[ZawGyi]

မိန္းကေလးတိုင္း ေႂကြက်သြားမယ့္ ပန္းေရာင္ကမ႓ာေလး “Girls” Yangon Tea House

ကိုယ္တို႔မိန္းကေလးေတြဆိုတာ အရြယ္သံုးပါးမေရြး လွလွပပႏုႏုဖတ္ဖတ္အေရာင္ေလးေတြ၊ ပစၥည္းေလးေတြ၊ ေနရာေလးေတြဆို သိပ္သေဘာက်တဲ့အမ်ိဳးမို႔လား? အျပင္သြားရင္းလာရင္းနဲ႔လည္း ဆိုင္လွလွေလးေတြ႕ရင္ ဝင္လိုက္ရမွ၊ ဓါတ္ဖမ္းလိုက္ရမွ ဆိုတာလည္း ကိုယ္တို႔မိန္းမသားေတြပါပဲ။

ဒီလိုမိန္းမသားေတြကို ကိုယ္စားျပဳတဲ့သည္းေျခႀကိဳက္ ပန္းေရာင္ႏုႏုေလးေတြနဲ႔ တစ္ဆိုင္လံုး ခ်စ္ဖို႔ေကာင္းလြန္းေနတဲ့ Ice Tea ဆိုင္ေလးတစ္ဆိုင္ကေတာ့ အလင္းျပရင္ ေႂကြသြားမွာ အေသအခ်ာပဲ။

ဆိုင္ေလးက အမွတ္ ၁၈၊ စဥ့္အိုးတန္းလမ္း ေအာက္ဘေလာက္၊ လသာၿမိဳ႕နယ္မွာ ရွိပါတယ္။ ကမ္းနားလမ္းဘက္ကဆို ဝင္ဝင္ခ်င္းပဲ။ တိုက္ခန္းတစ္ခန္းစာေလးမို႔ က်ဥ္းေပမယ့္ ေကာင္မေလးတိုင္း ရင္ထဲၿငိမယ့္ဆိုင္ေလးပါ။ ဆိုင္ေလးက ေႏြရာသီအတြက္ေတာ့ တကယ့္နိဗၼာန္ပဲ။

တစ္ဆိုင္လံုးကို ပန္းေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ၊ ပန္းေရာင္ပစၥည္းေသးေသးေလးေတြ၊ ပန္းေရာင္ေလးေတြခ်ည္း ျခယ္ၿပီး ဖမ္းစားထားလို႔ ေရာက္ၿပီးရင္ တစ္ဆိုင္လံုး အႏွံ႔ဓါတ္ပံု႐ိုက္ခ်င္စရာေလး။ ပံုေလးေတြသာ ၾကည့္ေတာ့ေနာ္။

ခံုေလးေတြ၊ စားပြဲေလးေတြကအစ ခ်စ္စရာေလးေတြ။ အဲ့အျပင္ မီးလံုးတန္းေလးေတြနဲ႔ အလွဆင္ထားတာမ်ား ကိုရီးယားကေကာ္ဖီဆိုင္ေလး ေရာက္ေနသလိုပဲ။ Aircon ေအးေအးေလးနဲ႔ ပန္းေရာင္ကမ႓ာေလးထဲမွာ စာအုပ္ေလးတစ္အုပ္၊ ဒါမွမဟုတ္ ဖုန္းေလး Laptop ေလးတစ္လံုးနဲ႔ ေမ်ာခ်င္တိုင္းေမ်ာပါလိမ့္။

ဆိုင္ေလးမွာ အဓိကရတာက Ice Tea၊ black Tea၊ Juice နဲ႔ Soda ေလးေတြေလာက္ပါပဲ။ စားစရာအေနနဲ႔ဆို ဆိုင္လုပ္ Chocolate Cookie ႂကြပ္ႂကြပ္မြမြေလးေတြရွိတယ္။ ဆိုင္ေလးကဖြင့္တာ ၂ပတ္ေလာက္ပဲရွိေသးတာမို႔ က်န္တာေတာ့ ဘာမွမရေသးဘူး။ ဒါေပမယ့္ ေနာက္လေလာက္ဆို စားေသာက္စရာ Menu အသစ္ေလးေတြတင္ေတာ့မွာတဲ့။

အရသာအေနနဲ႔ဆိုရင္ေတာ့ ေသာက္လို႔ အဆင္ေျပရံုအေျခအေနေလာက္ပါပဲ။ ေနရာေလးကသာလွတာ Ice Tea ေတြက မစြံပါဘူး။ ေခ်ာကလက္ကြတ္ကီးအႂကြပ္ေလးကေတာ့ စားေကာင္းပါတယ္။

ကိုယ္ေတြကေတာ့ Ice Mango Green Tea နဲ႔ Ice Milk Tea ၂မ်ိဳးေသာက္ခဲ့တယ္။ အရသာကေတာ့ ေပါ့ေပါ့ပဲ။ Milk Tea ကလည္း တစ္မ်ိဳးတည္းရွိေသးတယ္။ ၾကားရသေလာက္ကေတာ့ Home Sweet Home Dessert ဆိုင္ေလးကေန ခြဲထြက္ထားတာတဲ့။

ေစ်းႏႈန္းေလးေတြကလည္း တစ္ေထာင္၊ ေထာင့္သံုးရာကေန ႏွစ္ေထာင္ဝန္းက်င္ဆိုေတာ့ ေက်ာင္းသူေလးေတြလည္း ထိုင္လို႔ရတယ္။ ခ်စ္သူနဲ႔ သာသာယာယာဒိတ္လို႔လည္း တြက္ေခ်ကိုက္တယ္။

အဓိကက ေအးေအးေဆးေဆးေလးမို႔ ထိုင္လို႔ေကာင္းတာေလးရယ္၊ ဆိုင္ရဲ႕ ဘယ္ေနရာကမဆို ဓါတ္ပံု႐ိုက္လို႔လွတာရယ္ကေတာ့ တစ္ခါေရာက္ၿပီးရင္ မသိဘူး ေန႔တိုင္းသြားမယ္ ျဖစ္ေနေတာ့မွာပဲ။

အရသာေကာင္းေကာင္း စားဖို႔ ေသာက္ဖို႔ ဆိုရင္ေတာ့ ဒီဆိုင္ေလးကို အႀကိဳက္ေတြ႕မွာမဟုတ္ပါဘူး။ ေနရာလွလွေလးေတြ သေဘာက်ၿပီး ေအးေအးေဆးေဆး Chill ခ်င္တဲ့သူေတြမွသာ မျပန္ခ်င္ျဖစ္သြားေစမွာေနာ္။ ေန႔ခင္း ၁၂ နာရီကေန ည ၁၀ နာရီထိဖြင့္တယ္တဲ့။ လူမ်ားလာရင္ေတာ့ ထိုင္လို႔မေကာင္း၊ ဓါတ္ဖမ္းရင္လည္း ရွက္စရာႀကီးမို႔ လူရွင္းမယ့္ အခ်ိန္ေလး ျမန္ျမန္ေျပးလိုက္ၾကရဦးေနာ္။ ဆိုင္နာမည္ေလးက “Girls” ပါတဲ့။

EiEiKhineMinn ( Akhayar )

www.akhayar.com

[Unicode]

မိန်းကလေးတိုင်း ကြွေကျသွားမယ့် ပန်းရောင်ကမ္ဘာလေး “Girls” Yangon Tea House

ကိုယ်တို့မိန်းကလေးတွေဆိုတာ အရွယ်သုံးပါးမရွေး လှလှပပနုနုဖတ်ဖတ်အရောင်လေးတွေ၊ ပစ္စည်းလေးတွေ၊ နေရာလေးတွေဆို သိပ်သဘောကျတဲ့အမျိုးမို့လား? အပြင်သွားရင်းလာရင်းနဲ့လည်း ဆိုင်လှလှလေးတွေ့ရင် ဝင်လိုက်ရမှ၊ ဓါတ်ဖမ်းလိုက်ရမှ ဆိုတာလည်း ကိုယ်တို့မိန်းမသားတွေပါပဲ။

ဒီလိုမိန်းမသားတွေကို ကိုယ်စားပြုတဲ့သည်းခြေကြိုက် ပန်းရောင်နုနုလေးတွေနဲ့ တစ်ဆိုင်လုံး ချစ်ဖို့ကောင်းလွန်းနေတဲ့ Ice Tea ဆိုင်လေးတစ်ဆိုင်ကတော့ အလင်းပြရင် ကြွေသွားမှာ အသေအချာပဲ။

ဆိုင်လေးက အမှတ် ၁၈၊ စဉ့်အိုးတန်းလမ်း အောက်ဘလောက်၊ လသာမြို့နယ်မှာ ရှိပါတယ်။ ကမ်းနားလမ်းဘက်ကဆို ဝင်ဝင်ချင်းပဲ။ တိုက်ခန်းတစ်ခန်းစာလေးမို့ ကျဉ်းပေမယ့် ကောင်မလေးတိုင်း ရင်ထဲငြိမယ့်ဆိုင်လေးပါ။ ဆိုင်လေးက နွေရာသီအတွက်တော့ တကယ့်နိဗ္မာန်ပဲ။

တစ်ဆိုင်လုံးကို ပန်းရောင်ဖျော့ဖျော့လေးတွေ၊ ပန်းရောင်ပစ္စည်းသေးသေးလေးတွေ၊ ပန်းရောင်လေးတွေချည်း ခြယ်ပြီး ဖမ်းစားထားလို့ ရောက်ပြီးရင် တစ်ဆိုင်လုံး အနှံ့ဓါတ်ပုံရိုက်ချင်စရာလေး။ ပုံလေးတွေသာ ကြည့်တော့နော်။

ခုံလေးတွေ၊ စားပွဲလေးတွေကအစ ချစ်စရာလေးတွေ။ အဲ့အပြင် မီးလုံးတန်းလေးတွေနဲ့ အလှဆင်ထားတာများ ကိုရီးယားကကော်ဖီဆိုင်လေး ရောက်နေသလိုပဲ။ Aircon အေးအေးလေးနဲ့ ပန်းရောင်ကမ္ဘာလေးထဲမှာ စာအုပ်လေးတစ်အုပ်၊ ဒါမှမဟုတ် ဖုန်းလေး Laptop လေးတစ်လုံးနဲ့ မျောချင်တိုင်းမျောပါလိမ့်။

ဆိုင်လေးမှာ အဓိကရတာက Ice Tea၊ black Tea၊ Juice နဲ့ Soda လေးတွေလောက်ပါပဲ။ စားစရာအနေနဲ့ဆို ဆိုင်လုပ် Chocolate Cookie ကြွပ်ကြွပ်မွမွလေးတွေရှိတယ်။ ဆိုင်လေးကဖွင့်တာ ၂ပတ်လောက်ပဲရှိသေးတာမို့ ကျန်တာတော့ ဘာမှမရသေးဘူး။ ဒါပေမယ့် နောက်လလောက်ဆို စားသောက်စရာ Menu အသစ်လေးတွေတင်တော့မှာတဲ့။

အရသာအနေနဲ့ဆိုရင်တော့ သောက်လို့ အဆင်ပြေရုံအခြေအနေလောက်ပါပဲ။ နေရာလေးကသာလှတာ Ice Tea တွေက မစွံပါဘူး။ ချောကလက်ကွတ်ကီးအကြွပ်လေးကတော့ စားကောင်းပါတယ်။


ကိုယ်တွေကတော့ Ice Mango Green Tea နဲ့ Ice Milk Tea ၂မျိုးသောက်ခဲ့တယ်။ အရသာကတော့ ပေါ့ပေါ့ပဲ။ Milk Tea ကလည်း တစ်မျိုးတည်းရှိသေးတယ်။ ကြားရသလောက်ကတော့ Home Sweet Home Dessert ဆိုင်လေးကနေ ခွဲထွက်ထားတာတဲ့။

ဈေးနှုန်းလေးတွေကလည်း တစ်ထောင်၊ ထောင့်သုံးရာကနေ နှစ်ထောင်ဝန်းကျင်ဆိုတော့ ကျောင်းသူလေးတွေလည်း ထိုင်လို့ရတယ်။ ချစ်သူနဲ့ သာသာယာယာဒိတ်လို့လည်း တွက်ချေကိုက်တယ်။

အဓိကက အေးအေးဆေးဆေးလေးမို့ ထိုင်လို့ကောင်းတာလေးရယ်၊ ဆိုင်ရဲ့ ဘယ်နေရာကမဆို ဓါတ်ပုံရိုက်လို့လှတာရယ်ကတော့ တစ်ခါရောက်ပြီးရင် မသိဘူး နေ့တိုင်းသွားမယ် ဖြစ်နေတော့မှာပဲ။

အရသာကောင်းကောင်း စားဖို့ သောက်ဖို့ ဆိုရင်တော့ ဒီဆိုင်လေးကို အကြိုက်တွေ့မှာမဟုတ်ပါဘူး။ နေရာလှလှလေးတွေ သဘောကျပြီး အေးအေးဆေးဆေး Chill ချင်တဲ့သူတွေမှသာ မပြန်ချင်ဖြစ်သွားစေမှာနော်။ နေ့ခင်း ၁၂ နာရီကနေ ည ၁၀ နာရီထိဖွင့်တယ်တဲ့။ လူများလာရင်တော့ ထိုင်လို့မကောင်း၊ ဓါတ်ဖမ်းရင်လည်း ရှက်စရာကြီးမို့ လူရှင်းမယ့် အချိန်လေး မြန်မြန်ပြေးလိုက်ကြရဦးနော်။ ဆိုင်နာမည်လေးက “Girls” ပါတဲ့။

EiEiKhineMinn ( Akhayar )

www.akhayar.com