[Zawgyi]
Tyron Bejay
ညိမ်းသော်
ထူးအောင်
ဟိန်းမင်းသူ
အုပ်စိုးခန့်
ပိုင်တံခွန်
ပိုင်တံခွန်ဟာ မော်ဒယ်သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး သမန်းကျား ရုပ်ရှင်ထဲမှာလည်း ပါဝင်သရုပ်ဆောင် ထားတယ်လို့သိရပါတယ်။
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
ဆယ်ကျော်သက်မိန်းကလေးတွေ သည်းသည်းလှုပ်ချစ်ခင်ကြတဲ့ မင်းသားချောများ
ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေသည်းသည်းလှုပ်အားပေးကြတဲ့ အနုပညာရှင်တွေကတော့ ငယ်ငယ်ချောချောလေးတွေဖြစ်ပြီး ပျိုပျိုတွေရဲ့အသည်းနှလုံးတွေကိုလည်း ဖမ်းစားနိုင်သူတွေပါ။ သူတို့တွေကတော့ ….
Tyron Bejay
တိုင်ရွန်ဟာဆိုရင်လည်း မိန်းကလေးပရိသတ်တွေတော်တော်များများ အားပေးခြင်းကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။
လူငယ်အနုပညာရှင်တစ်ဦးဖြစ်တဲ့အတွက် သွက်သွက်လက်လက်ရှိပြီး မော်ဒယ်သရုပ်ဆောင်တစ်ဦး အနေနဲ့လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ညိမ်းသော်
ည ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့မင်းသားတစ်လက်ဖြစ်ပြီး အခုဆိုရင် မော်ဒယ်သရုပ်ဆောင်တစ်ဦး အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်လျက်ရှိသူတစ်ဦးဖြစ်ပါတယ်။
ညိမ်းသော်မှာဆိုရင်လည်း မိန်းကလေးပရိသတ်တွေများစွာရှိပြီး ဆယ်ကျော်သက်မိန်းကလေးတွေရဲ့သည်းသည်းလှုပ်ဝန်းရံ ခြင်းကို ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
ထူးအောင်
ထူးအောင်ကလည်း မိန်းကလေးပရိသတ်တွေအားပေးခြင်းကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ပုံတွေကိုဆိုရင် Share ကြတဲ့ သူအများစုကလည်း မိန်းကလေးတွေပါပဲ။
မော်ဒယ်သရုပ်ဆောင်ထူးအောင်ဟာ ဆိုရင် အားကစားလုပ်ရတာကိုနှစ်သက်သူတစ်ဦးဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ရဲ့ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကိုအားကျလို့ အားပေးနှစ်သက်ကြသလို အခုဆိုရင် အနုပညာလုပ်ငန်းတွေကိုလည်း အရင်ကထက်ပိုမိုလုပ်ကိုင်လာတာကိုတွေ့ရပါတယ်။
ဟိန်းမင်းသူ
မော်ဒယ်အဆိုတော် ဟိန်းမင်းသူ ကိုတော့ ပရိသတ်တွေက Justin Bieber နဲ့တူတယ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ လူငယ်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အခုဆိုရင် မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကိုလည်းအထိုက်အလျောက်ရရှိ ထားသူတစ်ဦးဖြစ်ပါတယ်။
လတ်တလောမှာလည်း လူမှုကွန်ရက်ပေါ်မှာ ဆယ်ကျော်သက်မိန်းကလေးအများစု စိတ်ဝင်စားခြင်းကို ခံနေရတဲ့ လူငယ်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
အုပ်စိုးခန့်
အဆိုတော်အုပ်စိုးခန့် ကိုလည်းဆယ်ကျော်သက်မိန်းကလေးပရိသတ်အများစု ကကြိုက်နှစ်သက်ကြပါတယ်။ အုပ်စိုးခန့်ကလည်း လူငယ်အနုပညာရှင်တစ်ဦးဖြစ်သလို ကျောင်းမပြီးသေးတဲ့အတွက်ပညာရေးတစ်ဖက်နဲ့အနုပညာအလုပ်တွေကို လုပ်ဆောင်နေသူဖြစ်ပါတယ်။
ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ဝန်းရံအားပေးမှုကို အဓိကရရှိထားပြီး အထက်တန်းကျောင်းသူ အရွယ်လေးတွေ ကြိုက်နှစ်သက်ကြတဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။
ပိုင်တံခွန်
ပိုင်တံခွန်ကိုလည်း မိန်းကလေးပရိသတ်တွေတော်တော်ကြိုက်နှစ်သက်ကြတာကိုတွေ့ရပါတယ်။ မိန်းကလေးတွေကြိုက်နှစ်သက်တဲ့ ပုံစံစတိုင်မျိုးကိုလည်း ပိုင်တံခွန်ကပိုင်ဆိုင်ထားပါတယ်။
ပိုင်တံခွန်ဟာ မော်ဒယ်သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး သမန်းကျား ရုပ်ရှင်ထဲမှာလည်း ပါဝင်သရုပ်ဆောင်တယ်လို့သိရပါတယ်။
Photo Credit: Paing Takhon Facebook ၊ Nyein Thaw Facebook ၊ Htoo Aung Facebook ၊ Oaksoe khant Facebook ၊ Hein Min Thu Facebook ၊ Tyron Bejay Facebook
ကြည်သာ (Akhayar)
www.akhayar.com