[Zawgyi]

ေကာင္မေလးေတြ လွ်ိဳ႕၀ွက္ထားသင့္တဲ့အက်င့္ဆိုးေလးမ်ား

မိန္းကေလးေတြအေနနဲ႔ ဘယ္ေလာက္ ပြင့္ပြင့္လင္းလင္းေနထိုင္တတ္တယ္ပဲေျပာေျပာ ဘယ္သူမွမသိေအာင္ လွ်ိဳ႕၀ွက္ထားရမယ့္အခ်က္ေလးေတြရွိပါတယ္။ ဒါမ်ိဳးကိစၥေတြဆိုရင္ေတာ့ ဘယ္သူကိုမွမေျပာပါနဲ႔ေနာ္။ တိတ္တိတ္ေလး တစ္ေယာက္တည္း စိတ္ထဲမွာပဲ ထားပါ။

သူမ်ားကိစၥလိုက္စပ္စုေနတာ

စပ္စုတတ္တာကေတာ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားရဲ႕ ထံုးစံပါပဲ။ ဟိုကိစၥဆိုလည္း သိခ်င္လိုက္၊ ဒီကိစၥဆုိလည္း သိခ်င္လိုက္နဲ႔။ ဒါေပမယ့္ ဘယ္သူ႔အေၾကာင္းေတြ ဘယ္လိုလိုက္စပ္စုေနသလဲဆိုတာကိုေတာ့ တျခားလူေတြကို သြားမေျပာပါနဲ႔ေနာ္။ ခ်စ္သူကိုေတာင္ မေျပာပါနဲ႔။ တခ်ိဳ႕ေကာင္ေလးေတြက စပ္စုတတ္တဲ့မိန္းကေလးေတြကို မႀကိဳက္ပါဘူး။ ဒါေပမယ့္လည္း ဒါက ကိုယ္ေတြရဲ႕ သိခ်င္မႈပဲေလေနာ္။ ဘယ္တတ္ႏိုင္မွာလဲ။

တစ္ကိုယ္ရည္သန္႔ရွင္းမႈနဲ႔ပတ္သတ္တာ

မိန္းကေလးလည္း လူပဲေလ။ တစ္ခါတေလေတာ့လည္း အရမ္းေအးလို႔ပဲျဖစ္ျဖစ္၊ အခ်ိန္မရွိလို႔ဘဲျဖစ္ျဖစ္ ေရမခ်ိဳးျဖစ္တာမ်ိဳး၊ ေခါင္းမေလွ်ာ္ျဖစ္တာမ်ိဳးေတြကေတာ့ ရွိမွာပဲ။ ဒါေပမယ့္ အဲဒီ့ကိစၥေတြကိုလည္း လူေတြကို လိုက္ေျပာျပေနစရာမလိုပါဘူး။ ဒီအတိုင္းေလး ေရေမႊးေလးပဲ စြတ္သြားျဖစ္ရင္ေတာင္ ဒီကိစၥကို ဘယ္သူမွမသိပါေစနဲ႔။

အစားေသာင္းက်န္းတာ

အစားေသာင္းက်န္းတဲ့မိန္းကေလးေတြ အမ်ားႀကီးပါ။ ဒါေပမယ့္ လူေရွ႕သူေရွ႕ေရာက္ရင္ သူတို႔မဟုတ္သလိုေနၾကပါတယ္။ အိမ္မွာ ထမင္းနဲ႔ ငပိရည္နဲ႔ ေတြ႕ရင္ လက္နဲ႔စားတတ္တဲ့အက်င့္ေတြ၊ ကိုယ္ႀကိဳက္တဲ့အစားအစာဆို လာထား အားရပါးရစားတတ္တဲ့အက်င့္ေတြက သူမ်ားေတြသိရင္ ေျပာစရာႀကီးျဖစ္ေနပါဦးမယ္။ အစားေသာင္းက်န္းခ်င္သေလာက္ေသာင္းက်န္းလို႔ရပါတယ္။ ဒါေပမယ့္ တျခားလူေတြအမ်ားႀကီးနဲ႔ဆိုရင္ေတာ့ ဟန္ေဆာင္ရဦးမွာေပါ့။

စိတ္ခံစားလြယ္တတ္ၾကတာ

မိန္းကေလးေတြ စိတ္ခံစားမႈျပင္းထန္တာ၊ လြယ္တာကေတာ့ ေျပာေနစရာကိုမလိုပါဘူး။ ေလတိုက္လည္း ငိုခ်င္ရယ္ခ်င္တယ္။ ပုရြတ္ဆိတ္ကိုက္လည္း ငိုခ်င္ရယ္ခ်င္တယ္။ ဒါေပမယ့္ အရမ္း စိတ္ခံစားမႈလြယ္တဲ့မိန္းကေလးတစ္ေယာက္က လူမႈဆက္ဆံေရးမွာ လိုအပ္ခ်က္ေတြရွိေနႏုိင္ပါတယ္။ ဒါေၾကာင့္ ငိုခ်င္ရင္လည္း တစ္ေယာက္တည္း ညဘက္ငိုပါ။ လူေတြေရွ႕မွာကေတာ့ ကိုယ္ေတြက ႀကံ႕ခိုင္တဲ့ သံမဏိအမ်ိဳးသမီးအျဖစ္ ေနျပရမယ္ေနာ္။

ေကာင္ေလးေတြကိုသေဘာက်တာ

အခုေခတ္က ပြင့္ပြင့္လင္းလင္းရွိၾကပါတယ္။ ခ်စ္ရင္ခ်စ္တယ္။ မုန္းရင္မုန္းတယ္ေပါ့။ ဒါေပမယ့္ ေတြ႕လိုက္မိတဲ့ေကာင္ေလးေခ်ာေခ်ာေလးတိုင္းကို သေဘာက်တာၾကေတာ့ မိန္းကေလးအခ်င္းခ်င္းပဲ နားလည္ပါတယ္။ ေခ်ာၿပီမိုက္ၿပီဆိုရင္ လိုက္ေငးမိတာေတြ၊ စိတ္ထဲ ႀကိတ္သေဘာက်ေနမိတာေတြကို ေကာင္ေလးေတြကို မေျပာျပနဲ႔ေနာ္။ မေျပာဘဲ ႀကိတ္ေငးေနရတာက ပိုလြတ္လပ္ၿပီး ပိုမိုက္ပါတယ္။

ဒါေတြက မိန္းကေလးေတြအခ်င္းခ်င္းပဲ နားလည္ၿပီး တျခားလူေတြကို ေျပာျပလို႔မေကာင္းတဲ့ကိစၥေလးေတြပါ။ သိသာသိေစ။ မျမင္ေစနဲ႔ဆိုသလိုပဲေပါ့။ ဒါေလးေတြကို တိတ္တိတ္ေလး စိတ္ထဲမွာထားမွပဲ ေနရတာ ပိုလြတ္လပ္မွာပါ။ အမွားကိုရွာခ်င္ၿပီး အျပစ္ေျပာဖို႔ပဲ အၿမဲေခ်ာင္းေျမာင္းေနတတ္တဲ့ ပတ္၀န္းက်င္ႀကီးထဲမွာေတာ့ ဒါေတြကို လူသိေအာင္ မလုပ္လိုက္မိပါေစနဲ႔ဦး။

Moethaesay (Akhayar)

[Unicode]

ကောင်မလေးတွေ လျှို့ဝှက်ထားသင့်တဲ့အကျင့်ဆိုးလေးများ

မိန်းကလေးတွေအနေနဲ့ ဘယ်လောက် ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တယ်ပဲပြောပြော ဘယ်သူမှမသိအောင် လျှို့ဝှက်ထားရမယ့်အချက်လေးတွေရှိပါတယ်။ ဒါမျိုးကိစ္စတွေဆိုရင်တော့ ဘယ်သူကိုမှမပြောပါနဲ့နော်။ တိတ်တိတ်လေး တစ်ယောက်တည်း စိတ်ထဲမှာပဲ ထားပါ။

သူများကိစ္စလိုက်စပ်စုနေတာ

စပ်စုတတ်တာကတော့ မိန်းကလေးတော်တော်များများရဲ့ ထုံးစံပါပဲ။ ဟိုကိစ္စဆိုလည်း သိချင်လိုက်၊ ဒီကိစ္စဆိုလည်း သိချင်လိုက်နဲ့။ ဒါပေမယ့် ဘယ်သူ့အကြောင်းတွေ ဘယ်လိုလိုက်စပ်စုနေသလဲဆိုတာကိုတော့ တခြားလူတွေကို သွားမပြောပါနဲ့နော်။ ချစ်သူကိုတောင် မပြောပါနဲ့။ တချို့ကောင်လေးတွေက စပ်စုတတ်တဲ့မိန်းကလေးတွေကို မကြိုက်ပါဘူး။ ဒါပေမယ့်လည်း ဒါက ကိုယ်တွေရဲ့ သိချင်မှုပဲလေနော်။ ဘယ်တတ်နိုင်မှာလဲ။

တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ပတ်သတ်တာ

မိန်းကလေးလည်း လူပဲလေ။ တစ်ခါတလေတော့လည်း အရမ်းအေးလို့ပဲဖြစ်ဖြစ်၊ အချိန်မရှိလို့ဘဲဖြစ်ဖြစ် ရေမချိုးဖြစ်တာမျိုး၊ ခေါင်းမလျှော်ဖြစ်တာမျိုးတွေကတော့ ရှိမှာပဲ။ ဒါပေမယ့် အဲဒီ့ကိစ္စတွေကိုလည်း လူတွေကို လိုက်ပြောပြနေစရာမလိုပါဘူး။ ဒီအတိုင်းလေး ရေမွှေးလေးပဲ စွတ်သွားဖြစ်ရင်တောင် ဒီကိစ္စကို ဘယ်သူမှမသိပါစေနဲ့။

အစားသောင်းကျန်းတာ

အစားသောင်းကျန်းတဲ့မိန်းကလေးတွေ အများကြီးပါ။ ဒါပေမယ့် လူရှေ့သူရှေ့ရောက်ရင် သူတို့မဟုတ်သလိုနေကြပါတယ်။ အိမ်မှာ ထမင်းနဲ့ ငပိရည်နဲ့ တွေ့ရင် လက်နဲ့စားတတ်တဲ့အကျင့်တွေ၊ ကိုယ်ကြိုက်တဲ့အစားအစာဆို လာထား အားရပါးရစားတတ်တဲ့အကျင့်တွေက သူများတွေသိရင် ပြောစရာကြီးဖြစ်နေပါဦးမယ်။ အစားသောင်းကျန်းချင်သလောက်သောင်းကျန်းလို့ရပါတယ်။ ဒါပေမယ့် တခြားလူတွေအများကြီးနဲ့ဆိုရင်တော့ ဟန်ဆောင်ရဦးမှာပေါ့။

စိတ်ခံစားလွယ်တတ်ကြတာ

မိန်းကလေးတွေ စိတ်ခံစားမှုပြင်းထန်တာ၊ လွယ်တာကတော့ ပြောနေစရာကိုမလိုပါဘူး။ လေတိုက်လည်း ငိုချင်ရယ်ချင်တယ်။ ပုရွတ်ဆိတ်ကိုက်လည်း ငိုချင်ရယ်ချင်တယ်။ ဒါပေမယ့် အရမ်း စိတ်ခံစားမှုလွယ်တဲ့မိန်းကလေးတစ်ယောက်က လူမှုဆက်ဆံရေးမှာ လိုအပ်ချက်တွေရှိနေနိုင်ပါတယ်။ ဒါကြောင့် ငိုချင်ရင်လည်း တစ်ယောက်တည်း ညဘက်ငိုပါ။ လူတွေရှေ့မှာကတော့ ကိုယ်တွေက ကြံ့ခိုင်တဲ့ သံမဏိအမျိုးသမီးအဖြစ် နေပြရမယ်နော်။

ကောင်လေးတွေကိုသဘောကျတာ

အခုခေတ်က ပွင့်ပွင့်လင်းလင်းရှိကြပါတယ်။ ချစ်ရင်ချစ်တယ်။ မုန်းရင်မုန်းတယ်ပေါ့။ ဒါပေမယ့် တွေ့လိုက်မိတဲ့ကောင်လေးချောချောလေးတိုင်းကို သဘောကျတာကြတော့ မိန်းကလေးအချင်းချင်းပဲ နားလည်ပါတယ်။ ချောပြီမိုက်ပြီဆိုရင် လိုက်ငေးမိတာတွေ၊ စိတ်ထဲ ကြိတ်သဘောကျနေမိတာတွေကို ကောင်လေးတွေကို မပြောပြနဲ့နော်။ မပြောဘဲ ကြိတ်ငေးနေရတာက ပိုလွတ်လပ်ပြီး ပိုမိုက်ပါတယ်။

ဒါတွေက မိန်းကလေးတွေအချင်းချင်းပဲ နားလည်ပြီး တခြားလူတွေကို ပြောပြလို့မကောင်းတဲ့ကိစ္စလေးတွေပါ။ သိသာသိစေ။ မမြင်စေနဲ့ဆိုသလိုပဲပေါ့။ ဒါလေးတွေကို တိတ်တိတ်လေး စိတ်ထဲမှာထားမှပဲ နေရတာ ပိုလွတ်လပ်မှာပါ။ အမှားကိုရှာချင်ပြီး အပြစ်ပြောဖို့ပဲ အမြဲချောင်းမြောင်းနေတတ်တဲ့ ပတ်ဝန်းကျင်ကြီးထဲမှာတော့ ဒါတွေကို လူသိအောင် မလုပ်လိုက်မိပါစေနဲ့ဦး။

Moethaesay (Akhayar)