[Zawgyi]

ရန္ကုန္မွာ ဘယ္ေတြသြားၾကရင္ ေကာင္းမလဲ

ရန္ကုန္မွာ ၄ရက္ေန႔ကေန ၉ရက္ေန႔အတြင္း လူငယ္ေတြ သြားေရာက္လည္ပတ္စရာနဲ႔ ေလ့လာသင္ယူစရာ စိတ္၀င္စားစရာေကာင္းတဲ့ အခမ္းအနားတခ်ိဳ႕ ရွိေနပါတယ္ေနာ္။ တခ်ိဳ႕အခမ္းအနားေတြကေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ သြားေရာက္လည္ပတ္ႏုိင္သလို တခ်ိဳ႕ေတြကေတာ့ စီးပြားေရး၊ လူမႈေရးနဲ႔ ပညာေရးေတြအတြက္ ေလ့လာစရာေတြမ်ားပါတယ္။ ပြဲေကာင္းေတြမ်ားေနတဲ့အထဲကမွ စိတ္၀င္စားစရာေကာင္းၿပီး သြားေရာက္သင့္တဲ့ အခမ္းအနား (၄) ပြဲကို ေဖာ္ျပေပးလိုက္ပါတယ္။ ကိုယ္စိတ္၀င္စားေနတဲ့ အခမ္းအနားေတြကုိ လြတ္သြားရေလျခင္းလို႔ မရွိရေလေအာင္ တစ္ခ်က္ၾကည့္ ၾကည့္လိုက္ရေအာင္။

(၁) Empowering Women & Professional Makeup Workshop

ဒီအခမ္းအနားကိုေတာ့ လာမယ့္ ၾသဂုတ္ ၄ရက္ေန႔မွာ Bella ကဦးစီးၿပီး Sedona Hotel Grand Ball Room မွာ မနက္ ၉နာရီကေန ညေန ၆နာရီအထိ က်င္းပသြားမွာပါ။ “Be Beautiful, Be Confident” ဆိုတဲ့ စကားေလးအတိုင္းပဲ နယ္ပယ္အသီးသီးက ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ဖက္ရွင္ဒီဇုိင္နာေတြ၊ မိတ္ကပ္ပညာရွင္ေတြ၊ အႏုပညာရွင္ေတြ၊ အဆိုေတာ္ေတြနဲ႔ Social Influencer ေတြ ပါ၀င္ၿပီး အမ်ိဳးသမီးေတြအတြက္ လွပရံုသာမကဘဲ စိတ္ဓာတ္ေတြလည္း ရဲရင့္သန္မာလာေအာင္ ရည္ရြယ္ရင္း ျပဳလုပ္သြားမွာလို႔လည္း သိရပါတယ္ေနာ္။ ဒါေၾကာင့္လည္း အႏုပညာရွင္ေတြအျပင္ကိုမွ စာေရးဆရာမ မာရင္ရင္နဲ႔ ကိုယ္လံုပညာရွင္ ခင္ခ်မ္းေျမ႕သူ (Gloria Judo) တို႔ပါ ဖိတ္ေခၚထားပါေသးတယ္။ ဒါ့အျပင္ နာမည္ႀကီး ျမန္မာေမာ္ဒယ္ေတြနဲ႔ ဖက္ရွင္ရိွဴးေတြလည္း ျပသသြားမွာ ျဖစ္တာေၾကာင့္မို႔လို႔ မိန္းကေလးေတြအတြက္ကေတာ့ ေပ်ာ္စရာလည္းေကာင္း၊ ဗဟုသုတရမယ့္ပြဲေလးတစ္ပြဲျဖစ္မယ္လို႔ ထင္လို႔ ေရြးခ်ယ္ေပးလိုက္ပါရေစ။ ဒီပြဲကို ပါ၀င္ခ်င္တဲ့သူေတြအတြက္ကေတာ့ တစ္ဦးကို တစ္ေသာင္းက်ပ္ႏႈန္းနဲ႔ 09952234348 မွာ စာရင္းေပးသြင္းႏိုင္ပါတယ္။

Empowering Women & Professional Makeup Workshop

Empowering Women & Professional Makeup Workshop

(၂) “မိုးရာသီ လြတ္ေျမာက္ျခင္း” Art Exhibition

ၾသဂုတ္လ ၈ရက္၊ ၉ရက္နဲ႔ ၁၀ရက္ေန႔ေတြမွာေတာ့ အႏုပညာခ်စ္သူေက်ာင္းသားေတြအတြက္ လက္လြတ္ခံလို႔မျဖစ္တဲ့ ပြဲေလးတစ္ပြဲက ေစာင့္ႀကိဳေနပါတယ္။ သူ႔ကိုေတာ့ “မိုးရာသီလြတ္ေျမာက္ျခင္း” လို႔ နာမည္ေပးထားပါတယ္။ မနက္ ၉နာရီကေန ညေန ၃နာရီအထိ ရန္ကုန္ႏုိင္ငံျခားဘာသာတကၠသိုလ္ (YUFL) အတြင္းမွာ က်င္းပသြားမွာပဲျဖစ္ပါတယ္။ ဒီပြဲဟာ YUFL အတြက္ေတာ့ ပထမဆံုးအႏုပညာျပပြဲႀကီးပဲျဖစ္ၿပီး ေန႔စဥ္လည္း ထူးျခားတဲ့ အခမ္းအနားအစီအစဥ္မ်ားနဲ႔ သံုးရက္ၾကာက်င္းပသြားမွာဆိုေတာ့ ကိုယ္ အားလပ္တဲ့ေန႔ကို ေရြးခ်ယ္ၿပီး သြားေရာက္လို႔လည္း ရပါတယ္။ ဒီအႏုပညာျပပြဲမွာ ပန္းခ်ီ၊ ဓာတ္ပံု၊ ကဗ်ာနဲ႔ အက္ေဆးစတဲ့ အႏုပညာေပါင္းစံုကို YUFL ေက်ာင္းသားေက်ာင္းသူေတြက ျပသသြားမွာျဖစ္ၿပီး ေက်ာင္းေတာ္ႀကီးကို လြမ္းဆြတ္ေနၾကတဲ့ YUFL ေမဂ်ာစံု ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားအေနနဲ႔ ေအာက္ပါ Link မွာ Register လုပ္ေပးလိုက္ရံုပါပဲ။

Art Exhibition

Art Exhibition

(၃) World Food Market

World Food Market ကေတာ့ ရန္ကုန္ၿမိဳ႕မွာ ပထမဆံုးအေနနဲ႔ ကမာၻတစ္၀ွမ္းက အစားအစာမ်ိဳးစံုကို စားေသာက္ႏုိင္တဲ့အခမ္းအနားဆိုေတာ့ အစားအေသာက္သမားေတြအတြက္ေတာ့ အေတာ္ေလးစိတ္၀င္စားစရာေကာင္းေနေတာ့မွာပါပဲ။ ၾသဂုတ္လ ၈ရက္ေန႔ Novotel Yangon Max မွာ ညေန ၆နာရီကေန ည ၁၀နာရီခြဲအထိ က်င္းပသြားမွာပါတဲ့ေနာ္။ ဒီပြဲမွာ ႏုိင္ငံတကာက နာမည္ႀကီးအစားအေသာက္ေတြျဖစ္တဲ့ Greek Salad ၊ လတ္ဆတ္တဲ့ ပင္လယ္စာအကင္စံု၊ ၾကက္သား Tagine ၊ ေထာပတ္ထမင္း၊ Hummus ၊ Lamb Quzi ေတြအပါအ၀င္ တျခား ဘာစားစရာေတြမ်ား ထပ္ပါဦးမလဲဆိုတာကေတာ့ စိတ္၀င္စားစရာပါပဲ။ ဒါ့အျပင္ ဒီတစ္ေခါက္ လာခ်င္ရက္နဲ႔ မလာေရာက္ခဲ့ႏုိင္တဲ့ အစားအေသာက္ခ်စ္သူေတြအတြက္လည္း ဒီအစီအစဥ္ေလးကို အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း က်င္းပေပးမွာျဖစ္တဲ့အတြက္ ေပ်ာ္စရာႀကီးပါပဲ။ လူတစ္ဦးကို USD$ 34 သတ္မွတ္ထားၿပီးေတာ့ ၁၂ႏွစ္ေအာက္ကေလးေလးေတြပါလာမယ္ဆိုရင္လည္း တစ္၀က္ေစ်းနဲ႔ ၀င္ေရာက္စားေသာက္ႏုိင္ပါေသးတယ္။  ပါ၀င္စားေသာက္ခ်င္တဲ့သူေတြကေတာ့ The Square – 09251185989 ကို စာရင္းေပးသြင္းႏုိင္ပါတယ္။

World Food Market

World Food Market

(၄) Grow your Freelance practice into Profitable business

ဒီအခမ္းအနားကေတာ့ Freelance လုပ္ငန္းလုပ္ေနတဲ့သူေတြ၊ Freelance လုပ္ေနရင္း Client နဲ႔ ညွိႏႈိင္းေဆြးေႏြးမႈမွာ အခက္ႀကံဳေနတဲ့သူေတြ၊ Freelance Project ကို စီစဥ္ေဆာင္ရြက္ရာမွာ အခက္အခဲႀကံဳေနတဲ့သူေတြ၊ Freelance လုပ္ကိုင္ရာမွာ ေအာင္ျမင္တဲ့လုပ္ငန္းတစ္ခုအျဖစ္ ပံုေဖာ္ခ်င္တဲ့သူေတြ အထူးတက္ေရာက္သင့္တယ္လို႔ ညႊန္းထားပါတယ္။ လာမယ့္ ၾသဂုတ္လ ၉ရက္ေန႔ ညေန ၆နာရီကေန ည ၈နာရီအထိ ဇရပ္ မွာ က်င္းပသြားမွာပဲျဖစ္ပါတယ္။ ကၽြမ္းက်င္လုပ္ငန္းရွင္မ်ားနဲ႔ ပညာရွင္မ်ားက ဦးေဆာင္ေဆြးေႏြးေပးသြားမွာျဖစ္ၿပီး စိတ္၀င္စားစရာ အလုပ္အကိုင္ဆိုင္ရာ သတင္းအခ်က္အလက္ေတြနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြပါ ရရွိႏုိင္တာျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္လိုနယ္ပယ္မွာပဲျဖစ္ျဖစ္ Freelance အေနနဲ႔ အလုပ္လုပ္ကိုင္ေနပါေစ လာေရာက္ေလ့လာသင့္လို႔ ေဖာ္ျပေပးလိုက္ပါတယ္။ ဒီပြဲေလးကို ေအာက္ပါ Link မွာ Register လုပ္ၿပီး လာေရာက္လို႔ရပါၿပီ။

Grow your Freelance practice

Grow your Freelance practice

ဒီအခမ္းအနားေတြကေတာ့ လာမယ့္ ၄ရက္ေန႔ကေန ၉ရက္ေန႔အတြင္းမွာ က်င္းပမယ့္ ပြဲေတြျဖစ္လို႔ တကယ္ကို စိတ္ပါ၀င္စားလို႔ သြားေရာက္ခ်င္တယ္ဆိုရင္ေတာ့ ျမန္ျမန္ေလး Register လုပ္ဖို႔ေတာ့ သတိေပးပါရေစဦးေနာ္။

www.akhayar.com

[Unicode]

ရန်ကုန်မှာ ဘယ်တွေသွားကြရင် ကောင်းမလဲ

ရန်ကုန်မှာ ၄ရက်နေ့ကနေ ၉ရက်နေ့အတွင်း လူငယ်တွေ သွားရောက်လည်ပတ်စရာနဲ့ လေ့လာသင်ယူစရာ စိတ်ဝင်စားစရာကောင်းတဲ့ အခမ်းအနားတချို့ ရှိနေပါတယ်နော်။ တချို့အခမ်းအနားတွေကတော့ ပျော်ပျော်ရွှင်ရွှင် သွားရောက်လည်ပတ်နိုင်သလို တချို့တွေကတော့ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေးတွေအတွက် လေ့လာစရာတွေများပါတယ်။ ပွဲကောင်းတွေများနေတဲ့အထဲကမှ စိတ်ဝင်စားစရာကောင်းပြီး သွားရောက်သင့်တဲ့ အခမ်းအနား (၄) ပွဲကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်စိတ်ဝင်စားနေတဲ့ အခမ်းအနားတွေကို လွတ်သွားရလေခြင်းလို့ မရှိရလေအောင် တစ်ချက်ကြည့် ကြည့်လိုက်ရအောင်။

(၁) Empowering Women & Professional Makeup Workshop

ဒီအခမ်းအနားကိုတော့ လာမယ့် သြဂုတ် ၄ရက်နေ့မှာ Bella ကဦးစီးပြီး Sedona Hotel Grand Ball Room မှာ မနက် ၉နာရီကနေ ညနေ ၆နာရီအထိ ကျင်းပသွားမှာပါ။ “Be Beautiful, Be Confident” ဆိုတဲ့ စကားလေးအတိုင်းပဲ နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားနေတဲ့ ဖက်ရှင်ဒီဇိုင်နာတွေ၊ မိတ်ကပ်ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ အဆိုတော်တွေနဲ့ Social Influencer တွေ ပါဝင်ပြီး အမျိုးသမီးတွေအတွက် လှပရုံသာမကဘဲ စိတ်ဓာတ်တွေလည်း ရဲရင့်သန်မာလာအောင် ရည်ရွယ်ရင်း ပြုလုပ်သွားမှာလို့လည်း သိရပါတယ်နော်။ ဒါကြောင့်လည်း အနုပညာရှင်တွေအပြင်ကိုမှ စာရေးဆရာမ မာရင်ရင်နဲ့ ကိုယ်လုံပညာရှင် ခင်ချမ်းမြေ့သူ (Gloria Judo) တို့ပါ ဖိတ်ခေါ်ထားပါသေးတယ်။ ဒါ့အပြင် နာမည်ကြီး မြန်မာမော်ဒယ်တွေနဲ့ ဖက်ရှင်ရှိူးတွေလည်း ပြသသွားမှာ ဖြစ်တာကြောင့်မို့လို့ မိန်းကလေးတွေအတွက်ကတော့ ပျော်စရာလည်းကောင်း၊ ဗဟုသုတရမယ့်ပွဲလေးတစ်ပွဲဖြစ်မယ်လို့ ထင်လို့ ရွေးချယ်ပေးလိုက်ပါရစေ။ ဒီပွဲကို ပါဝင်ချင်တဲ့သူတွေအတွက်ကတော့ တစ်ဦးကို တစ်သောင်းကျပ်နှုန်းနဲ့ 09952234348 မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

Empowering Women & Professional Makeup Workshop

Empowering Women & Professional Makeup Workshop

(၂) “မိုးရာသီ လွတ်မြောက်ခြင်း” Art Exhibition

သြဂုတ်လ ၈ရက်၊ ၉ရက်နဲ့ ၁၀ရက်နေ့တွေမှာတော့ အနုပညာချစ်သူကျောင်းသားတွေအတွက် လက်လွတ်ခံလို့မဖြစ်တဲ့ ပွဲလေးတစ်ပွဲက စောင့်ကြိုနေပါတယ်။ သူ့ကိုတော့ “မိုးရာသီလွတ်မြောက်ခြင်း” လို့ နာမည်ပေးထားပါတယ်။ မနက် ၉နာရီကနေ ညနေ ၃နာရီအထိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) အတွင်းမှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ဒီပွဲဟာ YUFL အတွက်တော့ ပထမဆုံးအနုပညာပြပွဲကြီးပဲဖြစ်ပြီး နေ့စဉ်လည်း ထူးခြားတဲ့ အခမ်းအနားအစီအစဉ်များနဲ့ သုံးရက်ကြာကျင်းပသွားမှာဆိုတော့ ကိုယ် အားလပ်တဲ့နေ့ကို ရွေးချယ်ပြီး သွားရောက်လို့လည်း ရပါတယ်။ ဒီအနုပညာပြပွဲမှာ ပန်းချီ၊ ဓာတ်ပုံ၊ ကဗျာနဲ့ အက်ဆေးစတဲ့ အနုပညာပေါင်းစုံကို YUFL ကျောင်းသားကျောင်းသူတွေက ပြသသွားမှာဖြစ်ပြီး ကျောင်းတော်ကြီးကို လွမ်းဆွတ်နေကြတဲ့ YUFL မေဂျာစုံ ကျောင်းသူကျောင်းသားဟောင်းများအနေနဲ့ အောက်ပါ Link မှာ Register လုပ်ပေးလိုက်ရုံပါပဲ။

Art Exhibition

Art Exhibition

(၃) World Food Market

World Food Market ကတော့ ရန်ကုန်မြို့မှာ ပထမဆုံးအနေနဲ့ ကမ္ဘာတစ်ဝှမ်းက အစားအစာမျိုးစုံကို စားသောက်နိုင်တဲ့အခမ်းအနားဆိုတော့ အစားအသောက်သမားတွေအတွက်တော့ အတော်လေးစိတ်ဝင်စားစရာကောင်းနေတော့မှာပါပဲ။ သြဂုတ်လ ၈ရက်နေ့ Novotel Yangon Max မှာ ညနေ ၆နာရီကနေ ည ၁၀နာရီခွဲအထိ ကျင်းပသွားမှာပါတဲ့နော်။ ဒီပွဲမှာ နိုင်ငံတကာက နာမည်ကြီးအစားအသောက်တွေဖြစ်တဲ့ Greek Salad ၊ လတ်ဆတ်တဲ့ ပင်လယ်စာအကင်စုံ၊ ကြက်သား Tagine ၊ ထောပတ်ထမင်း၊ Hummus ၊ Lamb Quzi တွေအပါအဝင် တခြား ဘာစားစရာတွေများ ထပ်ပါဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒါ့အပြင် ဒီတစ်ခေါက် လာချင်ရက်နဲ့ မလာရောက်ခဲ့နိုင်တဲ့ အစားအသောက်ချစ်သူတွေအတွက်လည်း ဒီအစီအစဉ်လေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပပေးမှာဖြစ်တဲ့အတွက် ပျော်စရာကြီးပါပဲ။ လူတစ်ဦးကို USD$ 34 သတ်မှတ်ထားပြီးတော့ ၁၂နှစ်အောက်ကလေးလေးတွေပါလာမယ်ဆိုရင်လည်း တစ်ဝက်ဈေးနဲ့ ဝင်ရောက်စားသောက်နိုင်ပါသေးတယ်။  ပါဝင်စားသောက်ချင်တဲ့သူတွေကတော့ The Square – 09251185989 ကို စာရင်းပေးသွင်းနိုင်ပါတယ်။

World Food Market

World Food Market

(၄) Grow your Freelance practice into Profitable business

ဒီအခမ်းအနားကတော့ Freelance လုပ်ငန်းလုပ်နေတဲ့သူတွေ၊ Freelance လုပ်နေရင်း Client နဲ့ ညှိနှိုင်းဆွေးနွေးမှုမှာ အခက်ကြုံနေတဲ့သူတွေ၊ Freelance Project ကို စီစဉ်ဆောင်ရွက်ရာမှာ အခက်အခဲကြုံနေတဲ့သူတွေ၊ Freelance လုပ်ကိုင်ရာမှာ အောင်မြင်တဲ့လုပ်ငန်းတစ်ခုအဖြစ် ပုံဖော်ချင်တဲ့သူတွေ အထူးတက်ရောက်သင့်တယ်လို့ ညွှန်းထားပါတယ်။ လာမယ့် သြဂုတ်လ ၉ရက်နေ့ ညနေ ၆နာရီကနေ ည ၈နာရီအထိ ဇရပ် မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ကျွမ်းကျင်လုပ်ငန်းရှင်များနဲ့ ပညာရှင်များက ဦးဆောင်ဆွေးနွေးပေးသွားမှာဖြစ်ပြီး စိတ်ဝင်စားစရာ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပါ ရရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနယ်ပယ်မှာပဲဖြစ်ဖြစ် Freelance အနေနဲ့ အလုပ်လုပ်ကိုင်နေပါစေ လာရောက်လေ့လာသင့်လို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီပွဲလေးကို အောက်ပါ Link မှာ Register လုပ်ပြီး လာရောက်လို့ရပါပြီ။

Grow your Freelance practice

Grow your Freelance practice

ဒီအခမ်းအနားတွေကတော့ လာမယ့် ၄ရက်နေ့ကနေ ၉ရက်နေ့အတွင်းမှာ ကျင်းပမယ့် ပွဲတွေဖြစ်လို့ တကယ်ကို စိတ်ပါဝင်စားလို့ သွားရောက်ချင်တယ်ဆိုရင်တော့ မြန်မြန်လေး Register လုပ်ဖို့တော့ သတိပေးပါရစေဦးနော်။

www.akhayar.com