[Zawgyi]

ေငြေၾကးအလြဲသုံးစားမႈေၾကာင့္ Nissan ကုမၸဏီရဲ႕ ဥကၠဌ Carlos Ghosn ဖမ္းဆီးခံရၿပီ

ႏိုဝင္ဘာလ (၁၉) ရက္ေန႔မွာေတာ့ Nissan ကုမၸဏီရဲ႕  ဥကၠဌ Carlos Ghosn ဟာ ေငြေၾကးအလြဲသုံးစားမႈေၾကာင့္ ဂ်ပန္ႏုိင္ငံမွာ ဖမ္းဆီးခံရတယ္လုိ႔ သိရပါတယ္။ သူနဲ႔ ကုမၸဏီဒါရုိက္တာ Greg Kelly တုိ႔ဟာ ေငြေၾကးအလြဲသုံးစားမႈေၾကာင့္ Nissan ကုမၸဏီမွာ စစ္ေဆးခံေနရတာ ကာလၾကာခဲ့ပါၿပီ။ ကုမၸဏီအေနနဲ႔ သူတုိ႔ႏွစ္ေယာက္ကုိ ႏုိဝင္ဘာလ (၂၂) ရက္ေန႔မွာ က်င္းပမယ့္ အစည္းအေဝးမွာ ရာထူးက ထုတ္ပယ္သြားမွာျဖစ္တယ္လုိ႔ ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Hiroto Saikawa က ေျပာဆုိခဲ့တာပါ။

ကုမၸဏီရဲ႕ ဝင္ေငြေတြကုိ အတိအက်မေဖာ္ျပတာ၊ ကုမၸဏီပုိင္ေငြေၾကးေတြကုိ ကုိယ့္က်ိဳးအတြက္ အသုံးျပဳတာနဲ႔ စာရင္းလိမ္လည္တာေတြေၾကာင့္ စစ္ေဆးစုံစမ္းမႈေတြ ျပဳလုပ္အၿပီးမွာ အခုလုိထိန္းသိမ္းလုိက္တာပါ။ ကုမၸဏီရဲ႕ အထက္အရာရွိကုိ ထိန္းသိမ္းလုိက္တဲ့အခါမွာ Nissan ရဲ႕ ရွယ္ယာေစ်းႏႈန္းေတြလည္း က်ဆင္းသြားပါတယ္။ ဂ်ပန္ႏုိင္ငံမွာ ေငြေၾကးအလြဲသုံးစားလုပ္ရင္ ေထာင္ဒဏ္ဆယ္ႏွစ္ သုိ႔မဟုတ္ ယန္းဆယ္သန္း (၈၉,ဝဝဝ ေဒၚလာ) အထိလည္း ဒဏ္တပ္ႏုိင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ငွေကြေးအလွဲသုံးစားမှုကြောင့် Nissan ကုမ္ပဏီရဲ့ ဥက္ကဌ Carlos Ghosn ဖမ်းဆီးခံရပြီ

နိုဝင်ဘာလ (၁၉) ရက်နေ့မှာတော့ Nissan ကုမ္ပဏီရဲ့  ဥက္ကဌ Carlos Ghosn ဟာ ငွေကြေးအလွဲသုံးစားမှုကြောင့် ဂျပန်နိုင်ငံမှာ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ သူနဲ့ ကုမ္ပဏီဒါရိုက်တာ Greg Kelly တို့ဟာ ငွေကြေးအလွဲသုံးစားမှုကြောင့် Nissan ကုမ္ပဏီမှာ စစ်ဆေးခံနေရတာ ကာလကြာခဲ့ပါပြီ။ ကုမ္ပဏီအနေနဲ့ သူတို့နှစ်ယောက်ကို နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးမှာ ရာထူးက ထုတ်ပယ်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Hiroto Saikawa က ပြောဆိုခဲ့တာပါ။

ကုမ္ပဏီရဲ့ ဝင်ငွေတွေကို အတိအကျမဖော်ပြတာ၊ ကုမ္ပဏီပိုင်ငွေကြေးတွေကို ကိုယ့်ကျိုးအတွက် အသုံးပြုတာနဲ့ စာရင်းလိမ်လည်တာတွေကြောင့် စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်အပြီးမှာ အခုလိုထိန်းသိမ်းလိုက်တာပါ။ ကုမ္ပဏီရဲ့ အထက်အရာရှိကို ထိန်းသိမ်းလိုက်တဲ့အခါမှာ Nissan ရဲ့ ရှယ်ယာဈေးနှုန်းတွေလည်း ကျဆင်းသွားပါတယ်။ ဂျပန်နိုင်ငံမှာ ငွေကြေးအလွဲသုံးစားလုပ်ရင် ထောင်ဒဏ်ဆယ်နှစ် သို့မဟုတ် ယန်းဆယ်သန်း (၈၉,ဝဝဝ ဒေါ်လာ) အထိလည်း ဒဏ်တပ်နိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com