[Zawgyi]

Gigi Hadid နဲ႔ Zayn Malik ျပန္တြဲေနၾကျပီဆုိတာ အတည္ျပဳႏုိင္ပါျပီ

ဘယ္လိုပင္အသစ္ေျပာင္းၾကေသာ္လည္း အေဟာင္းကိုပဲ တလည္လည္ဆိုတာကို Gigi Hadid နဲ႔ Zayn Malik တို႔အတြဲက သက္ေသျပေနပါျပီ။ Gigi နဲ႔ Zayn ဟာ ျပီးခဲ့တဲ့ မတ္လက Twitter မွာ ႏႈတ္ဆက္စာကုိယ္စီေရးျပီး လမ္းခြဲျပတ္စဲခဲ့ၾကတာကို မွတ္မိဦးမွာပါ။

ဒါေပမယ့္ ဧျပီလကုန္ ေမလေလာက္အေရာက္မွာေတာ့ သူတို႔ ႏွစ္ေယာက္ျပန္ေပါင္းထုပ္ေနၾကျပီဆုိျပီး သတင္းေတြ ပ်ံ႕လာသလို Zayn တစ္ေယာက္ New York မွာ ရွိတဲ့ Gigi အိမ္ကိုလည္း သြားလိုက္၊ လာလိုက္လုပ္ေနတာကို မီဒီယာေတြက သတိထားမိၾကပါတယ္။

သူတို႔ႏွစ္ေယာက္ျပန္တြဲေတာ့မလားရယ္လို႔ ပရိသတ္ေတြက ခန္႔မွန္းေနၾကေပမယ့္ ေနာက္ဆံုးမွာ ခန္႔မွန္းစရာမလုိဘဲ ဒီသတင္းအတည္ျဖစ္လာပါျပီ။ ဇြန္လ ၅ ရက္ေန႔က နယူးေယာက္မွာ ျပဳလုပ္တဲ့ Ocean’s 8 ရဲ့ Premier Show ကို Gigi တက္ေရာက္ခဲ့ျပီး အဲဒီကေနအျပန္မွာ ခ်စ္စရာေကာင္းတဲ့ Afterparty ကို လူတစ္ေယာက္နဲ႔ ဆင္ႏႊဲခဲ့ပါတယ္။

Gigi Hadid Instagram Story မွာ တင္ထားတဲ့ပံု

Gigi Hadid Instagram Story မွာ တင္ထားတဲ့ပံု

Gigi Hadid Instagram Story မွာ တင္ထားတဲ့ပံု

Gigi Hadid Instagram Story မွာ တင္ထားတဲ့ပံု

ဒီအေၾကာင္းကို Gigi ရဲ႕ Instagram Story မွာေတြ႔ရျပီး ပံုထဲမွာေတာ့ Zayn ရဲ့ မ်က္ႏွာကို မျမင္ရေပမယ့္ ဆံပင္ပံုစံနဲ႔ Racing Flag တက္တူးေတြ ျမင္လိုက္တာနဲ႔ Zayn မွန္းသိသာေနပါတယ္။ ႏွစ္ေယာက္လံုးဟာ ေႏြးေႏြးေထြးေထြးဖက္တြယ္ထားျပီး Pokemon Game ေဆာ့ေနတာ ျမင္ရပံုအရေတာ့ အိုေကမွာ စိုျပည္ျပီး ျပန္တြဲေနၾကတယ္ဆိုတာ ေသခ်ာပါေၾကာင္း။

Yoe Lu (Akhayar)

www.akhayar.com

Ref : buzzfeed.com
[Unicode]

Gigi Hadid နဲ့ Zayn Malik ပြန်တွဲနေကြပြီဆိုတာ အတည်ပြုနိုင်ပါပြီ

ဘယ်လိုပင်အသစ်ပြောင်းကြသော်လည်း အဟောင်းကိုပဲ တလည်လည်ဆိုတာကို Gigi Hadid နဲ့ Zayn Malik တို့အတွဲက သက်သေပြနေပါပြီ။ Gigi နဲ့ Zayn ဟာ ပြီးခဲ့တဲ့ မတ်လက Twitter မှာ နှုတ်ဆက်စာကိုယ်စီရေးပြီး လမ်းခွဲပြတ်စဲခဲ့ကြတာကို မှတ်မိဦးမှာပါ။

ဒါပေမယ့် ဧပြီလကုန် မေလလောက်အရောက်မှာတော့ သူတို့ နှစ်ယောက်ပြန်ပေါင်းထုပ်နေကြပြီဆိုပြီး သတင်းတွေ ပျံ့လာသလို Zayn တစ်ယောက် New York မှာ ရှိတဲ့ Gigi အိမ်ကိုလည်း သွားလိုက်၊ လာလိုက်လုပ်နေတာကို မီဒီယာတွေက သတိထားမိကြပါတယ်။

သူတို့နှစ်ယောက်ပြန်တွဲတော့မလားရယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပေမယ့် နောက်ဆုံးမှာ ခန့်မှန်းစရာမလိုဘဲ ဒီသတင်းအတည်ဖြစ်လာပါပြီ။ ဇွန်လ ၅ ရက်နေ့က နယူးယောက်မှာ ပြုလုပ်တဲ့ Ocean’s 8 ရဲ့ Premier Show ကို Gigi တက်ရောက်ခဲ့ပြီး အဲဒီကနေအပြန်မှာ ချစ်စရာကောင်းတဲ့ Afterparty ကို လူတစ်ယောက်နဲ့ ဆင်နွှဲခဲ့ပါတယ်။

Gigi Hadid Instagram Story မှာ တင်ထားတဲ့ပုံ

Gigi Hadid Instagram Story မှာ တင်ထားတဲ့ပုံ

Gigi Hadid Instagram Story မှာ တင်ထားတဲ့ပုံ

Gigi Hadid Instagram Story မှာ တင်ထားတဲ့ပုံ

ဒီအကြောင်းကို Gigi ရဲ့ Instagram Story မှာတွေ့ရပြီး ပုံထဲမှာတော့ Zayn ရဲ့ မျက်နှာကို မမြင်ရပေမယ့် ဆံပင်ပုံစံနဲ့ Racing Flag တက်တူးတွေ မြင်လိုက်တာနဲ့ Zayn မှန်းသိသာနေပါတယ်။ နှစ်ယောက်လုံးဟာ နွေးနွေးထွေးထွေးဖက်တွယ်ထားပြီး Pokemon Game ဆော့နေတာ မြင်ရပုံအရတော့ အိုကေမှာ စိုပြည်ပြီး ပြန်တွဲနေကြတယ်ဆိုတာ သေချာပါကြောင်း။

Yoe Lu (Akhayar)

www.akhayar.com

Ref : buzzfeed.com