
Google Gmail





Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Gmail ကို Major Design ပြောင်းလဲမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Google ရဲ့ Gmail ဒီဇိုင်းဟာ ပြောင်းလဲမှုမရှိခဲ့တာ နှစ်နဲ့ချီပြီဖြစ်ပါတယ်။ ဒါပေမယ့် အခု Gmail က အခု ဒီဇိုင်းပြောင်းလဲမှုတွေထက် ပိုပြီး ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုရှိနေပါတယ်။

Google Gmail

အဲ့ဒါကတော့ Gmail မှာ Confidential Mode ဆိုတဲ့ Feature အသစ်ပါလာတာတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ Confidential Mode ကတော့ ကိုယ် Mail တွေကို မပေးပို့ခင်မှာတင် ဘယ်အချိန်မှာ Expired ဖြစ်ပြီး အလိုအလျောက်ပျက်သွားမလဲဆိုတာကိုပါ သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပေးပို့တဲ့သူက Passcode မသိရင် ဖွင့်လို့မရအောင်လည်း Passcode Security Option ပါ ပါဝင်လာမှာပဲဖြစ်ပါတယ်။

Gmail New Confidential Mode

အခုလိုမျိုး Gmail မှာ Feature အသစ်တွေပါဝင်လာတာက အလွန်ကောင်းသလို လုံခြုံရေးပိုင်းအတွက်လည်း ပိုပြီး အဆင့်မြင့်လာပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ အခုလိုမျိုး Passcode ထည့်သွင်းလို့ရတာ၊ ဘယ်အချိန်မှာ ပျက်သွားမယ်ဆိုတာကို သတ်မှတ်လို့ရတာတွေက အခြားသော Gmail မဟုတ်တဲ့ Mail Client တွေနဲ့ဆိုရင်ရောအလုပ်လုပ်မလားဆိုတာကတော့ အခု Feature တကယ်ထွက်လာတော့မှ ဆက်လက်စောင့်ကြည့်ရမှာပါ။

ဘာပဲဖြစ်ဖြစ် Google Gmail ရဲ့ အချိန်အကြာကြီးနေမှ ပြောင်းလဲမှုကတော့ အသုံးပြုသူတွေအတွက် ပိုပြီး အဆင်ပြေစေမယ့်ပုံပါပဲ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com