[Zawgyi]

နည္းပညာကို သံုးစြဲတဲ့အခါ ဘာေတြျပန္ေပးလိုက္ရလဲ

နည္းပညာတိုးတက္ထြန္းကားလာတာနဲ႔အမွ် ကၽြန္မတို႔ရဲ႕ ေန႔စဥ္ဘ၀ကို အကူအညီအေထာက္အပံ့ေတြ အမ်ားႀကီးျဖစ္လာေစပါတယ္။ စီးပြားေရးေတြအရင္ကထက္ တိုးတက္လာတယ္။ အလုပ္အကိုင္အခြင့္အလမ္းေတြ မ်ားျပားလာတယ္။ စိတ္ေပ်ာ္စရာေတြ၊ အပန္းေျဖစရာေတြ မ်ားျပားလာတယ္။ ေနာက္ၿပီး လူမႈဆက္သြယ္ေရးကိုလည္း အရင္ထက္ လြယ္ကူအဆင္ေျပလာေစပါတယ္။ Social Media ေတြရွိလို႔လည္း ကၽြန္မတို႔ရဲ႕ ေန႔စဥ္ဘ၀မွာ ၂၀ရာစုက မရရွိႏိုင္ခဲ့တဲ့ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာ တိုးတက္မႈေတြကို ရရွိလာတာပါ။ ဒါေပမယ့္ အရာရာဟာ အေကာင္းနဲ႔အဆိုး ဒြန္႔တြဲေနတဲ့ ေလာကနိယာမႀကီးအတိုင္းပဲ ကၽြန္မတို႔ဘက္ကေရာ ဘာေတြမ်ား ျပန္ေပးလိုက္ရလဲဆိုတာကိုေရာ ေတြးၾကည့္ဖူးပါသလား။ ကၽြန္မေျပာျပပါ့မယ္။

အခ်ိန္ေတြျပန္ေပးလိုက္ရတယ္

ပထမဆံုးအေနနဲ႔ ျပန္ေပးလိုက္ရတာကေတာ့ အခ်ိန္ေတြပါပဲ။ နည္းပညာနဲ႔ Social Media အေပၚ ခံုမင္ရင္ ခံုမင္သေလာက္ အနည္းနဲ႔ အမ်ား လူေတြဟာ အခ်ိန္ေတြကို ျပန္ေပးလိုက္ၾကရပါတယ္။ အရင္တုန္းက သူငယ္ခ်င္းေတြနဲ႔ လက္ဖက္ရည္ဆိုင္ထိုင္တဲ့အခ်ိန္ေတြ၊ မိသားစုေတြနဲ႔ ထမင္းအတူတူစားၿပီး စကားလက္ဆံုၾကတဲ့အခ်ိန္ေတြနဲ႔ စာဖတ္ခ်ိန္ေတြကို မွ်ေပးလိုက္ရပါတယ္။

ေငြေတြျပန္ေပးလိုက္ရတယ္

အရင္တုန္းက ေငြသံုးစရာ မ်ားမ်ားစားစားမရွိပါဘူး။ မိသားစုစား၀တ္ေနေရးနဲ႔ တစ္ကိုယ္ရည္အတြက္သာ ကုန္က်ခံရေပမယ့္ လက္ရွိေခတ္မွာေတာ့ လူေတြဟာ နည္းပညာကို အခ်ိန္နဲ႔တစ္ေျပးညီ ၀ယ္ယူသံုးစြဲေနရတဲ့အတြက္ ေငြေတြျပန္ေပးလိုက္ရပါတယ္။ Pay TV လိုင္းအသစ္ ေပၚျပန္ၿပီလား။ Game ထဲက အေကာင္ေတြ၀ယ္ရမွာလား။ ဖုန္းအသစ္ေလး၀ယ္မွ လူရာ၀င္ေတာ့မွာလား။ အရင္က မလိုအပ္ေပမယ့္ အခုလိုအပ္လာပါၿပီ။

စိတ္ခြန္အားေတြျပန္ေပးလိုက္ရတယ္

Social Media မွာ ျမင္ေနရသမွ်ကေတာ့ စိတ္ခ်မ္းသာစရာေတြခ်ည္းမ်ားပါတယ္။ ကိုယ့္ရဲ႕ Account ထဲက ဟိုေကာင္မေလးကေတာ့ျဖင့္ လွလိုက္တာ။ ဟိုေကာင္ေလးကေတာ့့ျဖင့္ ခ်မ္းသာလိုက္တာ။ ဟိုသူငယ္ခ်င္းအုပ္စုကေတာ့ျဖင့္ ခရီးေတြထြက္ေနၾကျပန္ၿပီ။ အဲဒီလို တျခားလူေနမႈဘ၀ေတြကို အနည္းကပ္အေသးစိတ္ သိရွိေနရတဲ့အခါ စိတ္ဓာတ္မႀကံ႕ခိုင္တဲ့သူေတြကေတာ့ ငါအလွည့္က်ေတာ့၊ ငါ့ဘ၀က်ေတာ့ စသည္ျဖင့္ တစ္ပါးသူေတြနဲ႔ ႏႈိင္းယွဥ္ရင္း ေပ်ာ္ရႊင္တက္ၾကြေနတဲ့ စိတ္ခြန္အားေတြ ျပန္ေပးလိုက္ရပါတယ္။

ေႏြးေထြးမႈေတြျပန္ေပးလိုက္ရတယ္

နည္းပညာနဲ႔ Social Media က ထူးဆန္းပါတယ္။ အေနေ၀းတဲ့သူေတြကို နီးစပ္ေစႏုိင္ၿပီး နီးစပ္ေနသူေတြကိုေတာ့ ေ၀းကြာေစပါတယ္။ အရင္ကလို စကားေျပာခ်ိန္ေတြေနရာမွာ Messenger က Conversation ေတြက ေနရာယူလာတယ္။ မိုႏိုပိုလီတို႔ ေျမြေလွကားတို႔ေနရာမွာ Online Game ေတြ ရွိလာၿပီ။ အေ၀းကလူေတြနဲ႔ ဆက္သြယ္ႏုိင္ရင္းနဲ႔ အနီးကလူေတြက ေမွးမွိန္ေပ်ာက္ကြယ္လာပါေတာ့တယ္။

အေကာင္းအဆိုး ဒြန္႔တြဲၿပီး အရွိန္အဟုန္နဲ႔ ရိုက္ခတ္လာတဲ့ ဒီဘက္ေခတ္ရဲ႕ တိုးတက္ေျပာင္းလဲမႈေတြကို ကၽြန္မတို႔က ဥာဏ္ပညာနဲ႔ ခ်င့္ခ်ိန္အသံုးခ်ႏိုင္မွာ ေတာ္ရာက်မွာပါေနာ္။ ဒီလို နည္းပညာနဲ႔ Social Media ကို အသံုးျပဳၿပီး လိမ္လည္ခံရတာေတြ၊ ယံုၾကည္မႈအလြဲသံုးစားလုပ္ခံရတာေတြရန္ကလည္း ကာကြယ္ရပါဦးမယ္။ အရာအားလံုးကို ဦးေႏွာက္နဲ႔ ဆံုးျဖတ္ၿပီး ႏွလံုးသားနဲ႔ ခံစားႏုိင္ၾကပါေစ။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

နည်းပညာကို သုံးစွဲတဲ့အခါ ကျွန်မတို့ဘက်က ဘာတွေပြန်ပေးလိုက်ရလဲ

နည်းပညာတိုးတက်ထွန်းကားလာတာနဲ့အမျှ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝကို အကူအညီအထောက်အပံ့တွေ အများကြီးဖြစ်လာစေပါတယ်။ စီးပွားရေးတွေအရင်ကထက် တိုးတက်လာတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များပြားလာတယ်။ စိတ်ပျော်စရာတွေ၊ အပန်းဖြေစရာတွေ များပြားလာတယ်။ နောက်ပြီး လူမှုဆက်သွယ်ရေးကိုလည်း အရင်ထက် လွယ်ကူအဆင်ပြေလာစေပါတယ်။ Social Media တွေရှိလို့လည်း ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ၂၀ရာစုက မရရှိနိုင်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ရရှိလာတာပါ။ ဒါပေမယ့် အရာရာဟာ အကောင်းနဲ့အဆိုး ဒွန့်တွဲနေတဲ့ လောကနိယာမကြီးအတိုင်းပဲ ကျွန်မတို့ဘက်ကရော ဘာတွေများ ပြန်ပေးလိုက်ရလဲဆိုတာကိုရော တွေးကြည့်ဖူးပါသလား။ ကျွန်မပြောပြပါ့မယ်။

အချိန်တွေပြန်ပေးလိုက်ရတယ်

ပထမဆုံးအနေနဲ့ ပြန်ပေးလိုက်ရတာကတော့ အချိန်တွေပါပဲ။ နည်းပညာနဲ့ Social Media အပေါ် ခုံမင်ရင် ခုံမင်သလောက် အနည်းနဲ့ အများ လူတွေဟာ အချိန်တွေကို ပြန်ပေးလိုက်ကြရပါတယ်။ အရင်တုန်းက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အချိန်တွေ၊ မိသားစုတွေနဲ့ ထမင်းအတူတူစားပြီး စကားလက်ဆုံကြတဲ့အချိန်တွေနဲ့ စာဖတ်ချိန်တွေကို မျှပေးလိုက်ရပါတယ်။

ငွေတွေပြန်ပေးလိုက်ရတယ်

အရင်တုန်းက ငွေသုံးစရာ များများစားစားမရှိပါဘူး။ မိသားစုစားဝတ်နေရေးနဲ့ တစ်ကိုယ်ရည်အတွက်သာ ကုန်ကျခံရပေမယ့် လက်ရှိခေတ်မှာတော့ လူတွေဟာ နည်းပညာကို အချိန်နဲ့တစ်ပြေးညီ ဝယ်ယူသုံးစွဲနေရတဲ့အတွက် ငွေတွေပြန်ပေးလိုက်ရပါတယ်။ Pay TV လိုင်းအသစ် ပေါ်ပြန်ပြီလား။ Game ထဲက အကောင်တွေဝယ်ရမှာလား။ ဖုန်းအသစ်လေးဝယ်မှ လူရာဝင်တော့မှာလား။ အရင်က မလိုအပ်ပေမယ့် အခုလိုအပ်လာပါပြီ။

စိတ်ခွန်အားတွေပြန်ပေးလိုက်ရတယ်

Social Media မှာ မြင်နေရသမျှကတော့ စိတ်ချမ်းသာစရာတွေချည်းများပါတယ်။ ကိုယ့်ရဲ့ Account ထဲက ဟိုကောင်မလေးကတော့ဖြင့် လှလိုက်တာ။ ဟိုကောင်လေးကတော့ဖြင့် ချမ်းသာလိုက်တာ။ ဟိုသူငယ်ချင်းအုပ်စုကတော့ဖြင့် ခရီးတွေထွက်နေကြပြန်ပြီ။ အဲဒီလို တခြားလူနေမှုဘဝတွေကို အနည်းကပ်အသေးစိတ် သိရှိနေရတဲ့အခါ စိတ်ဓာတ်မကြံ့ခိုင်တဲ့သူတွေကတော့ ငါအလှည့်ကျတော့၊ ငါ့ဘဝကျတော့ စသည်ဖြင့် တစ်ပါးသူတွေနဲ့ နှိုင်းယှဉ်ရင်း ပျော်ရွှင်တက်ကြွနေတဲ့ စိတ်ခွန်အားတွေ ပြန်ပေးလိုက်ရပါတယ်။

နွေးထွေးမှုတွေပြန်ပေးလိုက်ရတယ်

နည်းပညာနဲ့ Social Media က ထူးဆန်းပါတယ်။ အနေဝေးတဲ့သူတွေကို နီးစပ်စေနိုင်ပြီး နီးစပ်နေသူတွေကိုတော့ ဝေးကွာစေပါတယ်။ အရင်ကလို စကားပြောချိန်တွေနေရာမှာ Messenger က Conversation တွေက နေရာယူလာတယ်။ မိုနိုပိုလီတို့ မြွေလှေကားတို့နေရာမှာ Online Game တွေ ရှိလာပြီ။ အဝေးကလူတွေနဲ့ ဆက်သွယ်နိုင်ရင်းနဲ့ အနီးကလူတွေက မှေးမှိန်ပျောက်ကွယ်လာပါတော့တယ်။

အကောင်းအဆိုး ဒွန့်တွဲပြီး အရှိန်အဟုန်နဲ့ ရိုက်ခတ်လာတဲ့ ဒီဘက်ခေတ်ရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ကျွန်မတို့က ဉာဏ်ပညာနဲ့ ချင့်ချိန်အသုံးချနိုင်မှာ တော်ရာကျမှာပါနော်။ ဒီလို နည်းပညာနဲ့ Social Media ကို အသုံးပြုပြီး လိမ်လည်ခံရတာတွေ၊ ယုံကြည်မှုအလွဲသုံးစားလုပ်ခံရတာတွေရန်ကလည်း ကာကွယ်ရပါဦးမယ်။ အရာအားလုံးကို ဦးနှောက်နဲ့ ဆုံးဖြတ်ပြီး နှလုံးသားနဲ့ ခံစားနိုင်ကြပါစေ။

Moethaesay (Akhayar)

www.akhayar.com