[Zawgyi]

တစ္ေခတ္တစ္ခါတုန္းက ေဘာလုံးေလာကမွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္အတဲြမ်ား (၁)

ေမာ္ဒန္ေဘာလုံးေလာကမွာ (၄-၂-၃-၁)ကစားကြက္ ေခတ္စားလာတာနဲ႔အမွ် တိုက္စစ္မွဴး (၂)ဦးထား ကစားတဲ့ အသင္းေတြ သိပ္မရွိေတာ့ဘူး။ အရင္ကဆုိရင္ (၄-၄-၂) ကစားကြက္နဲ႔ ေအာင္ျမင္မႈ ရယူခဲ့တဲ့ အသင္းေတြ အမ်ားႀကီးရွိၿပီး အဲဒီကစားကြက္နဲ႔အတူ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္အတြဲအဖက္ေတြလည္း အမ်ားႀကီးပါပဲ။ ဒါေၾကာင့္ တစ္ေခတ္တစ္ခါတုန္းက ေဘာလုံးေလာကမွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္အတြဲအဖက္ေတြကုိ ပရိသတ္ေတြ ျပန္ သတိရႏုိင္ဖုိ႔အတြက္ ေဖာ္ျပလုိက္ရပါတယ္။

Ian Rush & Kenny Dalglish (Liverpool)

Ian-Rush-Kenny-Dalglish

Ian-Rush-Kenny-Dalglish

လီဗာပူးလ္အသင္း ေအာင္ျမင္မႈေတြကုိ ျပန္ေျပာရင္ အီယန္ရပ္ရွ္နဲ႔ ဒဲဂလစ္ရွ္တို႔ရဲ႕ အခန္းက႑ကုိ ေမ့ထားလုိ႔ မရဘူး။ ဒဲဂလစ္ရွ္က ေဘာလုံးစြမ္းရည္ ျပည့္၀သူ၊ အီယန္ရပ္ရွ္က Pace ၊ Finishing Ability ေကာင္းသူ။ သူတို႔ႏွစ္ဦးက ၁၉၈၀ ၀န္းက်င္မွာ လီဗာပူးလ္အသင္းအတြက္ ေအာင္ျမင္မႈေတြရေအာင္ ဦးေဆာင္ခ့ဲသူေတြလုိ႔ ဆုိရမွာပါ။

Alan Shearer & Chris Sutton (Blackburn)

Alan-Shearer-Chris-Sutton-

Alan-Shearer-Chris-Sutton-

ပရီးမီးယားလိဂ္ ေခတ္ဦးမွာ ဘလက္ဘန္းအသင္းအတြက္ အမွတ္ေပးခ်န္ပီယံဆု ရရွိေအာင္ အတဲြညီညီ ေျခစြမ္းျပခဲ့သူေတြက အလန္ရွီးယားနဲ႔ ခရစၥဆပ္တန္ပါပဲ။ ‘SAS’ လုိ႔ တင္စားခံခဲ့ရတဲ့ အလန္ရွီးယားနဲ႔ ဆပ္တန္တို႔ဟာ ၁၉၉၄-၉၅ ရာသီမွာ ႏွစ္ဦးေပါင္း (၄၉)ဂုိးအထိသြင္းခဲ့ၿပီး ၁၉၁၄ ေနာက္ပုိင္းေ၀းကြာခဲ့တဲ့ အမွတ္ေပးဖလားကုိ ရယူေပးခဲ့တယ္။

Filippo Inzaghi & Alessandro Del Piero (Juventus)

Filippo-Inzaghi-Alessandro-Del-Piero

Filippo-Inzaghi-Alessandro-Del-Piero

တစ္ခ်ိန္က ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္ကုိ အေကာင္းဆုံး ဦးေဆာင္ခဲ့ၾကသူေတြျဖစ္ပါတယ္။ အဲဒီတုန္းက အင္ဇာဂီ၊ ဒယ္လ္ပီယာ႐ုိတို႔အျပင္ ျပင္သစ္ ဂႏၳ၀င္ကစားသမား ဇီဒန္း Zinedine Zidane တို႔ရဲ႕ ေပါင္းစပ္မႈေၾကာင့္ ၁၉၉၇-၉၈ ရာသီမွာ အသင္းကုိ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြေရာက္ေအာင္ ပုိ႔ေဆာင္ႏုိင္ခဲ့တယ္။

Marcelo Salas & Christian Vieri (Lazio)

Marcelo-Salas-Christian-Vieri

Marcelo-Salas-Christian-Vieri

၂၀၀၀ ပတ္၀န္းက်င္ကာလေတြမွာ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္မွဴးေတြပါ။ မာဆယ္လုိဆာလက္စ္နဲ႔ ဗီယာရီတို႔ဟာ ၁၉၉၈-၉၉ ရာသီတုန္းက လာဇီယုိအသင္းမွာ တဲြဖက္ကစားခဲ့ၿပီး (၁၅)ဂုိးစီ သြင္းယူခဲ့သလုိ စီးရီးေအမွာ အဆင့္(၂)ေနရာေရာက္ေအာင္ ပုိ႔ေဆာင္ေပးခဲ့တယ္။ ႏွေျမာဖုိ႔ေကာင္းတာက သူတို႔ႏွစ္ဦးဟာ လာဇီယုိအသင္းမွာ တစ္ရာသီသာ ကစားခဲ့တာပါပဲ။

Andy Cole & Dwight Yorke (Man United)

Andy-Cole-Dwight-Yorke

Andy-Cole-Dwight-Yorke

မန္ယူအသင္း သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးတိုက္စစ္ အတြဲအဖက္ေတြထဲမွာ အန္ဒီကုိးလ္နဲ႔ ဒိြဳက္ေယာ့ခ္အတဲြလည္း အပါအ၀င္ျဖစ္ပါတယ္။ ၁၉၉၈-၉၉ ရာသီ မန္ယူအသင္းရဲ႕ Treble Victory မွာ အန္ဒီကုိးလ္၊ ဒြိဳက္ေယာ့ခ္တို႔ရဲ႕ စြမ္းေဆာင္ရည္က အဓိက်ခဲ့တယ္။

Vincenzo Montella & Marco Delvecchio (Roma)

Vincenzo-Montella-Marco-Delvecchio

Vincenzo-Montella-Marco-Delvecchio

႐ုိးမားအသင္းရဲ႕ ေရႊေခတ္မွာ မြန္တဲလားနဲ႔ ဒယ္လ္ဗက္ခီယုိ တိုက္စစ္အတြဲက အဓိကေနရာမွာ ပါ၀င္ခဲ့တယ္။ သူတို႔ႏွစ္ဦးရဲ႕ ပုံရိပ္ေတြက ႐ုိးမားပရိသတ္ေတြရဲ႕ ရင္ထဲမွာ အၿမဲတမ္းရွိေနဦးမွာပါ။

တစ္ေခတ္တစ္ခါတုန္းက ေဘာလုံးေလာကမွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္အတဲြမ်ား အေၾကာင္းကုိ အပုိင္း (၁)အျဖစ္ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အပုိင္း(၂)ကုိလည္း ဆက္လက္ေဖာ္ျပသြားမွာျဖစ္လုိ႔ ေစာင့္ေမွ်ာ္ ဖတ္႐ႈၾကပါဦး . .

REF:dreamteamfc
Photo:dreamteamfc,Pinterest,Getty Images,Twitter,Al Arabiya English
Naing Linn(Akhayar)
www.akhayar.com

[Unicode]

တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တိုက်စစ်အတွဲများ (၁)

မော်ဒန်ဘောလုံးလောကမှာ (၄-၂-၃-၁)ကစားကွက် ခေတ်စားလာတာနဲ့အမျှ တိုက်စစ်မှူး (၂)ဦးထား ကစားတဲ့ အသင်းတွေ သိပ်မရှိတော့ဘူး။ အရင်ကဆိုရင် (၄-၄-၂) ကစားကွက်နဲ့ အောင်မြင်မှု ရယူခဲ့တဲ့ အသင်းတွေ အများကြီးရှိပြီး အဲဒီကစားကွက်နဲ့အတူ ထင်ရှားကျော်ကြားခဲ့တဲ့ တိုက်စစ်အတွဲအဖက်တွေလည်း အများကြီးပါပဲ။ ဒါကြောင့် တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တိုက်စစ်အတွဲအဖက်တွေကို ပရိသတ်တွေ ပြန် သတိရနိုင်ဖို့အတွက် ဖော်ပြလိုက်ရပါတယ်။

Ian Rush & Kenny Dalglish (Liverpool)

Ian-Rush-Kenny-Dalglish

Ian-Rush-Kenny-Dalglish

လီဗာပူးလ်အသင်း အောင်မြင်မှုတွေကို ပြန်ပြောရင် အီယန်ရပ်ရှ်နဲ့ ဒဲဂလစ်ရှ်တို့ရဲ့ အခန်းကဏ္ဍကို မေ့ထားလို့ မရဘူး။ ဒဲဂလစ်ရှ်က ဘောလုံးစွမ်းရည် ပြည့်ဝသူ၊ အီယန်ရပ်ရှ်က Pace ၊ Finishing Ability ကောင်းသူ။ သူတို့နှစ်ဦးက ၁၉၈၀ ဝန်းကျင်မှာ လီဗာပူးလ်အသင်းအတွက် အောင်မြင်မှုတွေရအောင် ဦးဆောင်ခဲ့သူတွေလို့ ဆိုရမှာပါ။

Alan Shearer & Chris Sutton (Blackburn)

Alan-Shearer-Chris-Sutton-

Alan-Shearer-Chris-Sutton-

ပရီးမီးယားလိဂ် ခေတ်ဦးမှာ ဘလက်ဘန်းအသင်းအတွက် အမှတ်ပေးချန်ပီယံဆု ရရှိအောင် အတွဲညီညီ ခြေစွမ်းပြခဲ့သူတွေက အလန်ရှီးယားနဲ့ ခရစ္စဆပ်တန်ပါပဲ။ ‘SAS’ လို့ တင်စားခံခဲ့ရတဲ့ အလန်ရှီးယားနဲ့ ဆပ်တန်တို့ဟာ ၁၉၉၄-၉၅ ရာသီမှာ နှစ်ဦးပေါင်း (၄၉)ဂိုးအထိသွင်းခဲ့ပြီး ၁၉၁၄ နောက်ပိုင်းဝေးကွာခဲ့တဲ့ အမှတ်ပေးဖလားကို ရယူပေးခဲ့တယ်။

Filippo Inzaghi & Alessandro Del Piero (Juventus)

Filippo-Inzaghi-Alessandro-Del-Piero

Filippo-Inzaghi-Alessandro-Del-Piero

တစ်ချိန်က ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။ အဲဒီတုန်းက အင်ဇာဂီ၊ ဒယ်လ်ပီယာရိုတို့အပြင် ပြင်သစ် ဂန္ထဝင်ကစားသမား ဇီဒန်း Zinedine Zidane တို့ရဲ့ ပေါင်းစပ်မှုကြောင့် ၁၉၉၇-၉၈ ရာသီမှာ အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်နိုင်ခဲ့တယ်။

Marcelo Salas & Christian Vieri (Lazio)

Marcelo-Salas-Christian-Vieri

Marcelo-Salas-Christian-Vieri

၂၀၀၀ ပတ်ဝန်းကျင်ကာလတွေမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ တိုက်စစ်မှူးတွေပါ။ မာဆယ်လိုဆာလက်စ်နဲ့ ဗီယာရီတို့ဟာ ၁၉၉၈-၉၉ ရာသီတုန်းက လာဇီယိုအသင်းမှာ တွဲဖက်ကစားခဲ့ပြီး (၁၅)ဂိုးစီ သွင်းယူခဲ့သလို စီးရီးအေမှာ အဆင့်(၂)နေရာရောက်အောင် ပို့ဆောင်ပေးခဲ့တယ်။ နှမြောဖို့ကောင်းတာက သူတို့နှစ်ဦးဟာ လာဇီယိုအသင်းမှာ တစ်ရာသီသာ ကစားခဲ့တာပါပဲ။

Andy Cole & Dwight Yorke (Man United)

Andy-Cole-Dwight-Yorke

Andy-Cole-Dwight-Yorke

မန်ယူအသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ် အတွဲအဖက်တွေထဲမှာ အန်ဒီကိုးလ်နဲ့ ဒွိုက်ယော့ခ်အတွဲလည်း အပါအဝင်ဖြစ်ပါတယ်။ ၁၉၉၈-၉၉ ရာသီ မန်ယူအသင်းရဲ့ Treble Victory မှာ အန်ဒီကိုးလ်၊ ဒွိုက်ယော့ခ်တို့ရဲ့ စွမ်းဆောင်ရည်က အဓိကျခဲ့တယ်။

Vincenzo Montella & Marco Delvecchio (Roma)

Vincenzo-Montella-Marco-Delvecchio

Vincenzo-Montella-Marco-Delvecchio

ရိုးမားအသင်းရဲ့ ရွှေခေတ်မှာ မွန်တဲလားနဲ့ ဒယ်လ်ဗက်ခီယို တိုက်စစ်အတွဲက အဓိကနေရာမှာ ပါဝင်ခဲ့တယ်။ သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေက ရိုးမားပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်းရှိနေဦးမှာပါ။

တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တိုက်စစ်အတွဲများ အကြောင်းကို အပိုင်း (၁)အဖြစ် ဖော်ပြခဲ့တာဖြစ်ပါတယ်။ အပိုင်း(၂)ကိုလည်း ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော် ဖတ်ရှုကြပါဦး . .

REF:dreamteamfc
Photo:dreamteamfc,Pinterest,Getty Images,Twitter,Al Arabiya English
Naing Linn(Akhayar)
www.akhayar.com