This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ အသက္အႀကီးဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့တဲ့ အီဂ်စ္ဂုိးသမား အယ္လ္ဟာဒရီ El-Hadary

အီဂ်စ္အသင္းရဲ႕ ၀ါရင့္ဂုိးသမားႀကီး အယ္လ္ဟာဒရီ El-Hadary ဟာ ေဆာ္ဒီကုိ ႐ႈံးနိမ့္ခဲ့တဲ့ပဲြမွာ ပါ၀င္ကစားခဲ့ၿပီး ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ အသက္အႀကီးဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့သလုိ ပယ္နယ္တီ တစ္ႀကိမ္ကုိလည္း လက္စြမ္းျပကာကြယ္ႏုိင္ခဲ့ပါတယ္။ အီဂ်စ္အသင္းဟာ ဥ႐ုေဂြး၊ ႐ုရွား၊ ေဆာ္ဒီတို႔ကုိ ဆက္တိုက္ ႐ႈံးနိမ့္ခဲ့ၿပီး စိတ္ပ်က္စရာရလဒ္နဲ႔ အုပ္စုအဆင့္ကထြက္ခဲ့ရေပမယ့္လည္း အယ္လ္ဟာဒရီက အီဂ်စ္ႏုိင္ငံအတြက္ ဂုဏ္ယူစရာမွတ္တမ္းတစ္ခုကုိ ရယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

El-Hadary-Save-Penalty

El-Hadary-Save-Penalty

အသက္(၄၅)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အယ္လ္ဟာဒရီဟာ ေဆာ္ဒီနဲ႔ပဲြမွာ အသင္းေခါင္းေဆာင္အျဖစ္ ပါ၀င္ကစားခြင့္ရရွိခဲ့တာျဖစ္သလုိ ဒါဟာ သူ႔အတြက္ ပထမဆုံးကမၻာ႔ဖလားပဲြစဥ္ျဖစ္ပါတယ္။ အသက္(၂၃)ႏွစ္အရြယ္ ၁၉၉၆ ခုႏွစ္ကတည္းက အီဂ်စ္လက္ေရြးစင္အသင္းမွာ စတင္ေရြးခ်ယ္ခံခဲ့ရတဲ့ အယ္လ္ဟာဒရီအေနနဲ႔ လက္ေရြးစင္အသင္းအတြက္ (၁၅၉)ပဲြကစားထားၿပီး အသင္းနဲ႔အတူ အာဖရိကဖလား(၄)ႀကိမ္ရယူခဲ့သူပါ။ အယ္လ္ဟာဒရီမတိုင္ခင္က ကုိလံဘီယာနာမည္ေက်ာ္ဂုိးသမား မြန္ဒရာဂြန္ Mondragon က ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလား ဂ်ပန္နဲ႔ကစားခဲ့တဲ့ပဲြမွာ ပါ၀င္ကစားခဲ့ၿပီး အဲဒီတုန္းက သူ႔အသက္က (၄၃)ႏွစ္၊ (၃)ရက္အထိရွိၿပီျဖစ္လုိ႔ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕အသက္အႀကီးဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့တယ္။ အခုအခ်ိန္မွာေတာ့ အယ္လ္ဟာဒရီက စံခ်ိန္သစ္တင္ႏုိင္ခဲ့တာျဖစ္ၿပီး ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ အသက္အႀကီးဆုံးကစားသမားစာရငး္မွာ ဂုိးသမားအမ်ားစုသာ ပါ၀င္ခဲ့တာကေတာ့ တကယ့္ကုိ ထူးျခားမႈတစ္ခုပါပဲ။

ကမၻာ႔ဖလားသမုိင္းတစ္ေလွ်ာက္အသက္အႀကီးဆုံးကစားသမားမ်ား

အယ္လ္ဟာဒရီ (အီဂ်စ္) ၄၅ႏွစ္၊ ၄လ၊ ၁၀ရက္ ေဆာ္ဒီ (၂၀၁၈)
မြန္ဒရာဂြန္(ကုိလံဘီယာ) ၄၃ႏွစ္၊ ၃ရက္ ဂ်ပန္(၂၀၁၄)
ေရာ္ဂ်ာမီလာ (ကင္မရြန္း) ၄၃ႏွစ္၊၁လ၊ ၈ ရက္ ႐ုရွား (၁၉၉၄)
ပက္ဂ်င္နင္း(ႏုိက္ဂ်ီးရီးယား) ၄၁ႏွစ္ ဘရာဇီးလ္ (၁၉၈၆)
ပီတာရွယ္လ္တန္ (အဂၤလန္) ၄၀ႏွစ္၊ ၉လ၊ ၁၈ရက္ အီတလီ (၁၉၉၀)
ဒီႏုိေဇာ့ဖ္ (အီတလီ) ၄၀ႏွစ္၊ ၄ လ၊ ၁၃ရက္ အေနာက္ဂ်ာမနီ (၁၉၈၂)
ဘြန္နီဂ်ယ္လ္ (တူနီးရွား) ၄၀ႏွစ္၊ ၂လ၊ ၁၀ရက္ ယူကရိန္း (၂၀၀၆)
ဂ်င္ေလတန္ (စေကာ့တလန္) ၃၉ႏွစ္၊ ၁၀လ၊ ၃၀ရက္ ေမာ္႐ုိကုိ (၁၉၉၈)
ေဒးဗစ္ဂ်ိမ္းစ္(အဂၤလန္) ၃၉ႏွစ္၊ ၁၀လ၊ ၂၆ရက္ ဂ်ာမနီ (၂၀၁၀)
လာဘ႐ူနာ (အာဂ်င္တီးနား) ၃၉ႏွစ္၊ ၈လ၊ ၁၈ရက္ ခ်က္ကုိဆလုိဗက္ကီးယား (၁၉၅၈)
(မွတ္ခ်က္ – ေရာ္ဂ်ာမီလာတစ္ဦးသာ တိုက္စစ္မွဴးျဖစ္ၿပီး က်န္ကစားသမားမ်ားမွာ ဂုိးသမားမ်ားျဖစ္ပါသည္)

REF:Daily Mail
Photo:FIFA
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ အီဂျစ်ဂိုးသမား အယ်လ်ဟာဒရီ El-Hadary

အီဂျစ်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီး အယ်လ်ဟာဒရီ El-Hadary ဟာ ဆော်ဒီကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သလို ပယ်နယ်တီ တစ်ကြိမ်ကိုလည်း လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ အီဂျစ်အသင်းဟာ ဥရုဂွေး၊ ရုရှား၊ ဆော်ဒီတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်စရာရလဒ်နဲ့ အုပ်စုအဆင့်ကထွက်ခဲ့ရပေမယ့်လည်း အယ်လ်ဟာဒရီက အီဂျစ်နိုင်ငံအတွက် ဂုဏ်ယူစရာမှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

El-Hadary-Save-Penalty

El-Hadary-Save-Penalty

အသက်(၄၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်လ်ဟာဒရီဟာ ဆော်ဒီနဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်သလို ဒါဟာ သူ့အတွက် ပထမဆုံးကမ္ဘာ့ဖလားပွဲစဉ်ဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ် ၁၉၉၆ ခုနှစ်ကတည်းက အီဂျစ်လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရတဲ့ အယ်လ်ဟာဒရီအနေနဲ့ လက်ရွေးစင်အသင်းအတွက် (၁၅၉)ပွဲကစားထားပြီး အသင်းနဲ့အတူ အာဖရိကဖလား(၄)ကြိမ်ရယူခဲ့သူပါ။ အယ်လ်ဟာဒရီမတိုင်ခင်က ကိုလံဘီယာနာမည်ကျော်ဂိုးသမား မွန်ဒရာဂွန် Mondragon က ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဂျပန်နဲ့ကစားခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး အဲဒီတုန်းက သူ့အသက်က (၄၃)နှစ်၊ (၃)ရက်အထိရှိပြီဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တယ်။ အခုအချိန်မှာတော့ အယ်လ်ဟာဒရီက စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးကစားသမားစာရင်းမှာ ဂိုးသမားအများစုသာ ပါဝင်ခဲ့တာကတော့ တကယ့်ကို ထူးခြားမှုတစ်ခုပါပဲ။

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်အသက်အကြီးဆုံးကစားသမားများ

အယ်လ်ဟာဒရီ (အီဂျစ်) ၄၅နှစ်၊ ၄လ၊ ၁၀ရက် ဆော်ဒီ (၂၀၁၈)
မွန်ဒရာဂွန်(ကိုလံဘီယာ) ၄၃နှစ်၊ ၃ရက် ဂျပန်(၂၀၁၄)
ရော်ဂျာမီလာ (ကင်မရွန်း) ၄၃နှစ်၊၁လ၊ ၈ ရက် ရုရှား (၁၉၉၄)
ပက်ဂျင်နင်း(နိုက်ဂျီးရီးယား) ၄၁နှစ် ဘရာဇီးလ် (၁၉၈၆)
ပီတာရှယ်လ်တန် (အင်္ဂလန်) ၄၀နှစ်၊ ၉လ၊ ၁၈ရက် အီတလီ (၁၉၉၀)
ဒီနိုဇော့ဖ် (အီတလီ) ၄၀နှစ်၊ ၄ လ၊ ၁၃ရက် အနောက်ဂျာမနီ (၁၉၈၂)
ဘွန်နီဂျယ်လ် (တူနီးရှား) ၄၀နှစ်၊ ၂လ၊ ၁၀ရက် ယူကရိန်း (၂၀၀၆)
ဂျင်လေတန် (စကော့တလန်) ၃၉နှစ်၊ ၁၀လ၊ ၃၀ရက် မော်ရိုကို (၁၉၉၈)
ဒေးဗစ်ဂျိမ်းစ်(အင်္ဂလန်) ၃၉နှစ်၊ ၁၀လ၊ ၂၆ရက် ဂျာမနီ (၂၀၁၀)
လာဘရူနာ (အာဂျင်တီးနား) ၃၉နှစ်၊ ၈လ၊ ၁၈ရက် ချက်ကိုဆလိုဗက်ကီးယား (၁၉၅၈)
(မှတ်ချက် – ရော်ဂျာမီလာတစ်ဦးသာ တိုက်စစ်မှူးဖြစ်ပြီး ကျန်ကစားသမားများမှာ ဂိုးသမားများဖြစ်ပါသည်)

REF:Daily Mail
Photo:FIFA
Naing Linn(Akhayar)
www.akhayar.com