



အချိန်    – မနက် ၁၀း၀၀


 

Unicode Version

ဇွန်လ ၁ရက်နေ့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ဟာ မကြာခင်ဆိုရင် ရောက်ရှိလာပါတော့မယ်ဗျာ။ နိုင်ငံတကာမှာတော့ ကလေးတွေရဲ့ အရေးကိစ္စတွေကို ပိုမိုအာရုံစိုက်နိုင်အောင် သတ်မှတ်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာနည်းတူ ဝင်ရောက်ဆင်နွှဲလို့ ရအောင် Golden City ကနေ ကလေးများအတွက် Hello Kitty ပြပွဲကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Hello Kitty’s Fantastic World လို့ အမည်ပေးထားတဲ့ ဒီပွဲမှာ သားသားမီးမီးတွေအတွက် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်ကောင်းတွေဖြစ်တဲ့ DIY ကစားနည်းတွေနဲ့အတူ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်တဲ့ ပစ္စည်းအစီအစဉ်တွေပါ ပါလို့ ကလေးတွေ သာမက ကလေးဖေတို့ မေတို့ပါ ပျော်ရွှင်ရမှာပါ။

Golden City က Mr. Alex Lee ကလည်း လှိုင်သာယာမြို့နယ်ရှိ စာသင်ကျောင်းများမှာ သွားရောက်လှူဒါန်းခဲ့မှုတွေနဲ့ ပက်သက်ပြီးတော့ ရှင်းလင်းတင်ပြသွားမှာ ဖြစ်လို့ ဇွန်လ ၁ ရက်နေ့ မနက် ၁၀နာရီကို ရန်ကင်းလမ်း၊ ရန်ကင်းမြို့နယ်မှာ ရှိတဲ့ Golden City ကို ကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

နေ့ရက် – ဇွန်လ ၁ရက်နေ့ ၂၀၁၇ခုနှစ်၊ ကြာသပတေးနေ့။

အချိန် – မနက် ၁၀း၀၀

နေရာ – Golden City ၊ ရန်ကင်းလမ်း ၊ ရန်ကင်းမြို့။

 

www.akhayar.com