ဂိုးသမားတစ်ဦး အမှားကျုးလွန်တာက ကျန်တဲ့နေရာအလိုက် ကစားသမားတွေ အမှားလုပ်တာထက် ပို အပြစ်ပြောစရာဖြစ်သလို အဲဒီဂိုးသမားအတွက် ဖိအားတွေ များသွားစေတာဖြစ်ပါတယ်။ အခု နာမည်ကျော် အားကစားရေဒီယိုဌာနတစ်ခုဖြစ်တဲ့ talkSPORT က ဖော်ပြခဲ့တဲ့ စစ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီကနေ လက်ရှိအချိန်အထိ အမှားကျုးလွန်ခဲ့လို့ ဂိုးပေးလိုက်ရတာ အများဆုံး ဂိုးသမားစာရင်းမှာ အာဆင်နယ်ဂိုးသမား လေနို Bernd Leno က ကံဆိုးစွာနဲ့ပဲ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စပါးအသင်းနဲ့ (၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း အဖွင့်ဂိုးက လေနိုရဲ့ အားနည်းချက်ကြောင့် ပေးခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကနေ အခုလက်ရှိအချိန်အထိ အမှားပြုလုပ်လို့ ပေးလိုက်ရတဲ့ဂိုးက (၆)ဂိုးအထိရှိနေပါပြီ။

ဒါပေမဲ့ ဒီလိုဂိုးတွေပေးခဲ့ရတာက လေနိုတစ်ဦးတည်းကို အပြစ်တင်လို့ မရဘဲ ကျန်တဲ့ ကစားသမားတွေကိုလည်း အပြစ်တင်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားတွေ အမှားကျူးလွန်လို့ ဂိုးပေးလိုက်ရတာ အများဆုံးအဖြစ် အာဆင်နယ်အသင်းက (၁၃)ကြိမ်နဲ့ ရပ်တည်နေတာကြောင့်ဖြစ်ပါတယ်။ လေနိုပြီးရင်တော့ ဘုန်းမောက်အသင်း ၀ါရင့်ဂိုးသမား ဘီဂိုဗစ် Asmir Begovic က (၅)ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေသလို ပစ်ဖို့ဒ် Jordan Pickford (အဲဗာတန်)၊ ဒီဂီယာ David de Gea (မန်ယူ)တို့ကတော့ (၄)ဂိုးစီနဲ့ တတိယနေရာကို ပူးတွဲရယူထားပါတယ်။ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် Alisson Becker ကတော့ အမှားအနည်းဆုံး ဂိုးသမားထဲမှာ ပါဝင်နေပြီး သူ့အမှားကြောင့် ပေးခဲ့ရတာက (၃)ဂိုးပဲရှိခဲ့တာပါ။

1. Bernd Leno, Arsenal – 6 errors leading to goals.
2. Asmir Begovic, Bournemouth – 5.
3. Jordan Pickford, Everton – 4.
=. David de Gea, Manchester United – 4.
5. Sol Bamba, Cardiff City – 3.
=. Angus Gunn, Southampton – 3.
=. Sergio Rico, Fulham – 3.
=. Alisson Becker, Liverpool – 3.
=. Martin Dubravka, Newcastle United – 3.

REF: talkSPORT ,sportbible
Photo:PA
Naing Linn(Akhayar)
www.akhayar.com