[Zawgyi]

Wireless Broadband Access 4G/LTE အင္တာနက္ဝန္ေဆာင္မႈကုိ စတင္ခဲ့တဲ့ Global Technology

Global Technology Co.,Ltd (Global Technology Group) ဟာ ျမန္မာႏိုင္ငံမွာ ဆက္သြယ္ေရးဆုိင္ရာ ဝန္ေဆာင္မႈေတြေပးတဲ့ ဦးေဆာင္ကုမၸဏီတစ္ခုျဖစ္ပါတယ္။ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ (၃၀) ရက္ေန႔ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွာ Wireless Broadband Access – 4G/LTE  (Long Term Evolution) ဝန္ေဆာင္မႈလုပ္ငန္း စတင္ေပးအပ္တဲ့ အခမ္းအနားကို ဖြင့္လွစ္ခဲ့ပါတယ္။ Wireless Broadband Access – 4G/LTE အင္တာနက္သည္ သံုးစြဲသူမိဘျပည္သူမ်ားအေနနဲ႔ ႏိုင္ငံတကာအရည္အေသြးမီ ယံုၾကည္စိတ္ခ်ရတဲ့အျပင္  ေစ်းႏႈန္းသင့္တင့္တဲ့ ဝန္ေဆာင္မႈတစ္ခုျဖစ္ပါတယ္။

အခမ္းအနားမွာ Global Technology Group ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ဦးသိန္းသန္းတိုးက ယခုအခါ 4G + LTE အင္တာနက္၀န္ေဆာင္မႈကို ပထမအဆင့္အေနနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕၊ ပဲခူးၿမိဳ႕နဲ႔ ျပည္ၿမိဳ႕ေတြမွာ စတင္သံုးစြဲႏိုင္ၿပီျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့ ေနျပည္ေတာ္၊ ပဲခူးတိုင္း၊ မေကြးတိုင္း၊ တနသၤာရီတိုင္းနဲ႔ မြန္ျပည္နယ္၊ ကရင္ျပည္နယ္တို႔ရွိတဲ့ (၂၄) ၿမိဳ႕မွာ  Wireless Broadband Access – 4G/LTE (Long Term Evolution) ဝန္ေဆာင္မႈလုပ္ငန္းအျမန္ဆံုးစတင္ေပးအပ္ႏုိင္ိရန္အတြက္ အားသြန္ခြန္စိုက္ အေကာင္အထည္ေဖာ္ေဆာင္ရြက္လွ်က္ရွိေၾကာင္း၊ ၿမိဳ႕ႀကီးမ်ားဖြ႕ံၿဖိဳးတိုးတက္ရန္အတြက္ လူမႈအက်ိဳးျပဳ (Corporate Social Responsibility, CSR) လုပ္ငန္းေတြကုိလည္း ပါ၀င္ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Global Technology ဟာ ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာနက ကြန္ရက္အေထာက္အကူျပဳ ဝန္ေဆာင္မႈလုပ္ငန္းလိုင္စင္ (အထူး) ရရွိထားတဲ့ ကုမၸဏီျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၁၇) ရက္ေန႔မွ (၁၉) ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့တဲ့ 2600 MHz လိႈင္းႏႈန္းစဥ္ေလလံပြဲမွာ Region (1) အား ေလလံေအာင္ျမင္ၿပီး 2600 MHz Spectrum License ကို ၂၀၁၇ ခုႏွစ္ ဇူလိုင္လ (၁) ရက္ေန႔မွာ ရရွိခဲ့ပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၂) ရက္ေန႔မွာ ဆက္သြယ္ေရးညြန္ၾကားမႈဦးစီးဌာနမွ Region (1) တြင္ ပါရွိတဲ့  ေနျပည္ေတာ္၊ ပဲခူးတိုင္း၊ မေကြးတိုင္း၊ တနသၤာရီတိုင္းနဲ႔ မြန္ျပည္နယ္၊ ကရင္ျပည္နယ္တို႔မွာ လိုင္းႏႈန္းစဥ္ေတြ အသံုးျပဳၿပီး 4G+LTE အင္တာနက္ ဝန္ေဆာင္မႈမ်ားေပးရန္အတြက္ Operating License ကိုလည္း ရရွိခဲ့ၿပီးျဖစ္ပါတယ္။ မၾကာမီတြင္လည္း Fiber Internet ႏွင့္ လုပ္ငန္းသံုးအင္တာနက္ဝန္ေဆာင္မႈေတြကို အသံုးျပဳႏုိင္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္သြားမွာ ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဆက္သြယ္ေရးညႊန္ၾကားမႈ ဦးစီးဌာနမွ ညြန္ၾကားေရးမွူးခ်ဳပ္ ဦးစိုးသိန္းကလည္း ဌာနအေနနဲ႔ 4G+LTE Internet Service စတင္ဝန္ေဆာင္မႈေပးႏုိင္ၿပီျဖစ္၍ ဝမ္းေျမာက္ပါေၾကာင္းနဲ႔ ျပည္တြင္းကုမၸဏီတစ္ခုအေနနဲ႔ အခုလိုႀကိဳးပမ္း ေဆာင္ရြက္မႈေတြအတြက္ အထူးပင္ဂုဏ္ယူပါေၾကာင္းနဲ႔ အလားတူဆက္သြယ္ေရးကြန္ရက္ကို တိုးခ်ဲ႕၍ 2600 MHz လိုင္းႏႈန္းစဥ္ေလ့လံေအာင္ျမင့္ထားတဲ့ တျခားၿမိဳ႕ေတြကုိလည္း အင္တာနက္ဝန္ေဆာင္မႈေပးႏိုင္ေအာင္ ဆက္လက္ႀကိဳးပမ္းေစလိုပါေၾကာင္း တိုက္တြန္းေျပာၾကားသြားပါတယ္။

အခရာ (www.akhayar.com)

[Unicode]

Wireless Broadband Access 4G/LTE အင်တာနက်ဝန်ဆောင်မှုကို စတင်ခဲ့တဲ့ Global Technology

Global Technology Co.,Ltd (Global Technology Group) ဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေပေးတဲ့ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ Wireless Broadband Access – 4G/LTE  (Long Term Evolution) ဝန်ဆောင်မှုလုပ်ငန်း စတင်ပေးအပ်တဲ့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ Wireless Broadband Access – 4G/LTE အင်တာနက်သည် သုံးစွဲသူမိဘပြည်သူများအနေနဲ့ နိုင်ငံတကာအရည်အသွေးမီ ယုံကြည်စိတ်ချရတဲ့အပြင်  ဈေးနှုန်းသင့်တင့်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

အခမ်းအနားမှာ Global Technology Group ရဲ့ အမှုဆောင်အရာရှိချုပ် ဦးသိန်းသန်းတိုးက ယခုအခါ 4G + LTE အင်တာနက်ဝန်ဆောင်မှုကို ပထမအဆင့်အနေနဲ့ မော်လမြိုင်မြို့၊ ပဲခူးမြို့နဲ့ ပြည်မြို့တွေမှာ စတင်သုံးစွဲနိုင်ပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိတဲ့ (၂၄) မြို့မှာ  Wireless Broadband Access – 4G/LTE (Long Term Evolution) ဝန်ဆောင်မှုလုပ်ငန်းအမြန်ဆုံးစတင်ပေးအပ်နိုငိရန်အတွက် အားသွန်ခွန်စိုက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ မြို့ကြီးများဖွံ့ဖြိုးတိုးတက်ရန်အတွက် လူမှုအကျိုးပြု (Corporate Social Responsibility, CSR) လုပ်ငန်းတွေကိုလည်း ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Global Technology ဟာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) ရရှိထားတဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ 2600 MHz လှိုင်းနှုန်းစဉ်လေလံပွဲမှာ Region (1) အား လေလံအောင်မြင်ပြီး 2600 MHz Spectrum License ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာ ရရှိခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့မှာ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနမှ Region (1) တွင် ပါရှိတဲ့  နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ လိုင်းနှုန်းစဉ်တွေ အသုံးပြုပြီး 4G+LTE အင်တာနက် ဝန်ဆောင်မှုများပေးရန်အတွက် Operating License ကိုလည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။ မကြာမီတွင်လည်း Fiber Internet နှင့် လုပ်ငန်းသုံးအင်တာနက်ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးစိုးသိန်းကလည်း ဌာနအနေနဲ့ 4G+LTE Internet Service စတင်ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်၍ ဝမ်းမြောက်ပါကြောင်းနဲ့ ပြည်တွင်းကုမ္ပဏီတစ်ခုအနေနဲ့ အခုလိုကြိုးပမ်း ဆောင်ရွက်မှုတွေအတွက် အထူးပင်ဂုဏ်ယူပါကြောင်းနဲ့ အလားတူဆက်သွယ်ရေးကွန်ရက်ကို တိုးချဲ့၍ 2600 MHz လိုင်းနှုန်းစဉ်လေ့လံအောင်မြင့်ထားတဲ့ တခြားမြို့တွေကိုလည်း အင်တာနက်ဝန်ဆောင်မှုပေးနိုင်အောင် ဆက်လက်ကြိုးပမ်းစေလိုပါကြောင်း တိုက်တွန်းပြောကြားသွားပါတယ်။

အခရာ (www.akhayar.com)