[Zawgyi]

ဂုိးသမားဆုိတာက ၿပိဳင္ဘက္ကစားသမားေတြရဲ႕ တုိက္စစ္ကုိ ဂုိးေပါက္မွာ မဟာတံတုိင္းႀကီးသဖြယ္ ကာကြယ္ေပးရတဲ့အလုပ္ျဖစ္ပါတယ္။ ဂုိးေပါက္ထဲ ကန္သြင္းမယ့္ ေဘာလုံးကုိပဲ အာရုံစုိက္ေနရတာျဖစ္တဲ့အတြက္ ဂုိးေပါက္ေရွ႕ကေန တစ္ဖဝါးမွခြာလုိ႔ မျဖစ္ပါဘူး။ ေလာကမွာ မထင္မွတ္တဲ့ရႈေထာင့္ကေန အံ့ၾသစရာရလဒ္ေတြကုိ ျဖစ္တတ္တဲ့ဓမၼတာနည္းတူ ဂုိးသမားတစ္ေယာက္ဟာ သက္တမ္းတစ္ေလ်ွာက္မွာ ဂုိး ၁ဝဝေက်ာ္သြင္းဖူးရင္ ယုံၾကမလား မသိဘူး။ မယုံမရွိနဲ႔ တကယ္ပါ။

You May Like : တရုတ္ႏုိင္ငံမွာ ဘာေၾကာင့္ ေအမာခန္း နာမည္ႀကီးတာလဲ

ဘရာဇီးႏုိင္ငံ ဆာအုိေပၚလုိကလပ္(São Paulo FC) က ဂုိးသမားႀကီး ရုိဂီရီယုိ ဆီနီ (Rogério Ceni) ဆုိရင္ ေဘာလုံးသမားသက္တမ္းတစ္ေလ်ွာက္မွာ ၿပိဳင္ပြဲစုံ ၁၃၁ဂုိးသြင္းယူၿပီး ဂုိးအမ်ားဆုံး သြင္းယူတဲ့ဂုိးသမား (Goalkeeper to have Scored the Most Goals) အျဖစ္ ဂင္းနစ္စံခ်ိန္တင္ (Guinness World Record) ထားပါေသးတယ္။ ရုိဂီရီယုိ ဆီနီရဲ႕ ဂုိးအေရအတြက္ဟာ မန္ယူေနာက္ခံလူေဟာင္း ရီယုိဖာဒီနန္ (Rio Ferdinand ) နဲ႔ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဂြ်န္တယ္ရီ (John Terry) သြင္းခဲ့တဲ့ ဂုိးအေရအတြက္ထက္ေတာင္ မ်ားပါေသးတယ္။ ဂုိးသမားႀကီး ရုိဂီရီယုိ ဆီနီဟာ အလြတ္တည္ကန္ေဘာ (Free Kick) နဲ႔ ပင္နယ္တီ (Pinalty) ကေန ဂုိးသြင္းယူခဲ့တာျဖစ္ပါတယ္။

rogerio-ceni-tecc81cnico-sao-paulo

ဆာအုိေပၚလုိကလပ္မွာ လူငယ္ေဘာလုံးသမားဘဝကေန ပြဲထြက္ဂုိးသမားအထိ ၁၉၉ဝခုႏွစ္ကေန ၂ဝ၁၅ခုႏွစ္အထိ ၂၅ႏွစ္တိတိ ကစားခဲ့ၿပီး ဘရာဇီးလိဂ္ခ်န္ပီယံ (Campeonato Brasileiro Série A) ၃ႀကိမ္အထိ ေအာင္ျမင္မႈရရွိခဲ့ပါတယ္။ ဘရာဇီးလက္ေရြးစင္အသင္းနဲ႔အတူ ၁၆ပြဲကစားခဲ့ၿပီး ၂ဝဝ၂ကမၻာ့ဖလားခ်န္ပီယံနဲ႔ ၁၉၉၇ တုိက္ႀကီးမ်ားဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ဂုိးသြင္းအမ်ားဆုံး ဂုိးသမားႀကီး ရုိဂီရီယုိ ဆီနီဟာ မိခင္ကလပ္ ဆာအုိေပၚလုိမွာ နည္းျပအျဖစ္ တာဝန္ထမ္းေဆာင္ေနလ်ွက္ရွိေၾကာင္းပါခင္ဗ်ာ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဂိုးသမားဆိုတာက ပြိုင်ဘက်ကစားသမားတွေရဲ့ တိုက်စစ်ကို ဂိုးပေါက်မှာ မဟာတံတိုင်းကြီးသဖွယ် ကာကွယ်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။ ဂိုးပေါက်ထဲ ကန်သွင်းမယ့် ဘောလုံးကိုပဲ အာရုံစိုက်နေရတာဖြစ်တဲ့အတွက် ဂိုးပေါက်ရှေ့ကနေ တစ်ဖဝါးမှခွာလို့ မဖြစ်ပါဘူး။ လောကမှာ မထင်မှတ်တဲ့ရှုထောင့်ကနေ အံ့သြစရာရလဒ်တွေကို ဖြစ်တတ်တဲ့ဓမ္မတာနည်းတူ ဂိုးသမားတစ်ယောက်ဟာ သက်တမ်းတစ်လျှောက်မှာ ဂိုး ၁ဝဝကျော်သွင်းဖူးရင် ယုံကြမလား မသိဘူး။ မယုံမရှိနဲ့ တကယ်ပါ။

You May Like : တရုတ်နိုင်ငံမှာ ဘာကြောင့် အေမာခန်း နာမည်ကြီးတာလဲ

ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုကလပ်(São Paulo FC) က ဂိုးသမားကြီး ရိုဂီရီယို ဆီနီ (Rogério Ceni) ဆိုရင် ဘောလုံးသမားသက်တမ်းတစ်လျှောက်မှာ ပြိုင်ပွဲစုံ ၁၃၁ဂိုးသွင်းယူပြီး ဂိုးအများဆုံး သွင်းယူတဲ့ဂိုးသမား (Goalkeeper to have Scored the Most Goals) အဖြစ် ဂင်းနစ်စံချိန်တင် (Guinness World Record) ထားပါသေးတယ်။ ရိုဂီရီယို ဆီနီရဲ့ ဂိုးအရေအတွက်ဟာ မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန် (Rio Ferdinand ) နဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီ (John Terry) သွင်းခဲ့တဲ့ ဂိုးအရေအတွက်ထက်တောင် များပါသေးတယ်။ ဂိုးသမားကြီး ရိုဂီရီယို ဆီနီဟာ အလွတ်တည်ကန်ဘော (Free Kick) နဲ့ ပင်နယ်တီ (Pinalty) ကနေ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

rogerio-ceni-tecc81cnico-sao-paulo

ဆာအိုပေါ်လိုကလပ်မှာ လူငယ်ဘောလုံးသမားဘဝကနေ ပွဲထွက်ဂိုးသမားအထိ ၁၉၉ဝခုနှစ်ကနေ ၂ဝ၁၅ခုနှစ်အထိ ၂၅နှစ်တိတိ ကစားခဲ့ပြီး ဘရာဇီးလိဂ်ချန်ပီယံ (Campeonato Brasileiro Série A) ၃ကြိမ်အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ၁၆ပွဲကစားခဲ့ပြီး ၂ဝဝ၂ကမ္ဘာ့ဖလားချန်ပီယံနဲ့ ၁၉၉၇ တိုက်ကြီးများဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ ဂိုးသွင်းအများဆုံး ဂိုးသမားကြီး ရိုဂီရီယို ဆီနီဟာ မိခင်ကလပ် ဆာအိုပေါ်လိုမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေလျှက်ရှိကြောင်းပါခင်ဗျာ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com