ယခုအခ်ိန္ဟာဂိမ္းေလာကတစ္ခုလုံးအတြက္ ရင္ခုန္သံေတြျမန္ေလာက္ေအာင္ အေရးႀကီးလွတဲ့အခုိက္အတန္႔တစ္ခုျဖစ္ပါတယ္။ ယခုအခ်ိန္ဟာကမာၻအရပ္ရပ္က ဂိမ္းပညာရွင္ေတြ၊ ဂိမ္းဖန္တီးထုတ္လုပ္သူေတြ၊ နယ္ပယ္ေပါင္းစုံကဂိမ္းမီဒီယာေတြနဲ႔ ဂိမ္းခ်စ္သူမ်ားကုိယ္တုိင္ ႏွစ္မ်ားခ်ီၿပီးေစာင့္ဆုိင္းခဲ့ရတဲ့အခ်ိန္ျဖစ္သလုိ ၂၁ ရာစုရဲ႕မ်ိဳးဆက္သစ္ဂိမ္းေလာကကုိ အေျပာင္းအလဲတစ္ခု႐ုိက္ခတ္မယ့္အခ်ိန္တစ္ခုလည္းျဖစ္ပါတယ္။

အဲဒီေလာက္ႀကီးမားတဲ့အေျပာင္းအလဲဟာ ဘယ္လုိအေျပာင္းအလဲမ်ိဳးျဖစ္မလဲ? Gaming Console အသစ္တစ္ခု ထြက္လာမွာလား? Gaming Platform သစ္တစ္ခုကုိ ခ်ျပမယ့္အခ်ိန္လား? မဟုတ္ပါဘူး၊ ဂိမ္မာမ်ားအားလုံး ေမွ်ာ္လင့္ခ်က္ႀကီးစြာနဲ႔ ႏွစ္ရွည္လမ်ားေစာင့္ေမွ်ာ္ေနခဲ့ရတဲ့ God Of War ဂိမ္းသစ္ထြက္လာမယ့္အခ်ိန္မုိ႔လုိ႔ပါ။ ၂၀၁၄ ခုႏွစ္ရဲ႕ Playstation Experience ပြဲမွာ Santa Monica Studio ရဲ႕ Creative Director ျဖစ္သူ Cory Barlog ဟာ အားလုံးေစာင့္ေမွ်ာ္ေနၾကတဲ့ God Of War ဂိမ္းသစ္ကုိ စတင္ဖန္တီးဖုိ႔ေျခလွမ္းေတြျပင္ေနၿပီလုိ႔ အားလုံးကုိ အသိေပးေၾကညာခဲ့ပါတယ္။ Cory Barlog အေနနဲ႔ ေနာက္လာမယ့္ God Of War ဂိမ္းသစ္ဟာ ဂိမ္းစီးရီးရဲ႕ေနာက္ဆုံးအဆုံးသတ္ခဲ့တဲ့ ဇာတ္ေၾကာင္းေနာက္ကုိလုိက္မွာျဖစ္ေပမယ့္ ဂိမ္းတစ္ခုလုံးကုိအစအဆုံးျပန္လည္ဖန္တီးၿပီး reboot အေနနဲ႔ ထြက္လာမယ္လုိ႔ တစ္ခါတည္းထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

God of War 4

အဲဒီလုိနဲ႔အခ်ိန္ႏွစ္ႏွစ္အၾကာ ၂၀၁၆ ခုႏွစ္ရဲ႕ E3 ပြဲမွာေတာ့ God Of War ဂိမ္းထြက္ရွိလာမယ္ဆုိတာကုိ gameplay demo နဲ႔တကြ အတိအလင္းေၾကညာခဲ့ၿပီး အဲဒီသတင္းဟာ ပြဲတတ္ေရာက္သူပရိသတ္အားလုံးရဲ႕အသည္းႏွလုံးကုိ လႈပ္ခတ္သြားေစခဲ့ပါတယ္။ ဒီလုိနဲ႔ ၂၀၁၆ ခုႏွစ္ E3 ပြဲအၿပီးမွာေတာ့ God Of War ဂိမ္းအသစ္ ဘယ္အခ်ိန္မွာထြက္လာမလဲ၊ ဘယ္အခ်ိန္မွာ ပရိသတ္လက္ထဲေရာက္မလဲဆုိတဲ့ ေမးခြန္းေတြဟာ ဂိမ္းဒီမီယာမ်ားနဲ႔ ဂိမ္မာေတြၾကား ပြက္ေလာ႐ုိက္ခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အဲဒီလုိမေသခ်ာမေရရာတဲ့ ေမးခြန္းေတြအားလုံးေပ်ာက္ကြယ္ခဲ့ပါၿပီ၊ ဘာျဖစ္လုိ႔လည္းဆုိေတာ့ God Of War ဂိမ္းဖန္တီးထုတ္လုပ္တဲ့ Santa Monica Studio ဟာ God Of War ဂိမ္းသစ္ကုိ လြန္ခဲ့တဲ့ႏွစ္ရက္ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၂၀ ရက္ေန႔က ေစာင့္ဆုိင္းေနတဲ့ပရိသတ္ေတြဆီ ဆုိက္ဆုိက္ၿမိဳက္ၿမိဳက္ႀကီး အေရာက္ထည့္ေပးလုိက္လုိ႔ပါပဲ။ ထြက္ထြက္လာၿပီးခ်င္းပဲ ေစာင့္ေမွ်ာ္ေနတဲ့ဂိမ္မာထုႀကီးရဲ႕ တာဝန္ေက်ပြန္မႈေၾကာင့္ အခ်ိန္တစ္ရက္ေတာင္မၾကာခဲ့ပဲ God Of War ဂိမ္းသစ္ထြက္ရွိလာတဲ့သတင္းေတြဟာ ေတာမီးလုိ တဟုန္ထုိးျပန္႔ႏွံ႔သြားခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဂိမ္းတစ္ခုလုံးကုိၿခံဳငုံသုံးသပ္ဖုိ႔ အဆင္သင့္ေစာင့္ေနတဲ့ဂိမ္းမီဒီယာမ်ားဟာလည္း အသစ္ထြက္ရွိလာတဲ့ God Of War ဂိမ္းအသစ္အေၾကာင္းကို ေဆာင္းပါးေတြ၊ သတင္းေတြမွာ တစ္ဖြဲ႕တစ္ႏြဲ႕အသီးသီးေဖာ္ျပလာၾကပါတယ္။ အထက္မွာေဖာ္ျပထားတဲ့ေခါင္းစဥ္အတုိငး္ ဂိမ္းရဲ႕ဇာတ္ေၾကာင္း၊ ဂိမ္းကစားပုံနဲ႔ က်င္လည္တဲ့ပတ္ဝန္းက်င္ သုိ႔ေလာသုိ႔ေလာေတြကုိ ဒီေနရာမွာေခတၱခ်န္လွစ္ထားၿပီး ကမာၻ႔နယ္ပယ္အသီးသီးက ဂိမ္းမီဒီယာႀကီးေတြအေနနဲ႔ ဒီ God Of War ဂိမ္းသစ္အေပၚမွာ ဘယ္လုိသုံးသပ္ေကာက္ခ်က္ခ်ထားသလဲဆုိတာကုိ ဒီေဆာင္းပါးမွာေဖာ္ျပသြားမွာျဖစ္တဲ့အတြက္ ဆက္ၿပီးၾကည့္လုိက္ၾကစုိ႔ဗ်ာ။

God of War 4 Gameplay

Game: God of War
Developer / Publisher: Sony Santa Monica / Sony
Platforms: PS4
Release Date: April 20
Price: US $60 / £53 / AU $100

Gamespot – 9/10

ဒီ God Of War ဂိမ္းဟာ အရင္စီးရီးအတုိင္းပဲ ဘာမွမေျပာင္းလဲပါဘူး။ အသက္႐ႈမွားေလာက္ေအာင္ မွင္သက္ဖုိ႔ေကာင္းတဲ့ဂိမ္းေလာက၊ ရင္ထဲတုိက္႐ုိက္ထိတဲ့အက္ရွင္ေတြနဲ႔ production ဘတ္ဂ်က္ျမင့္မားတယ္ဆုိတာ ကုိေတြ႕ရတယ္။ ဇာတ္လမ္းကေရွ႕ဆက္ေလေလ၊ ကုိယ့္ရဲ႕တုိက္ခုိက္မႈေတြက ပုိၿပီးအသက္ပါလာေလေလပဲ။ ဒီေနရာမွာရင့္က်က္သြားတဲ့တစ္ခ်က္က Storytelling အခန္းက႑ပဲ။ ဒီဂိ္မ္းရဲ႕ဇာတ္ေကာင္ Kratos လုိပဲ၊ ဂိမ္းစီးရီးႀကီး ကိုယ္တုိင္ကုိက အရင္ထြက္ခဲ့တဲ့ဂိမ္းေတြနဲ႔မတူေအာင္ အဆင့္ျမႇင့္ခဲ့တယ္။ Kratos က အရင္လုိမ်ိဳး ခန္႔မွန္းရလြယ္တဲ့ အ႐ုိင္းအစုိင္းႀကီးမဟုတ္ေတာ့ဘူး။ ဒီ reboot နဲ႔အတူ ေနာက္ထပ္ၿပီးလာမယ့္ စြန္႔စားခန္းအသစ္ေတြကုိ ရင္ခုန္စြာနဲ႔ လက္လမ္းႀကိဳဆုိရဦးမယ္။
— Peter Brown

IGN – 10/10

God Of War ဂိမ္းဆုိတာန႔ဲ အၾကမ္းစားအက္ရွင္ေတြကုိ ေမွ်ာ္လင့္လုိ႔ရတယ္။ ဒါေပမယ့္ ဂိမ္းဇာတ္လမ္းတျဖည္းျဖည္းဆက္ရာကေန အႏုပညာေျမာက္တဲ့ စိတ္လႈပ္ရွားစရာခရီးစဥ္ႀကီးတစ္ခု ျဖစ္သြားလိမ့္မယ္လုိ႔ေတာ့ မထင္ခဲ့တာအမွန္ပဲ။ ဒီ God Of War မွာ Kratos ဟာ ဖခင္တစ္ေယာက္၊ သူရဲေကာင္းတစ္ေယာက္ျဖစ္တယ္။ ရန္သူေတြနဲ႔ရင္ဆုိင္တုိက္ခုိက္တဲ့ပုံစံနဲ႔ သူ႔ရဲ႕သားကုိ ဖခင္တစ္ေယာက္လုိဆက္ဆံတဲ့ပုံစံ၊ ဇာတ္ေကာင္တစ္ေကာင္ ပုံစံႏွစ္မ်ိဳးကုိအသားေပးထားတာ ေတြ႕ရတယ္။ ဖန္တီးထားတဲ့ဂိမ္းေလာက၊ ဇာတ္ေကာင္ေတြ၊ ဂိမ္းကစားပုံစံ အားလုံးကိုေပါင္းစည္းလုိက္ရင္ စီးရီးတစ္ခုလုံးရဲ႕ အမွတ္ရစရာ အခုိက္အတန္႔ေတြလုိ ျဖစ္သြားတယ္။
— Jonathan Dornbush

GamesRadar – 5/5

ဒီ God Of War ဂိမ္း ဘယ္ေလာက္ေကာင္းတယ္ဆုိတာကုိ ခ်ဲ႕ကားေျပာမယ္ဆုိရင္ေတာင္ စကားလုံးေတြနဲ႔ေဖာ္ျပဖုိ႔ မျဖစ္ႏုိင္ဘူး။ အေသးစိတ္ဖန္တီးထားတဲ့ဂိမ္းေလာက၊ ဇာတ္ေကာင္ေတြနဲ႔ Storytelling က႑ အလႊာတစ္လႊာခ်င္းစီဟာ လက္ေတြ႕ဆန္လြန္းတယ္။ Kratos အေနနဲ႔ ဘယ္ေလာက္ပဲေသြးသံတရဲရဲနဲ႔ ပုဆိန္တစ္လက္ကုိကုိင္ဆြဲၿပီး တုိက္ပြဲမွာေသာင္းက်န္းေနပေစဦးေတာ့၊ သူ႔ရဲ႕သားျဖစ္တဲ့ Atreus နဲ႔အတူူတြဲၿပီး ျမင္ရတဲ့ဇာတ္ဝင္ခန္းေတြက Kratos ရဲ႕ လူသားအဆန္ဆုံးအခ်ိန္ေတြပဲ။ ဒီဂိမ္းႀကီးထြက္မလာခင္က တကယ္တမ္းထြက္လာရင္ ဘယ္ေလာက္ေကာင္းႏုိင္မလဲဆုိတဲ့ ေဆြးေႏြးခန္းေပါင္းေသာင္းေျခာက္ေထာင္ဖြင့္လာလုိက္ၾကတာ၊ တကယ့္တကယ္ထြက္လာတဲ့အခ်ိန္မွာ ဒါဘယ္ေလာက္ေကာင္းလဲဆုိတာထက္ ဒီဂိမ္းဟာ ၂၁ ရာစုရဲ႕ ဂိမ္းမ်ိဳးဆက္သစ္တစ္ခုကုိအစပ်ိဳးေပးလုိက္တဲ့ ဂိမ္းတစ္ခုျဖစ္သြားခဲ့တာ။
— Leon Hurley

Game Informer – 9.75/10

လြန္ခဲ့တဲ့ႏွစ္ေတြက Kratos ဟာ ကလဲ့စားေခ်လုိစိတ္ေတြလႊမ္းမိုးၿပီး အမ်က္ေဒါသေတြျပည့္ႏွက္လုိ႔ အုိလံပီယာေတာင္ရဲ႕နတ္ဘုရားေတြ အားလုံးကုိသတ္ပစ္ခဲ့တယ္။ အခုေတာ့ ေနာ႔စ္ဒ႑ာရီထဲကုိ ေရာက္လာၿပီး အဲဒီမွာ Kratos ရဲ႕ျဖစ္တည္မႈက နတ္ဘုရားတစ္ေယာက္လုိျဖစ္ေနတယ္။ ဒီအခ်ိန္မွာ Kratos ပုိၿပီးတည္ၿငိမ္ရင့္က်က္သြားတယ္၊ ပုိၿပီးတိတ္ဆိတ္သြားတယ္။ နတ္ဘုရားေတြရဲ႕က်ဆုံးမႈက သူ႔ရဲ႕ေအာင္ျမင္မႈပဲ၊ ဒါေပမယ့္ သူလုိခ်င္ခဲ့တဲ့ေအာင္ျမင္မႈအေပၚမွာ မယစ္မူးသြားဘူး။ ဂိမ္းရဲ႕ေနာက္ခံစကားေျပာက တစ္ခ်ိန္တုန္းကေသြးဆာၿပီး တုိက္ခုိက္မႈကိုလုိလားတဲ့ Kratos နဲ႔ အခုလုိရင့္က်က္သြားတဲ့ Kratos တုိ႔ရဲ႕ ေျပာင္းလဲမႈကို ျဖည္းျဖည္းခ်င္းစီေျပာျပေနတယ္။ ဒီ God Of War ဂိမ္းဟာ နက္႐ႈိင္းတယ္၊ က်ယ္ျပန္႔တယ္၊ ရင့္က်က္တယ္။ အခုလာမယ့္မ်ိဳးဆက္သစ္ရဲ႕ဂိ္မ္းေကာင္းတစ္ခုအျဖစ္ လက္မေထာင္ႏုိင္ဦးမွာအမွန္ပဲ။
— Joe Juba

The Guardian – 5/5

အရာအားလုံးမွာ ၿပီးျပည့္စုံေနတဲ့ဂိ္မ္းမ်ိဳးကုိ အရင္ကတစ္ခါမွ မကစားဖူးခဲ့ဘူး။ တစ္ခ်ိန္တုန္းကမျဖစ္ႏုိင္ဘူးလုိ႔ လူေတြထင္ထားတာကုိ ဒီဂိမ္းမွာအတုိင္းသားေတြ႕ျမင္ရမယ္။ ဒီ God Of War ဂိမ္းဟာ ဂိမ္းတစ္ခုမဟုတ္ဘူး၊ ဂိမ္းေတြရဲ႕အဆင့္အတန္းကုိသတ္မွတ္ေပးတဲ့ Standard-setter တစ္ခုျဖစ္ပါတယ္။
— Keza Macdonald

ကဲ ဂိမ္းေလာကမွာေရွ႕ဆုံးကေျပးေနတဲ့ဂိမ္းမီဒီယာႀကီးေတြရဲ႕ God Of War ဂိမ္းသစ္အေပၚမွာ သုံးသပ္ထားတဲ့သုံးသပ္ခ်က္ေတြ၊ ျမင္တဲ့အျမင္ေတြကေတာ့ အထက္မွာေတြ႕ရတဲ့အတုိင္းပါပဲ။ အဲဒီေတာ့ ဒီ God Of War ဂိမ္းဟာ ဘယ္ေလာက္ေတာင္ေကာင္းသလဲဆုိတဲ့ေမးခြန္းထက္ ဘယ္ေလာက္အေကာင္းလြန္ေနသလဲလုိ႔သာ ေျပာင္းၿပီးေမးလုိက္ခ်င္ပါတယ္။ God Of War ဂိမ္းကုိအသည္းစြဲႀကိဳက္ႏွစ္သက္ၾကတဲ့သူေတြေတာ့ အခုလုိအခ်ိန္မွာပီတီေတြ အေတာ္ေလးေဝျဖာေနၿပီလုိ႔ ထင္ပါတယ္။ အဲဒီေတာ့ ေဆာင္းပါးေလးလည္းဖတ္ရင္း၊ ကုိယ့္ရဲ႕ဂိမ္းခလုတ္ေလးလည္းျပန္ကုိင္ရင္း အဲဒီေလာက္ေတာင္ညႊန္းခံထားရတဲ့ God Of War ဂိမ္းသစ္ ဘယ္ေလာက္ေတာင္မွၿပီးျပည့္စုံၿပီး ေကာင္းမြန္သလဲဆုိတာကုိ ကုိယ္တုိင္ကုိယ္က်ပဲ ေတြ႕ျမင္ခံစားၾကည့္ၾကပါလုိ႔ တုိက္တြန္းရင္း God Of War ဂိမ္းသစ္အေပၚ ဂိမ္းမီဒီယာႀကီးေတြျမင္တဲ့အျမင္ေတြကုိ ေကာက္ႏႈတ္တင္ျပလုိက္ရပါတယ္။

Yan
Ref: Wikia, Gamespot

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ယခုအချိန်ဟာဂိမ်းလောကတစ်ခုလုံးအတွက် ရင်ခုန်သံတွေမြန်လောက်အောင် အရေးကြီးလှတဲ့အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ ယခုအချိန်ဟာကမ္ဘာအရပ်ရပ်က ဂိမ်းပညာရှင်တွေ၊ ဂိမ်းဖန်တီးထုတ်လုပ်သူတွေ၊ နယ်ပယ်ပေါင်းစုံကဂိမ်းမီဒီယာတွေနဲ့ ဂိမ်းချစ်သူများကိုယ်တိုင် နှစ်များချီပြီးစောင့်ဆိုင်းခဲ့ရတဲ့အချိန်ဖြစ်သလို ၂၁ ရာစုရဲ့မျိုးဆက်သစ်ဂိမ်းလောကကို အပြောင်းအလဲတစ်ခုရိုက်ခတ်မယ့်အချိန်တစ်ခုလည်းဖြစ်ပါတယ်။

အဲဒီလောက်ကြီးမားတဲ့အပြောင်းအလဲဟာ ဘယ်လိုအပြောင်းအလဲမျိုးဖြစ်မလဲ? Gaming Console အသစ်တစ်ခု ထွက်လာမှာလား? Gaming Platform သစ်တစ်ခုကို ချပြမယ့်အချိန်လား? မဟုတ်ပါဘူး၊ ဂိမ်မာများအားလုံး မျှော်လင့်ချက်ကြီးစွာနဲ့ နှစ်ရှည်လများစောင့်မျှော်နေခဲ့ရတဲ့ God Of War ဂိမ်းသစ်ထွက်လာမယ့်အချိန်မို့လို့ပါ။ ၂၀၁၄ ခုနှစ်ရဲ့ Playstation Experience ပွဲမှာ Santa Monica Studio ရဲ့ Creative Director ဖြစ်သူ Cory Barlog ဟာ အားလုံးစောင့်မျှော်နေကြတဲ့ God Of War ဂိမ်းသစ်ကို စတင်ဖန်တီးဖို့ခြေလှမ်းတွေပြင်နေပြီလို့ အားလုံးကို အသိပေးကြေညာခဲ့ပါတယ်။ Cory Barlog အနေနဲ့ နောက်လာမယ့် God Of War ဂိမ်းသစ်ဟာ ဂိမ်းစီးရီးရဲ့နောက်ဆုံးအဆုံးသတ်ခဲ့တဲ့ ဇာတ်ကြောင်းနောက်ကိုလိုက်မှာဖြစ်ပေမယ့် ဂိမ်းတစ်ခုလုံးကိုအစအဆုံးပြန်လည်ဖန်တီးပြီး reboot အနေနဲ့ ထွက်လာမယ်လို့ တစ်ခါတည်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

God of War 4

အဲဒီလိုနဲ့အချိန်နှစ်နှစ်အကြာ ၂၀၁၆ ခုနှစ်ရဲ့ E3 ပွဲမှာတော့ God Of War ဂိမ်းထွက်ရှိလာမယ်ဆိုတာကို gameplay demo နဲ့တကွ အတိအလင်းကြေညာခဲ့ပြီး အဲဒီသတင်းဟာ ပွဲတတ်ရောက်သူပရိသတ်အားလုံးရဲ့အသည်းနှလုံးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၆ ခုနှစ် E3 ပွဲအပြီးမှာတော့ God Of War ဂိမ်းအသစ် ဘယ်အချိန်မှာထွက်လာမလဲ၊ ဘယ်အချိန်မှာ ပရိသတ်လက်ထဲရောက်မလဲဆိုတဲ့ မေးခွန်းတွေဟာ ဂိမ်းဒီမီယာများနဲ့ ဂိမ်မာတွေကြား ပွက်လောရိုက်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီလိုမသေချာမရေရာတဲ့ မေးခွန်းတွေအားလုံးပျောက်ကွယ်ခဲ့ပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ God Of War ဂိမ်းဖန်တီးထုတ်လုပ်တဲ့ Santa Monica Studio ဟာ God Of War ဂိမ်းသစ်ကို လွန်ခဲ့တဲ့နှစ်ရက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က စောင့်ဆိုင်းနေတဲ့ပရိသတ်တွေဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး အရောက်ထည့်ပေးလိုက်လို့ပါပဲ။ ထွက်ထွက်လာပြီးချင်းပဲ စောင့်မျှော်နေတဲ့ဂိမ်မာထုကြီးရဲ့ တာဝန်ကျေပွန်မှုကြောင့် အချိန်တစ်ရက်တောင်မကြာခဲ့ပဲ God Of War ဂိမ်းသစ်ထွက်ရှိလာတဲ့သတင်းတွေဟာ တောမီးလို တဟုန်ထိုးပြန့်နှံ့သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဂိမ်းတစ်ခုလုံးကိုခြုံငုံသုံးသပ်ဖို့ အဆင်သင့်စောင့်နေတဲ့ဂိမ်းမီဒီယာများဟာလည်း အသစ်ထွက်ရှိလာတဲ့ God Of War ဂိမ်းအသစ်အကြောင်းကို ဆောင်းပါးတွေ၊ သတင်းတွေမှာ တစ်ဖွဲ့တစ်နွဲ့အသီးသီးဖော်ပြလာကြပါတယ်။ အထက်မှာဖော်ပြထားတဲ့ခေါင်းစဉ်အတိုင်း ဂိမ်းရဲ့ဇာတ်ကြောင်း၊ ဂိမ်းကစားပုံနဲ့ ကျင်လည်တဲ့ပတ်ဝန်းကျင် သို့လောသို့လောတွေကို ဒီနေရာမှာခေတ္တချန်လှစ်ထားပြီး ကမ္ဘာ့နယ်ပယ်အသီးသီးက ဂိမ်းမီဒီယာကြီးတွေအနေနဲ့ ဒီ God Of War ဂိမ်းသစ်အပေါ်မှာ ဘယ်လိုသုံးသပ်ကောက်ချက်ချထားသလဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြသွားမှာဖြစ်တဲ့အတွက် ဆက်ပြီးကြည့်လိုက်ကြစို့ဗျာ။

God of War 4 Gameplay

Game: God of War
Developer / Publisher: Sony Santa Monica / Sony
Platforms: PS4
Release Date: April 20
Price: US $60 / £53 / AU $100

Gamespot – 9/10

ဒီ God Of War ဂိမ်းဟာ အရင်စီးရီးအတိုင်းပဲ ဘာမှမပြောင်းလဲပါဘူး။ အသက်ရှုမှားလောက်အောင် မှင်သက်ဖို့ကောင်းတဲ့ဂိမ်းလောက၊ ရင်ထဲတိုက်ရိုက်ထိတဲ့အက်ရှင်တွေနဲ့ production ဘတ်ဂျက်မြင့်မားတယ်ဆိုတာ ကိုတွေ့ရတယ်။ ဇာတ်လမ်းကရှေ့ဆက်လေလေ၊ ကိုယ့်ရဲ့တိုက်ခိုက်မှုတွေက ပိုပြီးအသက်ပါလာလေလေပဲ။ ဒီနေရာမှာရင့်ကျက်သွားတဲ့တစ်ချက်က Storytelling အခန်းကဏ္ဍပဲ။ ဒီဂိမ်းရဲ့ဇာတ်ကောင် Kratos လိုပဲ၊ ဂိမ်းစီးရီးကြီး ကိုယ်တိုင်ကိုက အရင်ထွက်ခဲ့တဲ့ဂိမ်းတွေနဲ့မတူအောင် အဆင့်မြှင့်ခဲ့တယ်။ Kratos က အရင်လိုမျိုး ခန့်မှန်းရလွယ်တဲ့ အရိုင်းအစိုင်းကြီးမဟုတ်တော့ဘူး။ ဒီ reboot နဲ့အတူ နောက်ထပ်ပြီးလာမယ့် စွန့်စားခန်းအသစ်တွေကို ရင်ခုန်စွာနဲ့ လက်လမ်းကြိုဆိုရဦးမယ်။
— Peter Brown

IGN – 10/10

God Of War ဂိမ်းဆိုတာနဲ့ အကြမ်းစားအက်ရှင်တွေကို မျှော်လင့်လို့ရတယ်။ ဒါပေမယ့် ဂိမ်းဇာတ်လမ်းတဖြည်းဖြည်းဆက်ရာကနေ အနုပညာမြောက်တဲ့ စိတ်လှုပ်ရှားစရာခရီးစဉ်ကြီးတစ်ခု ဖြစ်သွားလိမ့်မယ်လို့တော့ မထင်ခဲ့တာအမှန်ပဲ။ ဒီ God Of War မှာ Kratos ဟာ ဖခင်တစ်ယောက်၊ သူရဲကောင်းတစ်ယောက်ဖြစ်တယ်။ ရန်သူတွေနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့ပုံစံနဲ့ သူ့ရဲ့သားကို ဖခင်တစ်ယောက်လိုဆက်ဆံတဲ့ပုံစံ၊ ဇာတ်ကောင်တစ်ကောင် ပုံစံနှစ်မျိုးကိုအသားပေးထားတာ တွေ့ရတယ်။ ဖန်တီးထားတဲ့ဂိမ်းလောက၊ ဇာတ်ကောင်တွေ၊ ဂိမ်းကစားပုံစံ အားလုံးကိုပေါင်းစည်းလိုက်ရင် စီးရီးတစ်ခုလုံးရဲ့ အမှတ်ရစရာ အခိုက်အတန့်တွေလို ဖြစ်သွားတယ်။
— Jonathan Dornbush

GamesRadar – 5/5

ဒီ God Of War ဂိမ်း ဘယ်လောက်ကောင်းတယ်ဆိုတာကို ချဲ့ကားပြောမယ်ဆိုရင်တောင် စကားလုံးတွေနဲ့ဖော်ပြဖို့ မဖြစ်နိုင်ဘူး။ အသေးစိတ်ဖန်တီးထားတဲ့ဂိမ်းလောက၊ ဇာတ်ကောင်တွေနဲ့ Storytelling ကဏ္ဍ အလွှာတစ်လွှာချင်းစီဟာ လက်တွေ့ဆန်လွန်းတယ်။ Kratos အနေနဲ့ ဘယ်လောက်ပဲသွေးသံတရဲရဲနဲ့ ပုဆိန်တစ်လက်ကိုကိုင်ဆွဲပြီး တိုက်ပွဲမှာသောင်းကျန်းနေပစေဦးတော့၊ သူ့ရဲ့သားဖြစ်တဲ့ Atreus နဲ့အတူူတွဲပြီး မြင်ရတဲ့ဇာတ်ဝင်ခန်းတွေက Kratos ရဲ့ လူသားအဆန်ဆုံးအချိန်တွေပဲ။ ဒီဂိမ်းကြီးထွက်မလာခင်က တကယ်တမ်းထွက်လာရင် ဘယ်လောက်ကောင်းနိုင်မလဲဆိုတဲ့ ဆွေးနွေးခန်းပေါင်းသောင်းခြောက်ထောင်ဖွင့်လာလိုက်ကြတာ၊ တကယ့်တကယ်ထွက်လာတဲ့အချိန်မှာ ဒါဘယ်လောက်ကောင်းလဲဆိုတာထက် ဒီဂိမ်းဟာ ၂၁ ရာစုရဲ့ ဂိမ်းမျိုးဆက်သစ်တစ်ခုကိုအစပျိုးပေးလိုက်တဲ့ ဂိမ်းတစ်ခုဖြစ်သွားခဲ့တာ။
— Leon Hurley

Game Informer – 9.75/10

လွန်ခဲ့တဲ့နှစ်တွေက Kratos ဟာ ကလဲ့စားချေလိုစိတ်တွေလွှမ်းမိုးပြီး အမျက်ဒေါသတွေပြည့်နှက်လို့ အိုလံပီယာတောင်ရဲ့နတ်ဘုရားတွေ အားလုံးကိုသတ်ပစ်ခဲ့တယ်။ အခုတော့ နော့စ်ဒဏ္ဍာရီထဲကို ရောက်လာပြီး အဲဒီမှာ Kratos ရဲ့ဖြစ်တည်မှုက နတ်ဘုရားတစ်ယောက်လိုဖြစ်နေတယ်။ ဒီအချိန်မှာ Kratos ပိုပြီးတည်ငြိမ်ရင့်ကျက်သွားတယ်၊ ပိုပြီးတိတ်ဆိတ်သွားတယ်။ နတ်ဘုရားတွေရဲ့ကျဆုံးမှုက သူ့ရဲ့အောင်မြင်မှုပဲ၊ ဒါပေမယ့် သူလိုချင်ခဲ့တဲ့အောင်မြင်မှုအပေါ်မှာ မယစ်မူးသွားဘူး။ ဂိမ်းရဲ့နောက်ခံစကားပြောက တစ်ချိန်တုန်းကသွေးဆာပြီး တိုက်ခိုက်မှုကိုလိုလားတဲ့ Kratos နဲ့ အခုလိုရင့်ကျက်သွားတဲ့ Kratos တို့ရဲ့ ပြောင်းလဲမှုကို ဖြည်းဖြည်းချင်းစီပြောပြနေတယ်။ ဒီ God Of War ဂိမ်းဟာ နက်ရှိုင်းတယ်၊ ကျယ်ပြန့်တယ်၊ ရင့်ကျက်တယ်။ အခုလာမယ့်မျိုးဆက်သစ်ရဲ့ဂိမ်းကောင်းတစ်ခုအဖြစ် လက်မထောင်နိုင်ဦးမှာအမှန်ပဲ။
— Joe Juba

The Guardian – 5/5

အရာအားလုံးမှာ ပြီးပြည့်စုံနေတဲ့ဂိမ်းမျိုးကို အရင်ကတစ်ခါမှ မကစားဖူးခဲ့ဘူး။ တစ်ချိန်တုန်းကမဖြစ်နိုင်ဘူးလို့ လူတွေထင်ထားတာကို ဒီဂိမ်းမှာအတိုင်းသားတွေ့မြင်ရမယ်။ ဒီ God Of War ဂိမ်းဟာ ဂိမ်းတစ်ခုမဟုတ်ဘူး၊ ဂိမ်းတွေရဲ့အဆင့်အတန်းကိုသတ်မှတ်ပေးတဲ့ Standard-setter တစ်ခုဖြစ်ပါတယ်။
— Keza Macdonald

ကဲ ဂိမ်းလောကမှာရှေ့ဆုံးကပြေးနေတဲ့ဂိမ်းမီဒီယာကြီးတွေရဲ့ God Of War ဂိမ်းသစ်အပေါ်မှာ သုံးသပ်ထားတဲ့သုံးသပ်ချက်တွေ၊ မြင်တဲ့အမြင်တွေကတော့ အထက်မှာတွေ့ရတဲ့အတိုင်းပါပဲ။ အဲဒီတော့ ဒီ God Of War ဂိမ်းဟာ ဘယ်လောက်တောင်ကောင်းသလဲဆိုတဲ့မေးခွန်းထက် ဘယ်လောက်အကောင်းလွန်နေသလဲလို့သာ ပြောင်းပြီးမေးလိုက်ချင်ပါတယ်။ God Of War ဂိမ်းကိုအသည်းစွဲကြိုက်နှစ်သက်ကြတဲ့သူတွေတော့ အခုလိုအချိန်မှာပီတီတွေ အတော်လေးဝေဖြာနေပြီလို့ ထင်ပါတယ်။ အဲဒီတော့ ဆောင်းပါးလေးလည်းဖတ်ရင်း၊ ကိုယ့်ရဲ့ဂိမ်းခလုတ်လေးလည်းပြန်ကိုင်ရင်း အဲဒီလောက်တောင်ညွှန်းခံထားရတဲ့ God Of War ဂိမ်းသစ် ဘယ်လောက်တောင်မှပြီးပြည့်စုံပြီး ကောင်းမွန်သလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျပဲ တွေ့မြင်ခံစားကြည့်ကြပါလို့ တိုက်တွန်းရင်း God Of War ဂိမ်းသစ်အပေါ် ဂိမ်းမီဒီယာကြီးတွေမြင်တဲ့အမြင်တွေကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။

Yan
Ref: Wikia, Gamespot

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။