[Zawgyi]







အာနိုးလ် (လီဗာပူးလ်)
ဒိုင်ယက်ဇ် (မန်စီးတီး)
ကယ်လ်လီဂရီ (PSG)
ကာတိုနီ (အေစီမီလန်)
တွမ်ဒေးဗီးစ် (အဲဗာတန်)
ဒီလစ်ဂ်ျ (အေဂျက်စ်)
ဒါလော့တ် (မန်ယူ)
ဖိုဒင် (မန်စီးတီး)
ဖိုဆူမန်ဆာ (ပဲလေ့စ်)
ကလွိုက်ဗက် (ရိုးမား)
ဘာပေ (PSG)
အော်ဒီဂွါ (ဟီရန်ဗင်း)
ပူလီဆစ် (ဒေါ့မွန်)
ဝုဒ်ဘမ်း (လီဗာပူးလ်)

REF:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

Golden Boy ဆုအတွက် ပဏာမကစားသမား အယောက် (၁၀၀)စာရင်း ထွက်ပေါ်လာပြီ

၂၀၁၈ ခုနှစ် Golden Boy ဆုအတွက် ပမာဏကစားသမား အယောက် (၁၀၀)စာရင်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကျော် လူငယ်ကစားသမားတချို့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဥရောပတစ်ဝှမ်းမှာရှိတဲ့ အသက် (၂၁)နှစ်အောက် ခြေစွမ်းထက်လူငယ်တွေကို နှစ်စဉ်ချီးမြှင့်နေကြဖြစ်တဲ့ ဥရောပလူငယ်အကောင်းဆုံး ကစားသမားဆု (Golden Boy)အတွက် ပမာဏ အယောက် (၁၀၀)စာရင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးဆုကို ကမ္ဘာတစ်ဝှမ်းမှာရှိ ဂျာနယ်လစ်အယောက် (၃၀)က ရွေးချယ်သွားပေးအပ်သွားမှာဖြစ်ပါတယ်။ အီတလီအခြေစိုက် Tuttosport သတင်းဌာနက ၂၀၀၃ ခုနှစ်က စတင်ပြီး ပေးအပ်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဂျာနယ်လစ်အယောက် (၃၀)က ရွေးချယ်သွားမှာဖြစ်ပါတယ်။

2017-Golden-Boy-winner-Mbappe

2017-Golden-Boy-winner-Mbappe

လီဗာပူးလ်၊ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်အသင်းက လူငယ်ကစားသမား (၃)ဦးစီ၊ စပါးအသင်းက (၂)ဦးနဲ့ ချယ်လ်ဆီး၊ အဲဗာတန်၊ ဝက်စ်ဟမ်းအသင်းက ကစားသမား (၁)ဦးစီ ပမာဏစာရင်းမှာ ပါဝင်နေပါတယ်။ Golden Boy ဆုကို ရရှိဖို့အတွက် PSG အသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe နဲ့ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ အာနိုးလ် Arnold တို့က ရေပန်းစားနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း အဆိုပါဆုကို ပြင်သစ်တိုက်စစ်ကစားသမား ဘာပေ Mbappe ကရရှိထားပြီး အခုနှစ်မှာ ထပ်မံရရှိပါက ပထမဆုံးအကြိမ် (၂)ကြိမ်ဆက် ရရှိတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

Golden Boy ဆုအတွက် ပမာဏစာရင်းမှာ ပါဝင်ခဲ့တဲ့ နာမည်ကျော် ကစားသမားတချို့

အာနိုးလ် (လီဗာပူးလ်)
အိန်ဂျယ်လ်ဂိုးမက်ဇ် (မန်ယူ)
ဒိုင်ယက်ဇ် (မန်စီးတီး)
ကယ်လ်လီဂရီ (PSG)
ကာတိုနီ (အေစီမီလန်)
တွမ်ဒေးဗီးစ် (အဲဗာတန်)
ဒီလစ်ဂျ် (အေဂျက်စ်)
ဒါလော့တ် (မန်ယူ)
ဖိုဒင် (မန်စီးတီး)
ဖိုဆူမန်ဆာ (ပဲလေ့စ်)
ယာကူပိုဗစ် (ဂျူဗင်တပ်စ်)
ကလွိုက်ဗက် (ရိုးမား)
ဘာပေ (PSG)
အော်ဒီဂွါ (ဟီရန်ဗင်း)
ပူလီဆစ် (ဒေါ့မွန်)
ဝုဒ်ဘမ်း (လီဗာပူးလ်)
လူကာဇီဒန်း (ရီးယဲလ်မက်ဒရစ်)

REF:Daily Mail
Photo:baaz, Mirror, Youtube
Aung Kyaw Wai (Akhayar)
www.akhayar.com