[Zawgyi]

ရီးယဲလ္နဲ႔ ခ်န္ပီယံလိဂ္ပြဲက ျဖစ္ရပ္အတြက္ (၃)ပြဲပယ္ ခံခဲ့ရတဲ့ ဝါရင့္ဂိုးသမား ဘူဖြန္

ရီးယဲလ္အသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ႔ပြဲစဥ္မွ အနီကတ္ျပစ္ဒဏ္အတြက္ ဝါရင့္ဂိုးသမား ဘူဖြန္ Buffon ကို UEFA က (၃)ပဲြပယ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။ ရီးယဲလ္အသင္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ႔ပြဲစဥ္ ေနာက္ဆံုးမိနစ္မွာ ရီးယဲလ္အသင္းကို ပယ္နယ္တီေပးခဲ့တဲ့အေပၚ ျပင္းထန္စြာ ေစာဒကတက္ခဲ့တဲ့ ဂိုးသမား ဘူဖြန္ Buffon ကို ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာ Michael Oliver က တိုက္ရိုက္ အနီကတ္ျပ ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းက ထြက္ခြာၿပီး အသင္းသစ္ရွာေဖြေနတဲ့ အသက္ (၄၀)အရြယ္ရွိ ဘူဖြန္ Buffon ဟာ အသင္းသစ္မွာ ဥေရာပၿပိဳင္ပြဲ ပြဲပယ္ျပစ္ဒဏ္ကို ခံယူသြားရမွာ ျဖစ္ပါတယ္။ UEFA ရဲ႕ ထုတ္ျပန္မႈမွာ တိုက္ရိုက္ အနီကတ္ ျပစ္ဒဏ္အတြက္ (၁)ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခဲ့တာျဖစ္ၿပီး ကြင္းလယ္ဒိုင္ကို ျပင္းထန္စြာ ေစာဒကတက္ခဲ့တဲ့အတြက္ (၂)ပြဲပယ္ျပစ္ဒဏ္ ထပ္မံခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

Gianluigi-Buffon-suspended-for-three-matches-by-UEFA-following-red-card-meltdown

Gianluigi-Buffon-suspended-for-three-matches-by-UEFA-following-red-card-meltdown

(၃)ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရတဲ့အေပၚ ဘူဖြန္ Buffon က “ဒီျဖစ္ရပ္အၿပီးမွာ ကၽြန္ေတာ္ ဒီျဖစ္ရပ္ကို ဂိုးစည္းေပၚကေန ထင္ထင္ရွားရွား ျမင္ခဲ့တယ္လို႔ ေျပာခဲ့တာပါ။ ကၽြန္ေတာ့္ ခ်န္ပီယံလိဂ္ ကစားခဲ့တဲ့ (၂၃)ႏွစ္အတြင္း တစ္ခါမွ ထုတ္ပယ္မခံခဲ့ရသလို၊ ပြဲပယ္ျပစ္ဒဏ္လည္း မခ်မွတ္ခံခဲ့ရပါဘူး၊ အားကစားေလာကမွာ လူတိုင္းအေပၚ မွ်မွ်တတ ေဆာင္ရြက္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ရီးယဲလ္အသင္းကို ပယ္နယ္တီေပးခဲ့ၿပီး ဘူဖြန္ကို ထုတ္ပယ္ခဲ့တဲ့ျဖစ္ရပ္ေတြေၾကာင့္ ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာ Michael Oliver နဲ႔ ဇနီးျဖစ္သူတို႔ဟာ အသက္အႏၱရာယ္ ၿခိမ္းေျခာက္ခံရမႈေတြအထိ ႀကံဳေတြ႔ခဲ့ရပါတယ္။

REF:Daily Mail
Photo:Ghanasoccernet.com, Marking The Spot
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲက ဖြစ်ရပ်အတွက် (၃)ပွဲပယ် ခံခဲ့ရတဲ့ ဝါရင့်ဂိုးသမား ဘူဖွန်

ရီးယဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှ အနီကတ်ပြစ်ဒဏ်အတွက် ဝါရင့်ဂိုးသမား ဘူဖွန် Buffon ကို UEFA က (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် နောက်ဆုံးမိနစ်မှာ ရီးယဲလ်အသင်းကို ပယ်နယ်တီပေးခဲ့တဲ့အပေါ် ပြင်းထန်စွာ စောဒကတက်ခဲ့တဲ့ ဂိုးသမား ဘူဖွန် Buffon ကို ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာ Michael Oliver က တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာပြီး အသင်းသစ်ရှာဖွေနေတဲ့ အသက် (၄၀)အရွယ်ရှိ ဘူဖွန် Buffon ဟာ အသင်းသစ်မှာ ဥရောပပြိုင်ပွဲ ပွဲပယ်ပြစ်ဒဏ်ကို ခံယူသွားရမှာ ဖြစ်ပါတယ်။ UEFA ရဲ့ ထုတ်ပြန်မှုမှာ တိုက်ရိုက် အနီကတ် ပြစ်ဒဏ်အတွက် (၁)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်ကို ပြင်းထန်စွာ စောဒကတက်ခဲ့တဲ့အတွက် (၂)ပွဲပယ်ပြစ်ဒဏ် ထပ်မံချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Gianluigi-Buffon-suspended-for-three-matches-by-UEFA-following-red-card-meltdown

Gianluigi-Buffon-suspended-for-three-matches-by-UEFA-following-red-card-meltdown

(၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့အပေါ် ဘူဖွန် Buffon က “ဒီဖြစ်ရပ်အပြီးမှာ ကျွန်တော် ဒီဖြစ်ရပ်ကို ဂိုးစည်းပေါ်ကနေ ထင်ထင်ရှားရှား မြင်ခဲ့တယ်လို့ ပြောခဲ့တာပါ။ ကျွန်တော့် ချန်ပီယံလိဂ် ကစားခဲ့တဲ့ (၂၃)နှစ်အတွင်း တစ်ခါမှ ထုတ်ပယ်မခံခဲ့ရသလို၊ ပွဲပယ်ပြစ်ဒဏ်လည်း မချမှတ်ခံခဲ့ရပါဘူး၊ အားကစားလောကမှာ လူတိုင်းအပေါ် မျှမျှတတ ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ရီးယဲလ်အသင်းကို ပယ်နယ်တီပေးခဲ့ပြီး ဘူဖွန်ကို ထုတ်ပယ်ခဲ့တဲ့ဖြစ်ရပ်တွေကြောင့် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာ Michael Oliver နဲ့ ဇနီးဖြစ်သူတို့ဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေအထိ ကြုံတွေ့ခဲ့ရပါတယ်။

REF:Daily Mail
Photo:Ghanasoccernet.com, Marking The Spot
Aung Kyaw Wai (Akhayar)
www.akhayar.com