This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားဟာ အေကာင္းဆုံးၿပိဳင္ပဲြလုိ႔ ခ်ီးက်ဴးခဲ့တဲ့ ဖီဖာဥကၠဌ အင္ဖန္တီႏုိ Infantino

ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(ဖီဖာ)ဥကၠဌျဖစ္သူ အင္ဖန္တီႏုိ Infantino က ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြဟာ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးၿပိဳင္ပဲြျဖစ္လုိ႔ ခ်ီးက်ဴးစကားဆုိခဲ့တယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြဟာ (၆၄)ပဲြအထိ ကစားၿပီးသြားၿပီျဖစ္ၿပီး တတိယေနရာလုပဲြနဲ႔ ဗုိလ္လုပဲြသာ ကစားဖုိ႔က်န္ရွိပါေတာ့တယ္။ ဒီၿပိဳင္ပဲြမတုိင္ခင္က ႐ုရွားႏုိင္ငံရဲ႕ဆုိးသြမ္းရမ္းကားတဲ့ ပရိသတ္ေတြရန္ေၾကာင့္ ၿပိဳင္ပဲြကုိ လာေရာက္ၾကည့္႐ႈတဲ့ ကမၻာတစ္၀ွမ္းက ပရိသတ္ေတြ လုံၿခံဳေရးအေပၚ စုိးရိမ္မႈေတြရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ျပႆနာ ႀကီးႀကီးမားမား မရွိေသးပါဘူး။

Infantino-gives-a-thumbs-up-to-this-summers-World-Cup1

Infantino-gives-a-thumbs-up-to-this-summers-World-Cup1

အင္ဖန္တီႏုိက “လြန္ခဲ့တဲ့ႏွစ္အနညး္ငယ္က ၿပိဳင္ပဲြေတြထက္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြက ပုိေကာင္းတယ္လုိ႔ ကၽြန္ေတာ္အရင္က ေျပာခဲ့ဖူးပါတယ္။ အခုအခ်ိန္မွာေတာ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြဟာ သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးလုိ႔ ထပ္ၿပီးေျပာခ်င္ပါတယ္။ အဲဒီအတြက္လည္း ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြနဲ႔ပတ္သက္တဲ့ အဖဲြ႕အစည္းေတြ၊ ပါ၀င္ခဲ့ၾကတဲ့ တာ၀န္ရွိသူေတြအားလုံးကုိ ေက်းဇူးတင္ပါတယ္”လုိ႔ ဆုိခဲ့ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ ေနာက္ဆုံးဗုိလ္လုပဲြအျဖစ္ လာမယ့္တနဂၤေႏြေန႔မွာ ျပင္သစ္နဲ႔ခ႐ုိေအးရွားတို႔ကစားၾကမွာျဖစ္ၿပီး ပိတ္ပဲြအခမ္းအနားကုိပါ တစ္ပါတည္းက်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

REF:Sky Sports
Photo:The Virginian-Pilot,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားဟာ အကောင်းဆုံးပြိုင်ပွဲလို့ ချီးကျူးခဲ့တဲ့ ဖီဖာဥက္ကဌ အင်ဖန်တီနို Infantino

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဌဖြစ်သူ အင်ဖန်တီနို Infantino က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးပြိုင်ပွဲဖြစ်လို့ ချီးကျူးစကားဆိုခဲ့တယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ (၆၄)ပွဲအထိ ကစားပြီးသွားပြီဖြစ်ပြီး တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲသာ ကစားဖို့ကျန်ရှိပါတော့တယ်။ ဒီပြိုင်ပွဲမတိုင်ခင်က ရုရှားနိုင်ငံရဲ့ဆိုးသွမ်းရမ်းကားတဲ့ ပရိသတ်တွေရန်ကြောင့် ပြိုင်ပွဲကို လာရောက်ကြည့်ရှုတဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ လုံခြုံရေးအပေါ် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ ပြဿနာ ကြီးကြီးမားမား မရှိသေးပါဘူး။

Infantino-gives-a-thumbs-up-to-this-summers-World-Cup1

Infantino-gives-a-thumbs-up-to-this-summers-World-Cup1

အင်ဖန်တီနိုက “လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပြိုင်ပွဲတွေထက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက ပိုကောင်းတယ်လို့ ကျွန်တော်အရင်က ပြောခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးလို့ ထပ်ပြီးပြောချင်ပါတယ်။ အဲဒီအတွက်လည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ ပါဝင်ခဲ့ကြတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ ပြင်သစ်နဲ့ခရိုအေးရှားတို့ကစားကြမှာဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကိုပါ တစ်ပါတည်းကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

REF:Sky Sports
Photo:The Virginian-Pilot,Twitter
Naing Linn(Akhayar)
www.akhayar.com