချင်ဘူးလား။

Street View ကို Computer နဲ့ Web မှာလည်းကြည့်လို့ရပါတယ်။ Disney Park တွေကို သင့်ဖုန်းထဲကနေသွားကြည့်ဖို့အတွက်ဆိုရင်တော့ Google Earth ဒါမှမဟုတ် Google Street View App တစ်ခုခုရှိရင်ရပါပြီ။ App တွေထဲက Search ထဲမှာ ကိုယ်ကြည့်ချင်တဲ့ Disney Park နာမည်ကိုရိုက်လိုက်တာနဲ့ ကြည့်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့လမ်းကိုသွားဖို့ မ ျှားလေးကိုနှိပ်သွားရမှာဖြစ်ပြီး အချို့အဆောက်အဦးတွေမှတော့ အတွင်းကိုပါဝင်ကြည့်လို့ရပါတယ်။

Google ကအခုလက်ရှိမှာတော့ Disney Park ၁၁ ခုအထိကြည့်ရှုလို့ရအောင်လုပ်ပေးထားပါတယ်။ Street View မှာ Park တွေကိုထည့်ပေးတာက သွားရောက်မလည်ပတ်ရသေးသူတွေအတွက် ဝင်ကြည့်နိုင်ဖို့နဲ့ နောက်ထပ်လာရောက်လည်ပတ်သူတွေများပြားလာစေဖို့ပဲဖြစ်ပါတယ်။ Street View ရဲ့ကောင်းတဲ့အချက်တွေကတော့ သင်အဲ့ဒီကိုမသွားခင်မှာ ကြိုတင်ကြည့်ထားလို့ရတာကြောင့် ကိုယ်သွားမယ့်နေရာကိုအစီအစဉ်ကောင်းကောင်းလေးဆွဲထားလို့ရပါတယ်။ Street View နဲ့သွားလည်လိုက်ပါဦးနော်။

Ref: Google

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။