[Zawgyi] 

ျပည္တြင္းမွာသံုးလို႔အဆင္ေျပတယ္ဆိုတာ Google Maps လို႔ လူေတာ္ေတာ္မ်ားမ်ား သိထားပါတယ္။ Google Maps က တိက်မႈမွာ ေကာင္းတယ္၊ လမ္းေတြ၊ ေနရာေတြ မွန္မွန္ကန္ကန္ရွိတာမ်ားသလို တိတိက်က်လည္းျဖစ္တဲ့အျပင္ ေနရာအသစ္တိုးလာရင္လည္း Update ျဖစ္တာျမန္ပါတယ္။ ဒါေပမယ့္ အားနည္းခ်က္ရွိေနေသးတာက ျမန္မာႏိုင္ငံအတြက္ Turn By Turn Direction ကို မေပးေသးတာပါ။ 

Turn By Turn Direction in Waze

Turn By Turn Direction နဲ႔ပတ္သက္လို႔ နားလည္ၿပီးသာလူေတြ ရွိသလို နားမလည္ၿပီး အသံုးမျပဳသူေတြလည္း ရွိေနပါေသးတယ္။ Turn By Turn Direction ကေတာ့ ကားေမာင္းသူ၊ စက္ဘီး၊ ဆိုင္ကယ္ေမာင္းသူေတြအတြက္ Direction ျပေပးတဲ့ လမ္းၫႊန္ Feature တစ္ခုပါ။ Google က ဒီ Feature ကို ႏိုင္ငံတိုင္းအတြက္ ဖြင့္ေပးထားေပးျခင္းမရွိတာေၾကာင့္ ျမန္မာႏိုင္ငံမွာ အသံုးျပဳလို႔ မရေသးတာပါ။ Turn By Turn Direction ကိုသံုးခ်င္တယ္ဆိုရင္ေတာ့ Maps.me ဆိုတဲ့ App နဲ႔ Waze ဆိုတဲ့ App နွစ္ခုရွိပါတယ္။ 

Maps.me App

Maps.me ကေတာ့ ဒီကလူေတာ္ေတာ္မ်ားမ်ား ရင္းႏွီးၿပီးသား App တစ္ခုဆိုရင္မမွားပါဘူး။ ခရီးအထြက္မ်ားတဲ့သူေတြၾကားမွာ အသံုးတည့္ေနတဲ့ App လည္းျဖစ္ပါတယ္။ ျမန္မာႏုိင္ငံက ၿမိဳ႕ႀကီးေတြကိုဆက္သြယ္ေပးထားတဲ့ လမ္းေတြကို သင္က မကၽြမ္းက်င္ဘူးဆိုရင္ေတာ့ ဒီ App ေလးက သင့္ကိုလိုရာခရီးေရာက္ေအာင္ ေကာင္းေကာင္းကူညီေပးႏုိင္ပါတယ္။ Map App ေတြထဲမွာ Google Map နဲ႔ အၿပိဳင္သံုးလို႔အေကာင္းဆံုး Map ဆိုရင္ Maps.me ပဲ ရွိတာပါ။ Map Data က Google Map လို တိက်မႈရွိသလို ေနရာေတြလည္း စံုပါတယ္။ Google Map ကို သင္ကသံုးတတ္တယ္ဆို႔ရင္ Maps.me ကိုေျပာင္းသံုးဖို႔ အခက္အခဲရွိမွာမဟုတ္ပါဘူး။ ေနရာေတြကို PIn လုပ္တာ၊ Hotel ၊ စားေသာက္ဆိုင္၊ ဆီဆိုင္ စတာေတြကိုလည္း အလြယ္တကူရွာလို႔ရတဲ့အျပင္ Turn By Turn Direction ျပေပးႏိုင္တာေၾကာင့္ ကားတစ္စီးနဲ႔ ခရီးသြားသူေတြအတြက္ အဆင္ေျပေစပါတယ္။ ေနာက္ထပ္ အားသာခ်က္တစ္ခုကေတာ့ Offline Map ကို Download ဆြဲထားၿပီး Internet လိုင္းမရတဲ့အေျခအေနမွာေတာင္ Map ကို ေကာင္းေကာင္းသံုးလို႔ရေစတဲ့အခ်က္ပါ။ ခရီးေဝးသြားတဲ့အခါ တစ္လမ္းလံုး Internet Connection က လိုင္းေကာင္းေနမယ္၊ သံုးလို႔အဆင္ေျပေနမယ္ဆိုတဲ့အခ်က္က မေသခ်ာပါဘူး။ အဲ့ဒီလို အေျခအေနမွာ Maps.me က Google Maps ထက္ေတာင္ ပိုေကာင္းတယ္လို႔ ေျပာလို႔ရေနပါတယ္။ Maps.me App ကို Android နဲ႔ iOS အတြက္ ထုတ္ေပးထားၿပီး Google Play နဲ႔ App Store မွာ Download ရယူႏိုင္ပါတယ္။ 

Waze App

Waze ဆိုတာကေတာ့ Map App ဆိုတာထက္ လမ္းေပၚမွာ ယာဥ္ေမာင္းအခ်င္းခ်င္း တစ္ဦးကိုတစ္ဦး အကူအညီေပးႏိုင္ေစဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ဖန္တီးေပးထားတဲ့ App ပါ။ လမ္းေပၚမွာ အဆင္မေျပတာတစ္ခုခု ဥပမာ-ယာဥ္တိုက္မႈျဖစ္ေနတာ၊ မ်က္ကြယ္ေနရာမွာ သစ္ပင္လဲေနတာ၊ လမ္းပိတ္၊ လမ္းပ်က္ေနတာ စတာေတြကို မွတ္တမ္းတင္ေပးထားခဲ့ႏိုင္တာေၾကာင့္ သင့္္ေနာက္က လာမယ့္ကားေတြကလည္း ဒီ Waze App ထဲကတစ္ဆင့္ လမ္းမွာျဖစ္ေနတာေတြကို မေရာက္ခင္ ႀကိဳသိရႏိုင္တာေၾကာင့္ ကားကိုပိုဂ႐ုစိုက္ေမာင္းႏိုင္တဲ့အျပင္၊ လိုအပ္ရင္ တျခားလမ္းကေျပာင္းသြားတာမ်ိဳးေတြအထိ လုပ္ႏုိင္လို႔ အခ်ိန္ကုန္၊ လူပန္း ကားဆီကုန္တာမ်ိဳးေတြကို သက္သာေစပါတယ္။ Waze ကေတာ့ သာမန္ ေျမပံုေတြဆိုတာထက္ ယာဥ္ေမာင္းရင္းသံုးဖို႔ေသခ်ာ လုပ္ေပးထားတဲ့ App ျဖစ္တာေၾကာင့္ Turn By Turn Direction အတြက္ ေကာင္းေကာင္းလုပ္ေပးထားတာကိုေတြ႕ရပါတယ္။ ကားေမာင္းေနရင္းလည္း ဖုန္းကို လွမ္းႏွိပ္လို႔မလြယ္ေအာင္ လုပ္ေပးထားလို႔ ယာဥ္ေမာင္းအေနနဲ႔လည္း ဖုန္းကိုအသံုးျပဳမိတာ နည္းသြားပါတယ္။ Waze ကိုလည္း Android အတြက္ Google Play နဲ႔ iOS အတြက္ App Store မွာ Download ရယူႏိုင္ပါတယ္။ 

Map App ေတြနဲ႔ပတ္သက္လို႔ေတာ့ ဘယ္ေလာက္တိက်တယ္ေျပာေျပာ ရာႏႈန္းျပည့္ယံုလို႔ေတာ့မရပါဘူး။ ခရီးထြက္ေတာ့မယ္ဆိုရင္ မသြားခင္လမ္းေရြးၿပီးတာနဲ႔ သြားမယ့္လမ္းက အေျခအေနဘယ္လိုရွိသလဲဆိုတာ သြားဖူးသူေတြကို ေမးျမန္းစံုစမ္းသင့္ပါတယ္။ Map ေတြက လမ္းမမွားေအာင္ ကူညီေပးႏိုင္တာထက္ မပိုေသးတာေၾကာင့္ လမ္းအေျခအေနကို မသြားခင္အရင္ေလ့လာတာ၊  ေမးျမန္းထားတာမ်ိဳးေတြက ပိုအဆင္ေျပပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

ပြည်တွင်းမှာသုံးလို့အဆင်ပြေတယ်ဆိုတာ Google Maps လို့ လူတော်တော်များများ သိထားပါတယ်။ Google Maps က တိကျမှုမှာ ကောင်းတယ်၊ လမ်းတွေ၊ နေရာတွေ မှန်မှန်ကန်ကန်ရှိတာများသလို တိတိကျကျလည်းဖြစ်တဲ့အပြင် နေရာအသစ်တိုးလာရင်လည်း Update ဖြစ်တာမြန်ပါတယ်။ ဒါပေမယ့် အားနည်းချက်ရှိနေသေးတာက မြန်မာနိုင်ငံအတွက် Turn By Turn Direction ကို မပေးသေးတာပါ။ 

Turn By Turn Direction in Waze

Turn By Turn Direction နဲ့ပတ်သက်လို့ နားလည်ပြီးသာလူတွေ ရှိသလို နားမလည်ပြီး အသုံးမပြုသူတွေလည်း ရှိနေပါသေးတယ်။ Turn By Turn Direction ကတော့ ကားမောင်းသူ၊ စက်ဘီး၊ ဆိုင်ကယ်မောင်းသူတွေအတွက် Direction ပြပေးတဲ့ လမ်းညွှန် Feature တစ်ခုပါ။ Google က ဒီ Feature ကို နိုင်ငံတိုင်းအတွက် ဖွင့်ပေးထားပေးခြင်းမရှိတာကြောင့် မြန်မာနိုင်ငံမှာ အသုံးပြုလို့ မရသေးတာပါ။ Turn By Turn Direction ကိုသုံးချင်တယ်ဆိုရင်တော့ Maps.me ဆိုတဲ့ App နဲ့ Waze ဆိုတဲ့ App နှစ်ခုရှိပါတယ်။ 

Maps.me App

Maps.me ကတော့ ဒီကလူတော်တော်များများ ရင်းနှီးပြီးသား App တစ်ခုဆိုရင်မမှားပါဘူး။ ခရီးအထွက်များတဲ့သူတွေကြားမှာ အသုံးတည့်နေတဲ့ App လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက မြို့ကြီးတွေကိုဆက်သွယ်ပေးထားတဲ့ လမ်းတွေကို သင်က မကျွမ်းကျင်ဘူးဆိုရင်တော့ ဒီ App လေးက သင့်ကိုလိုရာခရီးရောက်အောင် ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ Map App တွေထဲမှာ Google Map နဲ့ အပြိုင်သုံးလို့အကောင်းဆုံး Map ဆိုရင် Maps.me ပဲ ရှိတာပါ။ Map Data က Google Map လို တိကျမှုရှိသလို နေရာတွေလည်း စုံပါတယ်။ Google Map ကို သင်ကသုံးတတ်တယ်ဆို့ရင် Maps.me ကိုပြောင်းသုံးဖို့ အခက်အခဲရှိမှာမဟုတ်ပါဘူး။ နေရာတွေကို PIn လုပ်တာ၊ Hotel ၊ စားသောက်ဆိုင်၊ ဆီဆိုင် စတာတွေကိုလည်း အလွယ်တကူရှာလို့ရတဲ့အပြင် Turn By Turn Direction ပြပေးနိုင်တာကြောင့် ကားတစ်စီးနဲ့ ခရီးသွားသူတွေအတွက် အဆင်ပြေစေပါတယ်။ နောက်ထပ် အားသာချက်တစ်ခုကတော့ Offline Map ကို Download ဆွဲထားပြီး Internet လိုင်းမရတဲ့အခြေအနေမှာတောင် Map ကို ကောင်းကောင်းသုံးလို့ရစေတဲ့အချက်ပါ။ ခရီးဝေးသွားတဲ့အခါ တစ်လမ်းလုံး Internet Connection က လိုင်းကောင်းနေမယ်၊ သုံးလို့အဆင်ပြေနေမယ်ဆိုတဲ့အချက်က မသေချာပါဘူး။ အဲ့ဒီလို အခြေအနေမှာ Maps.me က Google Maps ထက်တောင် ပိုကောင်းတယ်လို့ ပြောလို့ရနေပါတယ်။ Maps.me App ကို Android နဲ့ iOS အတွက် ထုတ်ပေးထားပြီး Google Play နဲ့ App Store မှာ Download ရယူနိုင်ပါတယ်။ 

Waze App

Waze ဆိုတာကတော့ Map App ဆိုတာထက် လမ်းပေါ်မှာ ယာဉ်မောင်းအချင်းချင်း တစ်ဦးကိုတစ်ဦး အကူအညီပေးနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးပေးထားတဲ့ App ပါ။ လမ်းပေါ်မှာ အဆင်မပြေတာတစ်ခုခု ဥပမာ-ယာဉ်တိုက်မှုဖြစ်နေတာ၊ မျက်ကွယ်နေရာမှာ သစ်ပင်လဲနေတာ၊ လမ်းပိတ်၊ လမ်းပျက်နေတာ စတာတွေကို မှတ်တမ်းတင်ပေးထားခဲ့နိုင်တာကြောင့် သင့်နောက်က လာမယ့်ကားတွေကလည်း ဒီ Waze App ထဲကတစ်ဆင့် လမ်းမှာဖြစ်နေတာတွေကို မရောက်ခင် ကြိုသိရနိုင်တာကြောင့် ကားကိုပိုဂရုစိုက်မောင်းနိုင်တဲ့အပြင်၊ လိုအပ်ရင် တခြားလမ်းကပြောင်းသွားတာမျိုးတွေအထိ လုပ်နိုင်လို့ အချိန်ကုန်၊ လူပန်း ကားဆီကုန်တာမျိုးတွေကို သက်သာစေပါတယ်။ Waze ကတော့ သာမန် မြေပုံတွေဆိုတာထက် ယာဉ်မောင်းရင်းသုံးဖို့သေချာ လုပ်ပေးထားတဲ့ App ဖြစ်တာကြောင့် Turn By Turn Direction အတွက် ကောင်းကောင်းလုပ်ပေးထားတာကိုတွေ့ရပါတယ်။ ကားမောင်းနေရင်းလည်း ဖုန်းကို လှမ်းနှိပ်လို့မလွယ်အောင် လုပ်ပေးထားလို့ ယာဉ်မောင်းအနေနဲ့လည်း ဖုန်းကိုအသုံးပြုမိတာ နည်းသွားပါတယ်။ Waze ကိုလည်း Android အတွက် Google Play နဲ့ iOS အတွက် App Store မှာ Download ရယူနိုင်ပါတယ်။ 

Map App တွေနဲ့ပတ်သက်လို့တော့ ဘယ်လောက်တိကျတယ်ပြောပြော ရာနှုန်းပြည့်ယုံလို့တော့မရပါဘူး။ ခရီးထွက်တော့မယ်ဆိုရင် မသွားခင်လမ်းရွေးပြီးတာနဲ့ သွားမယ့်လမ်းက အခြေအနေဘယ်လိုရှိသလဲဆိုတာ သွားဖူးသူတွေကို မေးမြန်းစုံစမ်းသင့်ပါတယ်။ Map တွေက လမ်းမမှားအောင် ကူညီပေးနိုင်တာထက် မပိုသေးတာကြောင့် လမ်းအခြေအနေကို မသွားခင်အရင်လေ့လာတာ၊  မေးမြန်းထားတာမျိုးတွေက ပိုအဆင်ပြေပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။