[Zawgyi]

တစ္ေခတ္တစ္ခါတုန္းက ေဘာလုံးေလာကမွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္အတဲြမ်ား (၂)

ေမာ္ဒန္ေဘာလုံးေလာကမွာ (၄-၂-၃-၁)ကစားကြက္ ေခတ္စားလာတာနဲ႔အမွ် တိုက္စစ္မွဴး (၂)ဦးထား ကစားတဲ့ အသင္းေတြ သိပ္မရွိေတာ့ဘူး။ အရင္ကဆုိရင္ (၄-၄-၂) ကစားကြက္နဲ႔ ေအာင္ျမင္မႈ ရယူခဲ့တဲ့ အသင္းေတြ အမ်ားႀကီးရွိၿပီး အဲဒီကစားကြက္နဲ႔အတူ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္အတြဲအဖက္ေတြလည္း အမ်ားႀကီးပါပဲ။ တစ္ေခတ္တစ္ခါတုန္းက ေဘာလုံးေလာကမွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္အတြဲအဖက္ အပုိင္း(၁)အၿပီးမွာေတာ့ အခု အပုိင္း(၂)ကုိ ဆက္လက္ ေဖာ္ျပလုိက္ရပါတယ္။

Andriy Shevchenko & Oliver Bierhoff (AC Milan)

Andriy-Shevchenko-Oliver-Bierhoff

Andriy-Shevchenko-Oliver-Bierhoff

တစ္ခ်ိန္တုန္းက ေဘာလုံးေလာကမွာ ၿပိဳင္ဘက္ကင္းလုိ႔ ဆုိရမယ့္ တိုက္စစ္မွဴးႏွစ္ဦးျဖစ္ပါတယ္။ ‘ရွီဗာ’လုိ႔ နာမည္ေျပာင္ သတ္မွတ္ခံခဲ့ရသူ ရွက္ဗ္ခ်င္ကုိက လ်င္ျမန္တဲ့ ေျပးအား၊ တိုးအား၊ အဆုံးသတ္စြမ္းရည္ ေကာင္းမြန္တဲ့သူ၊ ဘီယာေဟာ့ဖ္က အျမင့္ေဘာ၊ ေခါင္းတိုက္ေကာင္းၿပီး တည္ၿငိမ္မႈရွိတဲ့ ကစားသမားျဖစ္လုိ႔ မတူညီတဲ့ တိုက္စစ္အတဲြအဖက္ေၾကာင့္ ၿပိဳင္ဘက္ခံစစ္က ထိန္းခ်ဳပ္ရခက္ခဲခဲ့တယ္။

Jimmy Floyd Hasselbaink & Eidur Gudjohnsen (Chelsea)

Hasselbaink-Eidur-Gudjohnsen

Hasselbaink-Eidur-Gudjohnsen

ခ်ယ္လ္ဆီး ပရိသတ္ေတြ အၿမဲအမွတ္ရေနတ့ဲ တိုက္စစ္အတြဲအဖက္ျဖစ္ပါတယ္။ ဟာဆယ္ဘိန္႔ရဲ႕ Rocket ကန္ခ်က္ေတြ၊ ဂူဂၽြန္ဆင္ရဲ႕ အလိမ္အလွည့္၊ ရင္သပ္႐ႈေမာစရာ Skill ေတြက အခုအခ်ိန္အထိ ပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ တသသေျပာေနရဆဲပါပဲ။

Diego Tristan and Roy Makaay (Deportivo La Coruna)

Diego-Tristan-and-Roy-Makaay

Diego-Tristan-and-Roy-Makaay

၁၉၉၉-၀၀ ရာသီတုနး္က ဘာစီလုိနာ၊ ရီးယဲလ္တို႔ကုိ ေက်ာ္ျဖတ္ၿပီး ဒီပုိ႔တီဗုိအသင္း လာလီဂါခ်န္ပီယံျဖစ္ခ့ဲတာက ထရစၥတန္၊ မက္ကုိင္း တိုက္စစ္အတြဲေၾကာင့္လုိ႔ ေျပာရင္မမွားပါဘူး။ အဲဒီရာသီတုန္းက မက္ကုိင္းက (၂၂)ဂုိး၊ ထရစၥတန္က (၁၈)ဂုိးသြင္းယူခဲ့ၿပီး သူတို႔တိုက္စစ္အတြဲက ၿပိဳင္ဘက္အသင္းအတြက္ နတ္ဆုိးေတြျဖစ္ခဲ့တယ္။

Chris Sutton & Henrik Larsson (Celtic)

Chris-Sutton-Henrik-Larsson

Chris-Sutton-Henrik-Larsson

ဆဲလ္တစ္အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္အတြဲျဖစ္ပါတယ္။ ၂၀၀၀-၀၁ ရာသီတုန္းက ဆပ္တန္နဲ႔ လာဆင္အတြဲဟာ ထိန္းခ်ဳပ္ရခက္တဲ့ တိုက္စစ္ျဖစ္ခဲ့ၿပီး လာဆင္ဟာ ျပည္တြင္းလိဂ္မွာ (၃၅)ပဲြကစား (၃၇)ဂုိးအထိ သြင္းယူခဲ့တယ္။

David Trezeguet & Alessandro Del Piero (Juventus)

David-Trezeguet-Alessandro-Del-Piero-

David-Trezeguet-Alessandro-Del-Piero-

အင္ဇာဂီေခတ္လြန္ ဂ်ဴဗင္တပ္စ္အသင္းတိုက္စစ္မွာ ထရက္ဇီေဂး+ဒယ္လ္ပီယာ႐ုိ အတဲြက အေကာင္းဆုံး ဦးေဆာင္ခဲ့တယ္။ သူတို႔ႏွစ္ဦးတဲြၿပီး ဂ်ဴဗင္တပ္စ္အသင္းအတြက္ အဓိက ဆုဖလားေတြလည္း ရယူခဲ့ၾကတယ္။

Thierry Henry & Dennis Bergkamp (Arsenal)

Thierry-Henry-Dennis-Bergkamp

Thierry-Henry-Dennis-Bergkamp

အေကာင္းဆုံး တိုက္စစ္အတြဲဆုိရင္ အြန္နရီနဲ႔ ဘားကမ့္တို႔ကုိ မပါမျဖစ္ေရြးခ်ယ္ရမွာပါ။ တစ္ခ်ိန္က သူတို႔ႏွစ္ဦးဟာ ၿပိဳင္ဘက္ခံစစ္ေတြအတြက္ အိပ္မက္ဆုိးျဖစ္ခဲ့ဖူးတယ္။

Cristiano Ronaldo & Rooney (Manchester United)

Cristiano-Ronaldo-Rooney

Cristiano-Ronaldo-Rooney

အန္ဒီကုိးလ္၊ ဒိြဳက္ေယာ့ခ္တို႔အတဲြၿပီးရင္ စီေရာ္နယ္လ္ဒုိနဲ႔ ရြန္နီတို႔ဟာ မန္ယူအသင္းရဲ႕အေကာင္းဆုံး တိုက္စစ္အတြဲလုိ႔ သတ္မွတ္ရမယ္။ စီေရာ္နယ္လ္ဒုိ၊ ရြန္နီ၊ တီဗက္ဇ္တို႔ရဲ႕ ေခတ္မွာ မန္ယူအသင္း ျပည္တြင္းမွာမကဘဲ ဥေရာပမွာပါ လႊမ္းမုိးႏုိင္ခဲ့တယ္။

ပရိသတ္ႀကီးေရ .. ေဘာလုံးသမုိင္းတစ္ေလွ်က္မွာ အတြဲအဖက္ ညီညီကစားႏုိင္ခဲ့တဲ့ တိုက္စစ္အတြဲအဖက္က အမ်ားႀကီးပါပဲ။ အဲဒီအထဲကေန ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား နာမည္ေက်ာ္ေဘာလုံးသမားေတြကုိ ေရြးခ်ယ္ေဖာ္ျပခဲ့တာျဖစ္ၿပီး ဘယ္တိုက္စစ္အတြဲအဖက္ကုိ အႀကိဳက္ဆုံးလဲဆုိတာ သိပါရေစလား . . .

တစ္ေခတ္တစ္ခါတုန္းက ေဘာလုံးေလာကမွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္အတဲြမ်ား (၁)

REF:dreamteamfc
Photo:dreamteamfc,Sports Illustrated,Getty Images,Calcio Fanpage,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တိုက်စစ်အတွဲများ (၂)

မော်ဒန်ဘောလုံးလောကမှာ (၄-၂-၃-၁)ကစားကွက် ခေတ်စားလာတာနဲ့အမျှ တိုက်စစ်မှူး (၂)ဦးထား ကစားတဲ့ အသင်းတွေ သိပ်မရှိတော့ဘူး။ အရင်ကဆိုရင် (၄-၄-၂) ကစားကွက်နဲ့ အောင်မြင်မှု ရယူခဲ့တဲ့ အသင်းတွေ အများကြီးရှိပြီး အဲဒီကစားကွက်နဲ့အတူ ထင်ရှားကျော်ကြားခဲ့တဲ့ တိုက်စစ်အတွဲအဖက်တွေလည်း အများကြီးပါပဲ။ တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တိုက်စစ်အတွဲအဖက် အပိုင်း(၁)အပြီးမှာတော့ အခု အပိုင်း(၂)ကို ဆက်လက် ဖော်ပြလိုက်ရပါတယ်။

Andriy Shevchenko & Oliver Bierhoff (AC Milan)

Andriy-Shevchenko-Oliver-Bierhoff

Andriy-Shevchenko-Oliver-Bierhoff

တစ်ချိန်တုန်းက ဘောလုံးလောကမှာ ပြိုင်ဘက်ကင်းလို့ ဆိုရမယ့် တိုက်စစ်မှူးနှစ်ဦးဖြစ်ပါတယ်။ ‘ရှီဗာ’လို့ နာမည်ပြောင် သတ်မှတ်ခံခဲ့ရသူ ရှက်ဗ်ချင်ကိုက လျင်မြန်တဲ့ ပြေးအား၊ တိုးအား၊ အဆုံးသတ်စွမ်းရည် ကောင်းမွန်တဲ့သူ၊ ဘီယာဟော့ဖ်က အမြင့်ဘော၊ ခေါင်းတိုက်ကောင်းပြီး တည်ငြိမ်မှုရှိတဲ့ ကစားသမားဖြစ်လို့ မတူညီတဲ့ တိုက်စစ်အတွဲအဖက်ကြောင့် ပြိုင်ဘက်ခံစစ်က ထိန်းချုပ်ရခက်ခဲခဲ့တယ်။

Jimmy Floyd Hasselbaink & Eidur Gudjohnsen (Chelsea)

Hasselbaink-Eidur-Gudjohnsen

Hasselbaink-Eidur-Gudjohnsen

ချယ်လ်ဆီး ပရိသတ်တွေ အမြဲအမှတ်ရနေတဲ့ တိုက်စစ်အတွဲအဖက်ဖြစ်ပါတယ်။ ဟာဆယ်ဘိန့်ရဲ့ Rocket ကန်ချက်တွေ၊ ဂူဂျွန်ဆင်ရဲ့ အလိမ်အလှည့်၊ ရင်သပ်ရှုမောစရာ Skill တွေက အခုအချိန်အထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ တသသပြောနေရဆဲပါပဲ။

Diego Tristan and Roy Makaay (Deportivo La Coruna)

Diego-Tristan-and-Roy-Makaay

Diego-Tristan-and-Roy-Makaay

၁၉၉၉-၀၀ ရာသီတုန်းက ဘာစီလိုနာ၊ ရီးယဲလ်တို့ကို ကျော်ဖြတ်ပြီး ဒီပို့တီဗိုအသင်း လာလီဂါချန်ပီယံဖြစ်ခဲ့တာက ထရစ္စတန်၊ မက်ကိုင်း တိုက်စစ်အတွဲကြောင့်လို့ ပြောရင်မမှားပါဘူး။ အဲဒီရာသီတုန်းက မက်ကိုင်းက (၂၂)ဂိုး၊ ထရစ္စတန်က (၁၈)ဂိုးသွင်းယူခဲ့ပြီး သူတို့တိုက်စစ်အတွဲက ပြိုင်ဘက်အသင်းအတွက် နတ်ဆိုးတွေဖြစ်ခဲ့တယ်။

Chris Sutton & Henrik Larsson (Celtic)

Chris-Sutton-Henrik-Larsson

Chris-Sutton-Henrik-Larsson

ဆဲလ်တစ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်အတွဲဖြစ်ပါတယ်။ ၂၀၀၀-၀၁ ရာသီတုန်းက ဆပ်တန်နဲ့ လာဆင်အတွဲဟာ ထိန်းချုပ်ရခက်တဲ့ တိုက်စစ်ဖြစ်ခဲ့ပြီး လာဆင်ဟာ ပြည်တွင်းလိဂ်မှာ (၃၅)ပွဲကစား (၃၇)ဂိုးအထိ သွင်းယူခဲ့တယ်။

David Trezeguet & Alessandro Del Piero (Juventus)

David-Trezeguet-Alessandro-Del-Piero-

David-Trezeguet-Alessandro-Del-Piero-

အင်ဇာဂီခေတ်လွန် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှာ ထရက်ဇီဂေး+ဒယ်လ်ပီယာရို အတွဲက အကောင်းဆုံး ဦးဆောင်ခဲ့တယ်။ သူတို့နှစ်ဦးတွဲပြီး ဂျူဗင်တပ်စ်အသင်းအတွက် အဓိက ဆုဖလားတွေလည်း ရယူခဲ့ကြတယ်။

Thierry Henry & Dennis Bergkamp (Arsenal)

Thierry-Henry-Dennis-Bergkamp

Thierry-Henry-Dennis-Bergkamp

အကောင်းဆုံး တိုက်စစ်အတွဲဆိုရင် အွန်နရီနဲ့ ဘားကမ့်တို့ကို မပါမဖြစ်ရွေးချယ်ရမှာပါ။ တစ်ချိန်က သူတို့နှစ်ဦးဟာ ပြိုင်ဘက်ခံစစ်တွေအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ဖူးတယ်။

Cristiano Ronaldo & Rooney (Manchester United)

Cristiano-Ronaldo-Rooney

Cristiano-Ronaldo-Rooney

အန်ဒီကိုးလ်၊ ဒွိုက်ယော့ခ်တို့အတွဲပြီးရင် စီရော်နယ်လ်ဒိုနဲ့ ရွန်နီတို့ဟာ မန်ယူအသင်းရဲ့အကောင်းဆုံး တိုက်စစ်အတွဲလို့ သတ်မှတ်ရမယ်။ စီရော်နယ်လ်ဒို၊ ရွန်နီ၊ တီဗက်ဇ်တို့ရဲ့ ခေတ်မှာ မန်ယူအသင်း ပြည်တွင်းမှာမကဘဲ ဥရောပမှာပါ လွှမ်းမိုးနိုင်ခဲ့တယ်။

ပရိသတ်ကြီးရေ .. ဘောလုံးသမိုင်းတစ်လျှေက်မှာ အတွဲအဖက် ညီညီကစားနိုင်ခဲ့တဲ့ တိုက်စစ်အတွဲအဖက်က အများကြီးပါပဲ။ အဲဒီအထဲကနေ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည်ကျော်ဘောလုံးသမားတွေကို ရွေးချယ်ဖော်ပြခဲ့တာဖြစ်ပြီး ဘယ်တိုက်စစ်အတွဲအဖက်ကို အကြိုက်ဆုံးလဲဆိုတာ သိပါရစေလား . . .

တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တိုက်စစ်အတွဲများ (၁)

REF:dreamteamfc
Photo:dreamteamfc,Sports Illustrated,Getty Images,Calcio Fanpage,Evening Standard
Naing Linn(Akhayar)
www.akhayar.com