
Gmail





Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Gmail ဆိုတာက လူတိုင်းကို အသုံးပြုနေကြတဲ့ Email Service တစ်ခုဖြစ်မှာပါ။ တကယ်လို့ အလုပ်နဲ့ သက်ဆိုင်တဲ့ Mail တစ်ခုခုကို ပို့တော့မယ်ဆိုရင် Attachment ကျန်သွားတာ၊ ဒါမှမဟုတ် စာလုံးပေါင်းမှားသွားတာတွေကို ကြုံချင်မှာ မဟုတ်ပါဘူး။

Gmail

အဲ့ဒီအတွက် Google ကနေ Undo Send ဆိုတဲ့ Feature တစ်ခုကို ထည့်သွင်းပေးထားပြီး အဆိုပါ Feature က Mail ပို့ပြီး ၁၀ စက္ကန့်အတွင်းမှာ ပြန်လည်ဖျက်ပစ်နိုင်တဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု Undo Send Feature ကို ယခင်က Web Browser မှာပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပြီးတော့ Mobile Device တွေမှာတော့ ရရှိခဲ့ခြင်းမရှိပါဘူး။

အခုလက်ရှိနောက်ဆုံး သိရတဲ့သတင်းတွေအရတော့ Google ဟာ အဆိုပါ Undo Send Feature ကို Android OS ပေါ်ကို ယူဆောင်လာတော့မှာဖြစ်ပြီး Android Police ရဲ့ အဆိုအရတော့ Gmail Version 8.7 ရှိတဲ့ Android Device တွေမှာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု Update ဟာ Google ရဲ့ Server Side Update တစ်ခုဖြစ်တဲ့အတွက် အခု Version မတင်ထားတဲ့သူတွေလည်း အသုံးပြုလို့ရလာနိုင်ပါတယ်။

Gmail Undo Send Android

အဲ့ဒီအတွက် Gmail မှာ Mail တွေ မှားယွင်းပြီး ပို့မိမှာကို စိတ်ပူနေတဲ့သူတွေအတွက်ကတော့ အခုသတင်းက သတင်းကောင်းတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ တကယ်လို့ အခုချက်ချင်း Undo Send ကို အသုံးပြုချင်တယ်ဆိုရင်တော့ Google ရဲ့ Inbox App ကိုပဲ အသုံးပြုတာ ပိုအဆင်ပြေဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com