[Zawgyi]

‘အကယ္၍ လက္ထပ္ၾကတဲ့အခါ’ Music Video နဲ႔ အရမ္းကို ရိုျပလိုက္တဲ့ G Fatt

အဆိုေတာ္ G Fatt ကေတာ့ ကာရန္အခ်ိတ္အဆက္မိမိနဲ႔ သီခ်င္းေတြကို ဇာတ္လမ္းေလးသဖြယ္ေရးႏိုင္လို႔ လူၾကိဳက္မ်ားတဲ့ Rap အဆိုေတာ္ေတြထဲမွာ ပါဝင္ခဲ့တာပါ။ အခုလည္း သူ႔ရဲ႕ မတ္လက ထြက္ရွိထားတဲ့ ‘120/B’ အေခြထဲက “အကယ္၍ လက္ထပ္ၾကတဲ့အခါ” သီခ်င္းကို Music Video အေနနဲ႔ ခ်ျပလိုက္ပါတယ္။

ဒီသီခ်င္းကို ဒါရို္က္တာ ျဖိဳးမင္းျမတ္ (Like Art Creation) က ရုိက္ကူးေပးထားျပီး G Fatt ရဲ႕ Page မွာ
“အကယ္၍လက္ထပ္ၾကတဲ့အခါ ..
Director – Phyo Min Myat ( Like Art Creation)
Music- Mg Mg Pyae Sone
Mixing ~ Thant Cin (String)
Starrings- Gfatt, Nansu Yati Soe
Ice Cold, Nwe Darli Htun , Sai khun San ,Zuki ko Han
MUA- Jet Jet
Stylist- Yoko San
A story by Gfatt” လို႔ တင္ထားခဲ့ပါတယ္။

Music Video ကို G Fatt နဲ႔ သူ႔ခ်စ္သူ နန္းဆုရတီစိုးတို႔ ပထမဆံုးစေတြ႔တာ၊ ခရီးထြက္တာ၊ သူတို႔ၾကားက အျဖစ္အပ်က္ေတြ၊ နာက္ဆံုး မဂၤလာေဆာင္သြားတဲ့အထိ လူတုိင္းအားမက် က်ေအာင္ ပံုေဖာ္သြားခဲ့ပါတယ္။ ေအာက္က Comment ေတြမွာလည္း Ro လွခ်ည္ရဲ႕ ျဖစ္ေနလို႔ အမွတ္တရ ေဖာ္ျပေပးလိုက္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Gfatt Facebook Page
[Unicode]

‘အကယ်၍ လက်ထပ်ကြတဲ့အခါ’ Music Video နဲ့ အရမ်းကို ရိုပြလိုက်တဲ့ G Fatt

အဆိုတော် G Fatt ကတော့ ကာရန်အချိတ်အဆက်မိမိနဲ့ သီချင်းတွေကို ဇာတ်လမ်းလေးသဖွယ်ရေးနိုင်လို့ လူကြိုက်များတဲ့ Rap အဆိုတော်တွေထဲမှာ ပါဝင်ခဲ့တာပါ။ အခုလည်း သူ့ရဲ့ မတ်လက ထွက်ရှိထားတဲ့ ‘120/B’ အခွေထဲက “အကယ်၍ လက်ထပ်ကြတဲ့အခါ” သီချင်းကို Music Video အနေနဲ့ ချပြလိုက်ပါတယ်။

ဒီသီချင်းကို ဒါရိုက်တာ ဖြိုးမင်းမြတ် (Like Art Creation) က ရိုက်ကူးပေးထားပြီး G Fatt ရဲ့ Page မှာ
“အကယ်၍လက်ထပ်ကြတဲ့အခါ ..
Director – Phyo Min Myat ( Like Art Creation)
Music- Mg Mg Pyae Sone
Mixing ~ Thant Cin (String)
Starrings- Gfatt, Nansu Yati Soe
Ice Cold, Nwe Darli Htun , Sai khun San ,Zuki ko Han
MUA- Jet Jet
Stylist- Yoko San
A story by Gfatt” လို့ တင်ထားခဲ့ပါတယ်။

Music Video ကို G Fatt နဲ့ သူ့ချစ်သူ နန်းဆုရတီစိုးတို့ ပထမဆုံးစတွေ့တာ၊ ခရီးထွက်တာ၊ သူတို့ကြားက အဖြစ်အပျက်တွေ၊ နာက်ဆုံး မင်္ဂလာဆောင်သွားတဲ့အထိ လူတိုင်းအားမကျ ကျအောင် ပုံဖော်သွားခဲ့ပါတယ်။ အောက်က Comment တွေမှာလည်း Ro လှချည်ရဲ့ ဖြစ်နေလို့ အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Gfatt Facebook Page