[Zawgyi]

မွတ္တမ္းဆုိးကုိ ခ်ိဳးျဖတ္ႏုိင္ခဲ့ျခင္းမရွိတဲ့ ေ၀းလ္စ္နည္းျပ ႐ုိင္ယန္ဂစ္ Ryan Giggs

ေ၀းလ္စ္အသင္းနည္းျပ ႐ုိင္ယန္ဂစ္ Ryan Giggs ဟာ အရင္နည္းျပေတြ ႀကံဳခဲ့ရတဲ့ အေ၀းကြင္း မွတ္တမ္းဆုိးကုိ မခ်ိဳးျဖတ္ႏုိင္ခဲ့ဘဲ စိတ္ပ်က္စရာ ရလဒ္နဲ႔ ႀကံဳေတြ႕ခဲ့ရတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က Nations League ပဲြစဥ္အျဖစ္ ဒိန္းမတ္အသင္းနဲ႔ ကစားခဲ့တဲ့ အေ၀းကြင္းပဲြမွာ ေ၀းလ္စ္အသငး္ဟာ (၂-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။ ႐ိုင္ယန္ဂစ္ဟာ  Nations League အဖြင့္ပြဲမွာ အုိင္ယာလန္အသင္းကုိ (၄-၁)ဂုိးနဲ႔ အႏုိင္ရခဲ့ေပမယ့္လည္း ဒုတိယပဲြမွာေတာ့ အရႈံးနဲ႔ ရင္ဆုိင္ခဲ့ရၿပီျဖစ္ပါတယ္။

Ryan-Giggs-was-in-charge-of-his-second-competitive-Wales-game

Ryan-Giggs-was-in-charge-of-his-second-competitive-Wales-game

ၿပီးခဲ့တဲ့ (၁၉)ႏွစ္အတြင္း ေ၀းလ္စ္အသငး္နညး္ျပေတြဟာ အဓိကႏုိင္ငံတကာ ၿပိဳင္ပဲြေတြရဲ႕ ပထမဆုံးအေ၀းကြင္းပဲြမွာ ႐ႈံးပဲြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး အခုဆုိရင္ ႐ုိင္ယန္ဂစ္က (၅)ဦးေျမာက္ နည္းျပျဖစ္လာပါၿပီ။ ေ၀းလ္စ္နည္းျပေတြထဲမွာ ပထမဆုံးအေ၀းကြင္းႏုိင္ပဲြ ရခဲ့သူက ေ၀းလ္စ္ဂႏၳ၀င္ တစ္ဦးျဖစ္တဲ့ မာ့ခ္ဟုခ်္ Mark Hughes ျဖစ္ၿပီး ၁၉၉၉ ခုႏွစ္၊ စက္တင္ဘာလတုန္းက ဘီလာ႐ုစ္အသင္းကို အႏုိင္ရခ့ဲတာပါ။ အဲဒီေနာက္ပုိင္း ေ၀းလ္စ္နည္းျပေတြျဖစ္တဲ့ ဂၽြန္တိုရွက္ John Toshack ၊ ဘ႐ုိင္ယန္ဖလင္း Brian Flynn ၊ ခရစၥကုိးမန္း Chris Coleman ၊ အခု ႐ုိင္ယန္ဂစ္တို႔ အားလုံး အေ၀းကြင္းႏုိင္ပဲြ ေပ်ာက္ခဲ့ၾကတယ္။

အခုႏွစ္၊ ဇန္န၀ါရီလက ေ၀းလ္စ္အသင္းနည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရတဲ့ ႐ုိင္ယန္ဂစ္ဟာ အခုလက္ရွိအခ်ိန္အထိ (၅)ပဲြကုိင္တြယ္ခဲ့ၿပီး (၂)ပဲြႏုိင္၊ (၁)ပဲြ သေရ၊ (၂)ပဲြ ႐ႈံးနိမ့္ထားတယ္။ ဒိန္းမတ္နဲ႔ ပဲြအၿပီးမွာ ႐ုိင္ယန္ဂစ္က “ဒီပဲြဟာ ကၽြန္ေတာ့္အတြက္ (၅)ပဲြေျမာက္ျဖစ္ၿပီး အသင္းရဲ႕ အေနအထား တိုးတက္လာတာကုိ ေတြ႕ရလုိ႔ ေက်နပ္မိပါတယ္။ အခု႐ႈံးပဲြကေန ကၽြန္ေတာ္တို႔ ဘာေတြ လုိအပ္ေနလဲဆုိတာ သင္ခန္းစာယူသြားမွာပါ”လုိ႔ ေျပာၾကားခဲ့တယ္။

REF:BBC,Goal.com
Photo:Firenews,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မှတ်တမ်းဆိုးကို ချိုးဖြတ်နိုင်ခဲ့ခြင်းမရှိတဲ့ ဝေးလ်စ်နည်းပြ ရိုင်ယန်ဂစ် Ryan Giggs

ဝေးလ်စ်အသင်းနည်းပြ ရိုင်ယန်ဂစ် Ryan Giggs ဟာ အရင်နည်းပြတွေ ကြုံခဲ့ရတဲ့ အဝေးကွင်း မှတ်တမ်းဆိုးကို မချိုးဖြတ်နိုင်ခဲ့ဘဲ စိတ်ပျက်စရာ ရလဒ်နဲ့ ကြုံတွေ့ခဲ့ရတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Nations League ပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲမှာ ဝေးလ်စ်အသင်းဟာ (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ ရိုင်ယန်ဂစ်ဟာ  Nations League အဖွင့်ပွဲမှာ အိုင်ယာလန်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဒုတိယပွဲမှာတော့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

Ryan-Giggs-was-in-charge-of-his-second-competitive-Wales-game

Ryan-Giggs-was-in-charge-of-his-second-competitive-Wales-game

ပြီးခဲ့တဲ့ (၁၉)နှစ်အတွင်း ဝေးလ်စ်အသင်းနည်းပြတွေဟာ အဓိကနိုင်ငံတကာ ပြိုင်ပွဲတွေရဲ့ ပထမဆုံးအဝေးကွင်းပွဲမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုဆိုရင် ရိုင်ယန်ဂစ်က (၅)ဦးမြောက် နည်းပြဖြစ်လာပါပြီ။ ဝေးလ်စ်နည်းပြတွေထဲမှာ ပထမဆုံးအဝေးကွင်းနိုင်ပွဲ ရခဲ့သူက ဝေးလ်စ်ဂန္ထဝင် တစ်ဦးဖြစ်တဲ့ မာ့ခ်ဟုချ် Mark Hughes ဖြစ်ပြီး ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလတုန်းက ဘီလာရုစ်အသင်းကို အနိုင်ရခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝေးလ်စ်နည်းပြတွေဖြစ်တဲ့ ဂျွန်တိုရှက် John Toshack ၊ ဘရိုင်ယန်ဖလင်း Brian Flynn ၊ ခရစ္စကိုးမန်း Chris Coleman ၊ အခု ရိုင်ယန်ဂစ်တို့ အားလုံး အဝေးကွင်းနိုင်ပွဲ ပျောက်ခဲ့ကြတယ်။

အခုနှစ်၊ ဇန်နဝါရီလက ဝေးလ်စ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ရိုင်ယန်ဂစ်ဟာ အခုလက်ရှိအချိန်အထိ (၅)ပွဲကိုင်တွယ်ခဲ့ပြီး (၂)ပွဲနိုင်၊ (၁)ပွဲ သရေ၊ (၂)ပွဲ ရှုံးနိမ့်ထားတယ်။ ဒိန်းမတ်နဲ့ ပွဲအပြီးမှာ ရိုင်ယန်ဂစ်က “ဒီပွဲဟာ ကျွန်တော့်အတွက် (၅)ပွဲမြောက်ဖြစ်ပြီး အသင်းရဲ့ အနေအထား တိုးတက်လာတာကို တွေ့ရလို့ ကျေနပ်မိပါတယ်။ အခုရှုံးပွဲကနေ ကျွန်တော်တို့ ဘာတွေ လိုအပ်နေလဲဆိုတာ သင်ခန်းစာယူသွားမှာပါ”လို့ ပြောကြားခဲ့တယ်။

REF:BBC,Goal.com
Photo:Firenews,Getty Images
Naing Linn(Akhayar)
www.akhayar.com