
Gmail Swipe Action



Gmail Swipe Action



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ရဲ့ Gmail ဟာ လက်ရှိအချိန်မှာ အသုံးမပြုတဲ့သူ မရှိသလောက်ကို အရေးပါနေပြီဖြစ်ပါတယ်။ Gmail ကို အသုံးပြုတဲ့အချိန်မှာလည်း ကွန်ပျူတာနဲ့ အသုံးပြုတာက ပိုပြီး အဆင်ပြေတယ်ဆိုပေမယ့် လူအများစုကတော့ စမတ်ဖုန်းနဲ့ပဲ ပိုပြီး အသုံးပြုနေတာပါ။

Gmail Swipe Action

Gmail ဟာ Web Browser Version မှာ ပြီးခဲ့တဲ့လပိုင်းတုန်းက အချိန်အကြာကြီးနေမှ ဒီဇိုင်းအပြောင်းအလဲကြီးကြီးမားမားရှိခဲ့ပေမယ့် Android အတွက် Gmail App ကတော့ ပြောင်းလဲမှုတွေ ကြီးကြီးမားမားမရှိခဲ့ပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ Android အတွက် Gmail App ကို အသုံးဝင်တဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ အခု Feature ကတော့ Gmail မှာ Mail တစ်ခုကို ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကို Swipe လုပ်လိုက်ရင် Archive လုပ်သွားမယ့်အစား ကိုယ်နှစ်သက်တဲ့ Function ကို အစားထိုးနိုင်လာတာပဲဖြစ်ပါတယ်။

Gmail Swipe Action

ဒါက သေးငယ်တဲ့ Feature Update တစ်ခုဖြစ်ပေမယ့် ကိုယ်အသုံးအများဆုံး Feature ၂ ခုကို အခုလိုမျိုး Swipe Feature ကိုအသုံးပြုနိုင်တာက လက်တွေ့မှာတကယ်အသုံးဝင်တဲ့ Feature ဖြစ်လာနိုင်ပါတယ်။

အခု Swipe Action တွေကို Android မှာပဲ အသုံးပြုနိုင်သေးတာဖြစ်ပြီး iOS မှာတော့ အသုံးမပြုနိုင်မှာမဟုတ်သေးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com