[Zawgyi]

ကစားသမားဘ၀ကေန အနားယူဖို႔ နီးစပ္ေနျပီး နည္းျပေလာကထဲကို ၀င္ေရာက္ဖို႔ရိွေနတဲ႔ ဂီလာဒီႏို Gilardino

ေအစီမီလန္နဲ႔ အီတလီတိုက္စစ္မႈးေဟာင္း ဂီလာဒီႏို Gilardino ကို ပရိသတ္ေတြမွတ္မိၾကဦးမွာပါ။ ဂီလာဒီႏိုဟာ သူ႔ရဲ႕ကစားသမားဘ၀ကို ကလပ္အသင္းေပါင္းမ်ားစြာနဲ႔ ျဖတ္သန္းခဲ႔သူျဖစ္ျပီး ေအစီမီလန္အသင္းမွာေတာ႔ ေအာင္ျမင္တဲ႔ကစားသမားဘ၀ကို ပိုင္ဆိုင္ခဲ႔ပါတယ္။ ဂီလာဒီႏိုဟာ ၂၀၀၆ ကမၻာ႔ဖလားခ်န္ပီယံ အီတလီအသင္းရဲ႕ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

Gilardino

Gilardino

လက္ရိွအခ်ိန္မွာ အသက္(၃၆)ႏွစ္အရြယ္ရိွျပီျဖစ္သူ ဂီလာဒီႏိုဟာ ျပီးခဲ႔တဲ႔ ၂၀၁၇ – ၂၀၁၈ ေဘာလံုးရာသီက စီးရီးဘီကလပ္ Spezia အသင္းမွာကစားခဲ႔ပါတယ္။ လက္ရိွမွာအသင္းလက္မဲ႔ ျဖစ္ေနသူ ဂီလာဒီႏိုဟာ ေနာက္ထပ္ေဘာလံုးရာသီ တစ္ရာသီေလာက္ ဆက္ကစားဖို႔ စဥ္းစားေနသူပါ။ လက္ရိွမွာေတာ႔ ဂီလာဒီႏိုဟာ UEFA ရဲ႕ A လိုင္စင္ နဲ႔ B လိုင္စင္တို႔ကိုရရိွထားတာေၾကာင္႔ နည္းျပေလာကထဲ ၀င္ေရာက္ဖို႔ကိုလည္း အာ႐ံုစိုက္ေနပါတယ္။ အနာဂတ္မွာေတာ႔ ဂီလာဒီႏိုကို နည္းျပအျဖစ္ျမင္ေတြ႕ရဖို႔ကေတာ႔ သိပ္မေ၀းေတာ႔ဘူးလို႔ပဲ ဆိုရမွာပါ။

Ref: Goal.com , Football Italia
Photo: La Giornata Sportiva  , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကစားသမားဘဝကနေ အနားယူဖို့ နီးစပ်နေပြီး နည်းပြလောကထဲကို ဝင်ရောက်ဖို့ရှိနေတဲ့ ဂီလာဒီနို Gilardino

အေစီမီလန်နဲ့ အီတလီတိုက်စစ်မှုးဟောင်း ဂီလာဒီနို Gilardino ကို ပရိသတ်တွေမှတ်မိကြဦးမှာပါ။ ဂီလာဒီနိုဟာ သူ့ရဲ့ကစားသမားဘဝကို ကလပ်အသင်းပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့သူဖြစ်ပြီး အေစီမီလန်အသင်းမှာတော့ အောင်မြင်တဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဂီလာဒီနိုဟာ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းရဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Gilardino

Gilardino

လက်ရှိအချိန်မှာ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဂီလာဒီနိုဟာ ပြီးခဲ့တဲ့ ၂၀၁၇ – ၂၀၁၈ ဘောလုံးရာသီက စီးရီးဘီကလပ် Spezia အသင်းမှာကစားခဲ့ပါတယ်။ လက်ရှိမှာအသင်းလက်မဲ့ ဖြစ်နေသူ ဂီလာဒီနိုဟာ နောက်ထပ်ဘောလုံးရာသီ တစ်ရာသီလောက် ဆက်ကစားဖို့ စဉ်းစားနေသူပါ။ လက်ရှိမှာတော့ ဂီလာဒီနိုဟာ UEFA ရဲ့ A လိုင်စင် နဲ့ B လိုင်စင်တို့ကိုရရှိထားတာကြောင့် နည်းပြလောကထဲ ဝင်ရောက်ဖို့ကိုလည်း အာရုံစိုက်နေပါတယ်။ အနာဂတ်မှာတော့ ဂီလာဒီနိုကို နည်းပြအဖြစ်မြင်တွေ့ရဖို့ကတော့ သိပ်မဝေးတော့ဘူးလို့ပဲ ဆိုရမှာပါ။

Ref: Goal.com , Football Italia
Photo: La Giornata Sportiva  , Goal.com
Ko Kyue(Akhayar)
www.akhayar.com