[Zawgyi]

TGIF မယ့္ ေကာင္မေလးေတြ မျဖစ္မေနယူသြားသင့္တဲ့ ပစၥည္းမ်ား

ေသာၾကာေန႔လုိေန႔မ်ိဳးမွာ အိမ္တြင္းမေအာင္းဘဲ သူငယ္ခ်င္းေတြနဲ႔ အျပတ္ကဲဖုိ႔ စဥ္းစားေနၿပီလား။ေသခ်ာတာကေတာ့ သူငယ္ခ်င္းေတြနဲ႔ ကဲမယ္ဆိုရင္ အလန္းစားေလး ျဖစ္ေအာင္ ျပင္ဆင္ဖို႔လိုသလို မပါမျဖစ္ ကိုယ္နဲ႔ တစ္ပါတည္းယူေဆာင္သြားသင့္တဲ့ ပစၥည္းေတြကို ယူသြားဖို႔လည္း သတိထားရပါမယ္။ ဒါမွသာ လွလွေလးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စိတ္ခ်လက္ခ် ကဲလို႔ရမွာေပါ့။ ဒီေတာ့ ေအာက္မွာ ေျပာျပေပးထားတ့ဲ ပစၥည္းေလးေတြကို ယူသြားဖို႔ မေမ့ပါနဲ႔ေနာ္။

ႏႈတ္ခမ္းနီ
ကိုယ္က Club သြားၿပီး သူငယ္ခ်င္းေတြနဲ႔ကဲမယ္ဆိုရင္ မရွိမျဖစ္အေရးႀကီးတာက ႏႈတ္ခမ္းနီပါ။ မိတ္ကပ္လိမ္းထားတယ္ဆိုေပမယ့္ ေခၽြးထြက္တဲ့အခါ၊အရမ္းေတြ ကခုန္မိတဲ့အခါ အုိင္းလိုင္နာေတြ၊ အိုင္းရွဲဒိုးေတြ ပ်က္သြားရင္ေတာင္ ႏႈတ္ခမ္းနီဆိုးထားရင္ ဆြဲေဆာင္မႈက ေလ်ာ့မသြားဘူးေလ။ ႏႈတ္ခမ္းနီအေရာင္ရင့္ရင့္ ထင္းထင္းထဲက ကိုယ္နဲ႔ သင့္ေတာ္မယ့္ ႏႈတ္ခမ္းနီတစ္ေခ်ာင္းေလာက္ ေဆာင္သြားပါ။ ပါးနီအျဖစ္ပါ သံုးဖို႔ စဥ္းစားထားတယ္ဆိုရင္ေတာ့ ပန္းေရာင္သမ္းတဲ့ႏႈတ္ခမ္းနီ၊ အညိဳေဖာက္လိေမၼာ္ေရာင္ ႏႈတ္ခမ္းနီထဲက ေရြးခ်ယ္သင့္ပါတယ္။ ႏႈတ္ခမ္းနီတစ္ေခ်ာင္းသာ ပါၿပီဆိုရင္ အျခား ဘာမိတ္ကပ္ပစၥည္းမွ ထပ္သယ္သြားဖို႔ မလိုေတာ့ပါဘူး။

အိတ္ေဆာင္ေရေမႊး
ညလံုးေပါက္ကဲမယ္စဥ္းစားထားရင္ေတာ့ အိတ္ေဆာင္ေရေမႊးထည့္သြားတာ အေကာင္းဆံုးပါပဲ။ ေအးေအးေဆးေဆးေလး Bar မွာပဲ ထိုင္ၿငိမ့္ၿငိမ့္၊ Club ထဲမွာ ေသာင္းက်န္းေသာင္းက်န္း ကိုယ့္ဆီက သင္းသင္းပ်ံ႕ပ်ံ႕ေလး ျဖစ္ေနေတာ့ မေကာင္းဘူးလား။ Confident ရွိရွိေလးျဖစ္ေနဖို႔ အိတ္ေဆာင္ေရေမႊးေလးေတာ့ ထည့္သြားပါ။

ေခါင္းစည္းႀကိဳး၊တြယ္ခ်ိတ္နဲ႔ ပလာစတာ
ဒီဘုစုခရုေလးေတြ သယ္သြားဖို႔ လိုလားလို႔ ေတြးေကာင္းေတြးနိုင္ပါတယ္။ ရုတ္တရက္ ကိုယ္စည္းထားတဲ့ ေခါင္းစည္းႀကိဳးျပဳတ္သြားတဲ့အခါ၊ အ၀တ္အစားက တစ္ခုခု ခၽြတ္ေခ်ာ္သြားတဲ့အခါ၊ ေဒါက္ဖိနပ္စီးရတာ အရမ္းနာလာတဲ့အခါ ဒီဘုစုခရုေလးေတြက သင့္အတြက္ လံုး၀ကို အသံုး၀င္မွာ အေသအခ်ာပါပဲ။

Phone Charger နဲ႔ Power Bank
ကိုယ့္ရဲ႕ ဖုန္းက ျမန္ျမန္ဆန္ဆန္ အားကုန္တတ္တယ္၊ မိုးလင္းေပါက္ကဲမယ့္ အစီအစဥ္ေတြလည္း ရွိဦးမယ္ဆုိရင္ ဖုန္းကေတာ့ အားအျပည့္ရွိေနတာ အေကာင္းဆံုးပါပဲ။ ဖုန္းအားအျပည့္ရွိတာက သင္ ပ်င္းလာတဲ့အခါ Social Media ပဲသံုးေနေန၊ အျပင္ထြက္ၿပီး ေအးေအးေဆးေဆး သီခ်င္းပဲ နားေထာင္
ေနေန အဆင္ေျပသလို အေရးႀကံဳလည္း ဖုန္းနဲ႔ ဆက္သြယ္လို႔ရႏုိင္တယ္ေလ။ ဒါေၾကာင့္ Phone Charger နဲ႔ Power Bank ကိုလည္း သယ္သြားဖို႔ မေမ့ပါနဲ႔။

အေရးေပၚသံုးဖို႔ ပိုက္ဆံနဲ႔ Bank Card
တစ္ခါတေလမွာ TGIF လုပ္ရင္း ဒီေန႔အတြက္ ဘတ္ဂ်က္ဘယ္ေလာက္သံုးမယ္ စဥ္းစားထားေပမယ့္ လက္ထဲရွိသမွ် ေပ်ာ္ေပ်ာ္ႀကီး ျဖဳန္းမိတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလုိအခ်ိန္မွာ အေပါင္းအသင္းေတြက
အျခားတစ္ေနရာသြားမယ္ဆုိရင္ ကိုယ့္လက္ထဲမွာ လက္က်န္က နည္းေနတဲ့အခါ အဆင္မေျပႏိုင္
ပါဘူး။ အပိုအလွ်ံသံုးဖို႔ကေတာ့ ရွိကိုရွိသင့္တာေပါ့။  ATM Card ကိုလည္း ယူသြားပါ။ ဒါေပမယ့္လည္း တစ္ခါတေလ ATM  လိုင္းက်ေနတာတို႔ ဘာတို႔ ျဖစ္တတ္လုိ႔  အိတ္ကပ္ထဲမွာ အပိုအေရးေပၚသံုးဖို႔ ပိုက္ဆံကို ေဆာင္ကိုေဆာင္ထားတာ အေကာင္းဆံုးပါပဲ။

Su Yi Htet (Akhayar)

[Unicode]

TGIF မယ့် ကောင်မလေးတွေ မဖြစ်မနေယူသွားသင့်တဲ့ ပစ္စည်းများ

သောကြာနေ့လိုနေ့မျိုးမှာ အိမ်တွင်းမအောင်းဘဲ သူငယ်ချင်းတွေနဲ့ အပြတ်ကဲဖို့ စဉ်းစားနေပြီလား။သေချာတာကတော့ သူငယ်ချင်းတွေနဲ့ ကဲမယ်ဆိုရင် အလန်းစားလေး ဖြစ်အောင် ပြင်ဆင်ဖို့လိုသလို မပါမဖြစ် ကိုယ်နဲ့ တစ်ပါတည်းယူဆောင်သွားသင့်တဲ့ ပစ္စည်းတွေကို ယူသွားဖို့လည်း သတိထားရပါမယ်။ ဒါမှသာ လှလှလေးနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်ချလက်ချ ကဲလို့ရမှာပေါ့။ ဒီတော့ အောက်မှာ ပြောပြပေးထားတဲ့ ပစ္စည်းလေးတွေကို ယူသွားဖို့ မမေ့ပါနဲ့နော်။

နှုတ်ခမ်းနီ
ကိုယ်က Club သွားပြီး သူငယ်ချင်းတွေနဲ့ကဲမယ်ဆိုရင် မရှိမဖြစ်အရေးကြီးတာက နှုတ်ခမ်းနီပါ။ မိတ်ကပ်လိမ်းထားတယ်ဆိုပေမယ့် ချွေးထွက်တဲ့အခါ၊အရမ်းတွေ ကခုန်မိတဲ့အခါ အိုင်းလိုင်နာတွေ၊ အိုင်းရှဲဒိုးတွေ ပျက်သွားရင်တောင် နှုတ်ခမ်းနီဆိုးထားရင် ဆွဲဆောင်မှုက လျော့မသွားဘူးလေ။ နှုတ်ခမ်းနီအရောင်ရင့်ရင့် ထင်းထင်းထဲက ကိုယ်နဲ့ သင့်တော်မယ့် နှုတ်ခမ်းနီတစ်ချောင်းလောက် ဆောင်သွားပါ။ ပါးနီအဖြစ်ပါ သုံးဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ပန်းရောင်သမ်းတဲ့နှုတ်ခမ်းနီ၊ အညိုဖောက်လိမ္မော်ရောင် နှုတ်ခမ်းနီထဲက ရွေးချယ်သင့်ပါတယ်။ နှုတ်ခမ်းနီတစ်ချောင်းသာ ပါပြီဆိုရင် အခြား ဘာမိတ်ကပ်ပစ္စည်းမှ ထပ်သယ်သွားဖို့ မလိုတော့ပါဘူး။

အိတ်ဆောင်ရေမွှေး
ညလုံးပေါက်ကဲမယ်စဉ်းစားထားရင်တော့ အိတ်ဆောင်ရေမွှေးထည့်သွားတာ အကောင်းဆုံးပါပဲ။ အေးအေးဆေးဆေးလေး Bar မှာပဲ ထိုင်ငြိမ့်ငြိမ့်၊ Club ထဲမှာ သောင်းကျန်းသောင်းကျန်း ကိုယ့်ဆီက သင်းသင်းပျံ့ပျံ့လေး ဖြစ်နေတော့ မကောင်းဘူးလား။ Confident ရှိရှိလေးဖြစ်နေဖို့ အိတ်ဆောင်ရေမွှေးလေးတော့ ထည့်သွားပါ။

ခေါင်းစည်းကြိုး၊တွယ်ချိတ်နဲ့ ပလာစတာ
ဒီဘုစုခရုလေးတွေ သယ်သွားဖို့ လိုလားလို့ တွေးကောင်းတွေးနိုင်ပါတယ်။ ရုတ်တရက် ကိုယ်စည်းထားတဲ့ ခေါင်းစည်းကြိုးပြုတ်သွားတဲ့အခါ၊ အဝတ်အစားက တစ်ခုခု ချွတ်ချော်သွားတဲ့အခါ၊ ဒေါက်ဖိနပ်စီးရတာ အရမ်းနာလာတဲ့အခါ ဒီဘုစုခရုလေးတွေက သင့်အတွက် လုံးဝကို အသုံးဝင်မှာ အသေအချာပါပဲ။

Phone Charger နဲ့ Power Bank
ကိုယ့်ရဲ့ ဖုန်းက မြန်မြန်ဆန်ဆန် အားကုန်တတ်တယ်၊ မိုးလင်းပေါက်ကဲမယ့် အစီအစဉ်တွေလည်း ရှိဦးမယ်ဆိုရင် ဖုန်းကတော့ အားအပြည့်ရှိနေတာ အကောင်းဆုံးပါပဲ။ ဖုန်းအားအပြည့်ရှိတာက သင် ပျင်းလာတဲ့အခါ Social Media ပဲသုံးနေနေ၊ အပြင်ထွက်ပြီး အေးအေးဆေးဆေး သီချင်းပဲ နားထောင်
နေနေ အဆင်ပြေသလို အရေးကြုံလည်း ဖုန်းနဲ့ ဆက်သွယ်လို့ရနိုင်တယ်လေ။ ဒါကြောင့် Phone Charger နဲ့ Power Bank ကိုလည်း သယ်သွားဖို့ မမေ့ပါနဲ့။

အရေးပေါ်သုံးဖို့ ပိုက်ဆံနဲ့ Bank Card
တစ်ခါတလေမှာ TGIF လုပ်ရင်း ဒီနေ့အတွက် ဘတ်ဂျက်ဘယ်လောက်သုံးမယ် စဉ်းစားထားပေမယ့် လက်ထဲရှိသမျှ ပျော်ပျော်ကြီး ဖြုန်းမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ အပေါင်းအသင်းတွေက
အခြားတစ်နေရာသွားမယ်ဆိုရင် ကိုယ့်လက်ထဲမှာ လက်ကျန်က နည်းနေတဲ့အခါ အဆင်မပြေနိုင်
ပါဘူး။ အပိုအလျှံသုံးဖို့ကတော့ ရှိကိုရှိသင့်တာပေါ့။ ATM Card ကိုလည်း ယူသွားပါ။ ဒါပေမယ့်လည်း တစ်ခါတလေ ATM လိုင်းကျနေတာတို့ ဘာတို့ ဖြစ်တတ်လို့ အိတ်ကပ်ထဲမှာ အပိုအရေးပေါ်သုံးဖို့ ပိုက်ဆံကို ဆောင်ကိုဆောင်ထားတာ အကောင်းဆုံးပါပဲ။

Su Yi Htet (Akhay