[Zawgyi]

အလုပ္ခ်ိန္အတြင္း အေသအလဲအိပ္ငိုက္ျခင္းကို ေရွာင္ရွားႏုိင္ဖို႔

အလုပ္ခ်ိန္ ေန႔လည္ေလး ခဏနား၊ ထမင္းေလး စားျပီးျပီဆိုရင္ ဝန္ထမ္းေတြအတြက္ အၾကီးဆံုး ဒုကၡက ေရလည္အိပ္ခ်င္တာပဲဗ်ိဳ႕။ ထမင္းဆိပ္တက္တယ္ေခၚမလား၊ ဘယ္လိုပဲ ေတာင့္ထားပါေစ၊ မ်က္ခြံေတြက ေလး၊ မ်က္ေၾကာေတြ စင္းက်လာတာ။ ဒါေၾကာင့္လည္း ကမာၻေပၚမွာ အေလးဆံုးအရာက မ်က္ခြံလို႔ ဆိုေပတာပဲ။

ဒါေၾကာင့္ လုပ္ငန္းခြင္ထဲ အိပ္ခ်င္စိတ္ျဖစ္လာျခင္းကို ဘယ္လို ေရွာင္ရွားရမလဲ ရွာရင္း ဒါေလးေတြ႔ေတာ့ ဝမ္းသာအားရ မွ်ေဝမိတယ္ဗ်ာ။

  • အိပ္ေရးဝေအာင္ အိပ္ထားပါ

အရိုးဆံုးနဲ႔ အရွင္းဆံုးပါပဲ၊ လုပ္ငန္းခြင္မွာ ညဘက္အိပ္ေရးမဝျခင္းက ေန႔လည္ပိုင္းအိပ္ခ်င္ရျခင္းရဲ့ အၾကီးမားဆံုး အေၾကာင္းျပခ်က္တစ္ခုပါပဲ။ ဒီေတာ့ ညဘက္အိပ္ေရးဝဝအိပ္ျခင္းနဲ႔ ေန႔လည္ပုိင္း အိပ္ခ်င္တာကို ကာကြယ္ပါ။

  • အိပ္ရာကို အိပ္ဖို႔အတြက္ပဲ ျဖစ္ပါေစ

အိပ္ရာေပၚမွာ အလုပ္လုပ္တာ၊ စာဖတ္တာနဲ႔ TV ၾကည့္တာမ်ိဳး မလုပ္သင့္ပါဘူး။ ဒါမွ အိပ္ရာဆိုတာ အိပ္ဖို႔ သက္သက္ပဲလို႔ ဦးေႏွာက္က မွတ္ျပီး ေခါင္းခ်လိုက္တာနဲ႔ အိပ္ေပ်ာ္မွာပါ။

  • အိပ္ရာထခ်ိန္ကုို တသမတ္တည္းထားပါ

အိပ္ခ်ိန္နဲ႔ ပက္သက္ျပီး ျပႆနာရွိေနတဲ့သူေတြဟာ ခႏၶာကိုယ္ရဲ့ ဇီဝနာရီလြဲေနလို႔ပါ။ အိပ္ရာဝင္ခ်ိန္ေရာ၊ အိပ္ရာထခ်ိန္ကုိပါ အလုပ္လုပ္ရတဲ့ရက္ေတြနဲ႔ စေနတနဂၤေႏြအတြက္ပါ တသမတ္တည္းထားေပးမွ အိပ္ခ်ိန္ေရာက္ရင္ အလုိလိုအိပ္ခ်င္စိတ္ျဖစ္လာမွာ ျဖစ္ျပီး ေနာက္ေန႔ေန႔လည္က် လန္းဆန္းေနမွာပါ။

  • မနက္ပိုင္းမွာ ေလ့က်င့္ခန္း မိနစ္အနညး္ငယ္လုပ္ေပးပါ

မနက္ပိုင္းမွာလုပ္တဲ့ ေလ့က်င့္ခန္းဟာ လူကို တေန႔လံုး လန္းဆန္းျပီး တက္ၾကြေနေစမွာပါ။

  • မနက္စာ စားျဖစ္ေအာင္ စားပါ

မနက္စာဆိုတာ တစ္ေန႔လံုးအတြက္ အေရးၾကီးဆံုး တစ္နပ္ပါပဲ။ မနက္စာျပည့္ျပည့္ဝဝစားလုိက္တာနဲ႔ တစ္ေန႔လံုးကို အားအင္အျပည့္ျဖတ္သန္းဖို႔ ခြန္အားေတြ ရရွိေစမွာပါ။

  • သမားရုိးက် အလုပ္ေတြကို ေရွာင္ပါ

အိပ္ငိုက္ေနျပီဆိုရင္ လုပ္ေနက် အလုပ္ေတြကို ေရွာင္ျပီး လုပ္ရမယ့္ အလုပ္ေတြထဲကမွ အသစ္ျဖစ္တာေလးေတြ လုပ္ၾကည့္ပါဦး။ လုပ္ေနက်အလုပ္ေတြကို အခ်ိန္မွန္ၾကီးလုပ္ရတာ ပ်င္းရိျငီးေငြ႕မႈကို ဦးတည္ေစပါတယ္။

  • ေကာ္ဖီတစ္ခြက္ေလာက္ေတာ့ ေသာက္လိုက္ပါ

ကဖိန္းက လူကို စြဲေစတယ္ဆိုေပမယ့္ အိပ္ငုိက္ေနခ်ိန္ ေကာ္ဖီတစ္ခြက္ေလာက္ကေတာ့ ေသာက္သံုးလို႔ ရပါတယ္။

  • ေန႔လည္စာ အမ်ားၾကီးစားတာ ေရွာင္ပါ

ဘယ္အခ်ိန္မွာ အမ်ားဆံုးအိပ္ခ်င္ပါသလဲ၊ ေန႔လည္ထမင္းစားျပီးခ်ိန္ျဖစ္ပါတယ္။ ျမန္မာလို ထမင္းဆိပ္တက္တယ္ေခၚမလား၊ အစားေတြ အမ်ားစားျပီး ျပည့္အင့္ေနလို႔လည္း အိပ္ခ်င္ေနတာပါ။ ဒါေၾကာင့္ ေန႔လည္စာေတာ့ ေလွ်ာ့စားေပးပါ။

  • အိပ္ခ်င္လာရင္ တစ္ခုခုထလုပ္လိုက္ပါ

အိပ္ခ်င္လြန္းလို႔ အလုပ္မလုပ္ႏုိင္ရင္ေတာင္ လမ္းထေလွ်ာက္လိုက္မ်ိဳးျဖစ္ျဖစ္၊ လုပ္ေဖာ္ကိုင္ဘက္တစ္ေယာက္နဲ႔ ခဏစကားေျပာလုိက္တာမ်ိဳး လုပ္ေပးပါ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Quora , WebMD

[Unicode]

အလုပ်ချိန်အတွင်း အသေအလဲအိပ်ငိုက်ခြင်းကို ရှောင်ရှားနိုင်ဖို့

အလုပ်ချိန် နေ့လည်လေး ခဏနား၊ ထမင်းလေး စားပြီးပြီဆိုရင် ဝန်ထမ်းတွေအတွက် အကြီးဆုံး ဒုက္ခက ရေလည်အိပ်ချင်တာပဲဗျို့။ ထမင်းဆိပ်တက်တယ်ခေါ်မလား၊ ဘယ်လိုပဲ တောင့်ထားပါစေ၊ မျက်ခွံတွေက လေး၊ မျက်ကြောတွေ စင်းကျလာတာ။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အလေးဆုံးအရာက မျက်ခွံလို့ ဆိုပေတာပဲ။

ဒါကြောင့် လုပ်ငန်းခွင်ထဲ အိပ်ချင်စိတ်ဖြစ်လာခြင်းကို ဘယ်လို ရှောင်ရှားရမလဲ ရှာရင်းတွေ့တော့ ဝမ်းသာအားရ မျှဝေမိတယ်ဗျာ

  • အိပ်ရေးဝအောင် အိပ်ထားပါ

အရိုးဆုံးနဲ့ အရှင်းဆုံးပါပဲ၊ လုပ်ငန်းခွင်မှာ ညဘက်အိပ်ရေးမဝခြင်းက နေ့လည်ပိုင်းအိပ်ချင်ရခြင်းရဲ့ အကြီးမားဆုံး အကြောင်းပြချက်တစ်ခုပါပဲ။ ဒီတော့ ညဘက်အိပ်ရေးဝဝအိပ်ခြင်းနဲ့ နေ့လည်ပိုင်း အိပ်ချင်တာကို ကာကွယ်ပါ။

  • အိပ်ရာကို အိပ်ဖို့အတွက်ပဲ ဖြစ်ပါစေ

အိပ်ရာပေါ်မှာ အလုပ်လုပ်တာ၊ စာဖတ်တာနဲ့ TV ကြည့်တာမျိုး မလုပ်သင့်ပါဘူး။ ဒါမှ အိပ်ရာဆိုတာ အိပ်ဖို့ သက်သက်ပဲလို့ ဦးနှောက်က မှတ်ပြီး ခေါင်းချလိုက်တာနဲ့ အိပ်ပျော်မှာပါ။

  • အိပ်ရာထချိန်ကို တသမတ်တည်းထားပါ

အိပ်ချိန်နဲ့ ပက်သက်ပြီး ပြဿနာရှိနေတဲ့သူတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီလွဲနေလို့ပါ။ အိပ်ရာဝင်ချိန်ရော၊ အိပ်ရာထချိန်ကိုပါ အလုပ်လုပ်ရတဲ့ရက်တွေနဲ့ စနေတနင်္ဂနွေအတွက်ပါ တသမတ်တည်းထားပေးမှ အိပ်ချိန်ရောက်ရင် အလိုလိုအိပ်ချင်စိတ်ဖြစ်လာမှာ ဖြစ်ပြီး နောက်နေ့နေ့လည်ကျ လန်းဆန်းနေမှာပါ။

  • မနက်ပိုင်းမှာ လေ့ကျင့်ခန်း မိနစ်အနည်းငယ်လုပ်ပေးပါ

မနက်ပိုင်းမှာလုပ်တဲ့ လေ့ကျင့်ခန်းဟာ လူကို တနေ့လုံး လန်းဆန်းပြီး တက်ကြွနေစေမှာပါ။

  • မနက်စာ စားဖြစ်အောင် စားပါ

မနက်စာဆိုတာ တစ်နေ့လုံးအတွက် အရေးကြီးဆုံး တစ်နပ်ပါပဲ။ မနက်စာပြည့်ပြည့်ဝဝစားလိုက်တာနဲ့ တစ်နေ့လုံးကို အားအင်အပြည့်ဖြတ်သန်းဖို့ ခွန်အားတွေ ရရှိစေမှာပါ။

  • သမားရိုးကျ အလုပ်တွေကို ရှောင်ပါ

အိပ်ငိုက်နေပြီဆိုရင် လုပ်နေကျ အလုပ်တွေကို ရှောင်ပြီး လုပ်ရမယ့် အလုပ်တွေထဲကမှ အသစ်ဖြစ်တာလေးတွေ လုပ်ကြည့်ပါဦး။ လုပ်နေကျအလုပ်တွေကို အချိန်မှန်ကြီးလုပ်ရတာ ပျင်းရိငြီးငွေ့မှုကို ဦးတည်စေပါတယ်။

  • ကော်ဖီတစ်ခွက်လောက်တော့ သောက်လိုက်ပါ

ကဖိန်းက လူကို စွဲစေတယ်ဆိုပေမယ့် အိပ်ငိုက်နေချိန် ကော်ဖီတစ်ခွက်လောက်ကတော့ သောက်သုံးလို့ ရပါတယ်။

  • နေ့လည်စာ အများကြီးစားတာ ရှောင်ပါ

ဘယ်အချိန်မှာ အများဆုံးအိပ်ချင်ပါသလဲ၊ နေ့လည်ထမင်းစားပြီးချိန်ဖြစ်ပါတယ်။ မြန်မာလို ထမင်းဆိပ်တက်တယ်ခေါ်မလား၊ အစားတွေ အများစားပြီး ပြည့်အင့်နေလို့လည်း အိပ်ချင်နေတာပါ။ ဒါကြောင့် နေ့လည်စာတော့ လျှော့စားပေးပါ။

  • အိပ်ချင်လာရင် တစ်ခုခုထလုပ်လိုက်ပါ

အိပ်ချင်လွန်းလို့ အလုပ်မလုပ်နိုင်ရင်တောင် လမ်းထလျှောက်လိုက်မျိုးဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဘက်တစ်ယောက်နဲ့ ခဏစကားပြောလိုက်တာမျိုး လုပ်ပေးပါ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Quora , WebMD