[Zawgyi]

ေဘာလုံးပဲြကစားေနတုန္း ဖုန္းပြတ္ခဲ့လုိ႔ ပဲြပယ္ခံရတဲ့ အက္သလက္တီကုိပါရာနီဆီ ဂုိးသမား

ဘရာဇီးလ္ကလပ္ အက္သလက္တီကုိပါရာနီဆီ Atletico Paranaense ဂုိးသမား ဆန္းတို႔စ္ Santos ရဲ႕ ျဖစ္ရပ္ကေတာ့ ရယ္စရာပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူဟာ ေဘာလုံးပဲြကစားေနခ်ိန္အတြင္း ဖုန္းပြတ္ေနခဲ့တဲ့အတြက္ ဘရာဇီးလ္အားကစားခုံ႐ုံးက (၁)ပဲြပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့တယ္။ ၿပီးခဲ့တဲ့ေမလ(၁၃)ရက္တုန္းက အက္သလက္တီကုိမင္နဲ႐ုိးနဲ႔ ကစားခဲ့တဲပဲြမွာ ဆန္းတို႔စ္ဟာ ပဲြကစားေနခ်ိန္အတြင္း ဖုန္းပြတ္ေနၿပီး ဒါက Uber ကုမၸဏီအတြက္ ေၾကာ္ျငာ႐ုိက္ကူးေပးခဲ့တဲ့သေဘာလည္းျဖစ္ပါတယ္။ အငွားကား၀န္ေဆာင္မႈ ေပးတဲ့ Uber ကုမၸဏီက အက္သလက္တီကုိပါရာနီဆီနဲ႔ သေဘာတူညီမႈရယူၿပီး ကားေမာင္းေနတဲ့အခ်ိန္မွာ ဖုန္းသုံးခဲ့ရင္ အႏၱရာယ္ရွိတယ္ဆုိတာကုိ ပညာေပးေၾကာ္ျငာသေဘာ ႐ုိက္ကူးခဲ့တာပါ။

Santos-has-been-banned-for-one-game-for-using-his-phone-during-a-game

Santos-has-been-banned-for-one-game-for-using-his-phone-during-a-game

ရည္ရြယ္ခ်က္က ေကာင္းေပမယ့္ လုပ္ရပ္က မွားယြင္းခဲ့တဲ့အတြက္ ဂုိးသမား ဆန္းတို႔စ္ေရာ၊ ပါရာနီဆီအသင္းပါ ဘရာဇီးလ္အားကစားခုံ႐ုံးရဲ႕ အေရးယူတာကုိ ခံခဲ့ရတယ္။ ဘရာဇီးလ္မွာ ခ်မွတ္ထားတဲ့စည္းမ်ဥ္းေတြအရ ေဘာလုံးသမားတစ္ဦးက ပဲြကစားေနခ်ိန္အတြင္း အားကစားနဲ႔မသက္ဆုိင္တဲ့အရာေတြ အသုံးျပဳတာကုိ ပိတ္ပင္ထားတာေၾကာင့္ ဆန္းတို႔စ္ရဲ႕ လုပ္ရပ္က စည္းမ်ဥ္းကုိ ခ်ိဳးေဖာက္သလုိျဖစ္ခဲ့ရတယ္။ ဒါေၾကာင့္ပဲ ဘရာဇီးလ္အားကစားခုံ႐ုံးက ဆန္းတို႔စ္ကုိ (၁)ပဲြပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့သလုိ ပါ၀င္ကူညီေပးခဲ့တဲ့ ပါရာနီဆီအသင္းကုိလည္း ဒဏ္ေငြေပါင္(၁၀၀၀၀)ခ်မွတ္ခဲ့တယ္။ ဆန္းတို႔စ္ကေတာ့ သူ႔ရဲ႕လုပ္ရပ္ကုိ အခုလုိ ကာကြယ္ေျပာဆုိခဲ့ပါတယ္။ ”ကၽြန္ေတာ္ ကြင္းထဲမွာ ဖုန္းသုံးေနသလုိ လူေတြအေတာ္မ်ားမ်ားက ကားေမာင္းေနရင္း ေန႔စဥ္ ဖုန္းသုံးေလ့ရွိပါတယ္။ ယာဥ္မေတာ္တဆမႈျဖစ္တာက ဂုိးေပးလုိက္ရတာထက္ ပုိအႏၱရာယ္ရွိတာကုိ ေျပာခ်င္တာပါ”။ ဘယ္လုိပဲျဖစ္ျဖစ္ပါ၊ ေနရာနဲ႔အေျခအေနကုိ မစဥ္းစားခဲ့တဲ့ ဆန္းတို႔စ္ကေတာ့ အခုတနဂၤေႏြေန႔မွာကစားမယ့္ ဗစ္တိုးရီးယားနဲ႔ပဲြကုိ လဲြေခ်ာ္မွာျဖစ္ပါတယ္။

Uefa-have-fined-Denmark-striker-Nicklas-Bendtner

Uefa-have-fined-Denmark-striker-Nicklas-Bendtner

အရင္တုန္းကလည္း ဒိန္းမတ္တိုက္စစ္မွဴး ဘန္တနာ Bendtner ဟာ ၂၀၁၆ ခုႏွစ္တုန္းက ေပၚတူဂီနဲ႔ကစားခဲ့တဲ့ပဲြမွာ ဂုိးသြင္းအၿပီး ေလာင္းကစားကုမၸဏီ Paddy Power ကုိ ေၾကညာတဲ့အေနနဲ႔ အဲဒီကုမၸဏီ တံဆိပ္႐ုိပ္ႏွိပ္ထားတဲ့ အတြင္းခံကုိ ျပသေအာင္ပဲြခံခဲ့လုိ႔ ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္(UEFA)က ဒဏ္ေငြေပါင္(၈၀၀၀၀) ခ်မွတ္ခဲ့ပါတယ္။

REF:The Sun
Photo:Gazeta do Povo,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးပွဲကစားနေတုန်း ဖုန်းပွတ်ခဲ့လို့ ပွဲပယ်ခံရတဲ့ အက်သလက်တီကိုပါရာနီဆီ ဂိုးသမား

ဘရာဇီးလ်ကလပ် အက်သလက်တီကိုပါရာနီဆီ Atletico Paranaense ဂိုးသမား ဆန်းတို့စ် Santos ရဲ့ ဖြစ်ရပ်ကတော့ ရယ်စရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဘောလုံးပွဲကစားနေချိန်အတွင်း ဖုန်းပွတ်နေခဲ့တဲ့အတွက် ဘရာဇီးလ်အားကစားခုံရုံးက (၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ ပြီးခဲ့တဲ့မေလ(၁၃)ရက်တုန်းက အက်သလက်တီကိုမင်နဲရိုးနဲ့ ကစားခဲ့တဲပွဲမှာ ဆန်းတို့စ်ဟာ ပွဲကစားနေချိန်အတွင်း ဖုန်းပွတ်နေပြီး ဒါက Uber ကုမ္ပဏီအတွက် ကြော်ငြာရိုက်ကူးပေးခဲ့တဲ့သဘောလည်းဖြစ်ပါတယ်။ အငှားကားဝန်ဆောင်မှု ပေးတဲ့ Uber ကုမ္ပဏီက အက်သလက်တီကိုပါရာနီဆီနဲ့ သဘောတူညီမှုရယူပြီး ကားမောင်းနေတဲ့အချိန်မှာ ဖုန်းသုံးခဲ့ရင် အန္တရာယ်ရှိတယ်ဆိုတာကို ပညာပေးကြော်ငြာသဘော ရိုက်ကူးခဲ့တာပါ။

Santos-has-been-banned-for-one-game-for-using-his-phone-during-a-game

Santos-has-been-banned-for-one-game-for-using-his-phone-during-a-game

ရည်ရွယ်ချက်က ကောင်းပေမယ့် လုပ်ရပ်က မှားယွင်းခဲ့တဲ့အတွက် ဂိုးသမား ဆန်းတို့စ်ရော၊ ပါရာနီဆီအသင်းပါ ဘရာဇီးလ်အားကစားခုံရုံးရဲ့ အရေးယူတာကို ခံခဲ့ရတယ်။ ဘရာဇီးလ်မှာ ချမှတ်ထားတဲ့စည်းမျဉ်းတွေအရ ဘောလုံးသမားတစ်ဦးက ပွဲကစားနေချိန်အတွင်း အားကစားနဲ့မသက်ဆိုင်တဲ့အရာတွေ အသုံးပြုတာကို ပိတ်ပင်ထားတာကြောင့် ဆန်းတို့စ်ရဲ့ လုပ်ရပ်က စည်းမျဉ်းကို ချိုးဖောက်သလိုဖြစ်ခဲ့ရတယ်။ ဒါကြောင့်ပဲ ဘရာဇီးလ်အားကစားခုံရုံးက ဆန်းတို့စ်ကို (၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို ပါဝင်ကူညီပေးခဲ့တဲ့ ပါရာနီဆီအသင်းကိုလည်း ဒဏ်ငွေပေါင်(၁၀၀၀၀)ချမှတ်ခဲ့တယ်။ ဆန်းတို့စ်ကတော့ သူ့ရဲ့လုပ်ရပ်ကို အခုလို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ”ကျွန်တော် ကွင်းထဲမှာ ဖုန်းသုံးနေသလို လူတွေအတော်များများက ကားမောင်းနေရင်း နေ့စဉ် ဖုန်းသုံးလေ့ရှိပါတယ်။ ယာဉ်မတော်တဆမှုဖြစ်တာက ဂိုးပေးလိုက်ရတာထက် ပိုအန္တရာယ်ရှိတာကို ပြောချင်တာပါ”။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ နေရာနဲ့အခြေအနေကို မစဉ်းစားခဲ့တဲ့ ဆန်းတို့စ်ကတော့ အခုတနင်္ဂနွေနေ့မှာကစားမယ့် ဗစ်တိုးရီးယားနဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

Uefa-have-fined-Denmark-striker-Nicklas-Bendtner

Uefa-have-fined-Denmark-striker-Nicklas-Bendtner

အရင်တုန်းကလည်း ဒိန်းမတ်တိုက်စစ်မှူး ဘန်တနာ Bendtner ဟာ ၂၀၁၆ ခုနှစ်တုန်းက ပေါ်တူဂီနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းအပြီး လောင်းကစားကုမ္ပဏီ Paddy Power ကို ကြေညာတဲ့အနေနဲ့ အဲဒီကုမ္ပဏီ တံဆိပ်ရိုပ်နှိပ်ထားတဲ့ အတွင်းခံကို ပြသအောင်ပွဲခံခဲ့လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဒဏ်ငွေပေါင်(၈၀၀၀၀) ချမှတ်ခဲ့ပါတယ်။

REF:The Sun
Photo:Gazeta do Povo,Twitter
Naing Linn(Akhayar)
www.akhayar.com