[Zawgyi]

ကုိယ္ဝန္အျမန္ရေအာင္ နည္းလမ္းတက် ဘယ္လုိႀကိဳးစားရမလဲ

စုံတြဲေတြမွာ ကေလးရွိလာမွ အိမ္ေထာင္ေရးပုိျပည့္စုံလာပါတယ္။ ကေလးရလာမယ္ဆုိရင္ တကယ္လုိ႔ စိတ္သေဘာထားခ်င္းမတုိက္ဆုိင္ဘူးဆုိရင္ေတာင္ ကြာရွင္းျပတ္စဲတာေတြက မျဖစ္လြယ္ေတာ့ပါဘူး။ အခုေဆာင္းပါးမွာက ကေလးလုိခ်င္တဲ့ စုံတြဲေတြအတြက္ သားသားမီးမီးေလးေတြ အျမန္ရေစတဲ့နည္းလမ္းကုိ လမ္းညႊန္ေပးလုိက္ပါတယ္။

(၁) ကေလးယူေတာ့မယ္ဆုိရင္ တားေဆးေတြ မသုံးပါနဲ႔ေတာ့။

လိင္ဆက္ဆံရင္ ကုိယ္ဝန္ရတယ္ဆုိတာက ကေလးအစ သိပါတယ္။ ဒါေပမယ့္ ညားခါစုံတြဲေတြအေနနဲ႔ ခ်က္ခ်င္းကေလးယူဖုိ႔ဆုိတာ ေငြေၾကးအေျခအေနအရေရာ တျခားရည္ရြယ္ခ်က္ေတြေၾကာင့္ မျဖစ္ႏုိင္ေသးပါဘူး။ ဒါေၾကာင့္ Depo Provera တုိ႔လုိ သုံးလခံတားေဆးေတြကုိ သုံးၾကရတယ္။ တားေဆးေတြက မ်ိဳးဥအိမ္ကေန မ်ိဳးဥထြက္မလာေအာင္ တားဆီးေပးရုံမက သားအိမ္အဝက ခြ်ဲကုိ ေစးပ်စ္ေစၿပီး ဝင္လာမယ့္ သုတ္ပုိးေတြကုိ ခက္ခဲေစလုိ႔ ကေလးမရႏုိင္ဘူး။ ဒါေပမယ့္ ပဋိဇီဝေဆးဆုိတာက သိတဲ့အတုိင္းပဲ ေဘးထြက္ဆုိးက်ိဳးေတြ ရွိတာမုိ႔ တားေဆးမသုံးေတာ့တဲ့ လပုိင္းအတြင္းမွာေတာင္ သားအိမ္နဲ႔ မ်ိဳးဥအိမ္က ပုံမွန္အတုိင္းပဲ လုပ္ေဆာင္ေနတယ္။ ဒါ့ေၾကာင့္ တားေဆးသုံးေနက် အမ်ိဳးသမီးဟာ ေဆးမသုံးေတာ့ရင္ေတာင္ လပုိင္းအတြင္း ကေလးရဖုိ႔ မလြယ္ေသးဘူး။ ဒ့ါေၾကာင့္ ကေလးယူေတာ့မယ္လုိ႔ ဆုံးျဖတ္ထားရင္ တားေဆးကုိ ႀကိဳတင္ျဖတ္ထားဖုိ႔ လုိပါမယ္။

(၂) မ်ိဳးဥေၾကြမယ့္ ရက္ကုိ သိပါေစ။

အမ်ိဳးသမီးေတြဟာ တစ္လတစ္ခါ မ်ိဳးဥေၾကြတယ္။ ကုိယ္ဝန္ရ မရဆုိတာ မ်ိဳးဥထြက္ မထြက္အေပၚမွာ မူတည္ပါတယ္။ မ်ိဳးဥထြက္ မထြက္ကုိ စမ္းသပ္ႏုိင္တဲ့ Ovulation Predictor Kits (OPKs) လုိ ကိရိယာေတြလည္း ေစ်းကြက္မွာ ရေနပါၿပီ။ ရာသီလာၿပီး ပထမရက္ကစလုိ႔ ၁၁ရက္ကေန ၁၄ရက္ – ၁၅ရက္အခ်ိန္တြင္းမွာ OPKs ကိရိယာနဲ႔ အလြယ္တကူစမ္းသပ္ႏုိင္ပါတယ္။ မေဟာမုန္း (Luteinizing Hormone) ေတြ တက္လာတယ္ဆုိရင္ေတာ့ ၃၆နာရီက ၄၈နာရီအတြင္းမွာ မ်ိဳးဥထြက္လာပါၿပီ။ ကုိယ္ဝန္လုိခ်င္ရင္ေတာ့ မေဟာမုန္းတက္လာၿပီး ၃ရက္အတြင္းမွာ အတူေနသင့္ပါတယ္။

(၃) အခ်ိန္အခါကုိ နားလည္ပါ။

လိင္ဆက္ဆံၿပီးခ်ိန္မွာ ဇနီးသည္ကုိ ခ်က္ခ်င္းမထပါေစနဲ႔။ အခ်ိန္အတုိင္းအတာတစ္ခုထိ ပြတ္သပ္နမ္းရႈံ႕ေပးပါ။ ၿပီးတာနဲ႔ ခ်က္ခ်င္းထလုိက္မယ္ဆုိရင္ သုတ္ပုိးေကာင္ေတြဟာ မ်ိဳးဥဆီကုိ မေရာက္ဘဲ မလိင္အဂၤါက ျပန္ထြက္သြားတတ္ပါတယ္။ လိင္ဆက္ဆံၿပီးတာနဲ႔ နာရီဝက္အတြင္း မထပါေစနဲ႔။ သုတ္ပုိးအမ်ားဆုံးအခ်ိန္က မနက္ခင္းလုိ႔ ဆုိၾကေပမယ့္ ေစာစာစီးစီးႀကီး လိင္ဆက္ဆံလုိ႔မွ မျဖစ္တာ။ ဒါ့ေၾကာင့္ ညအိပ္ယာမဝင္ခင္ လိင္ဆက္ဆံတာအေကာင္းဆုံးပါပဲ။ ဘယ္လိုပုံစံနဲ႔ လိင္ဆက္ဆံရင္ ကေလးရလြယ္တယ္လုိ႔ သုေတသနရလဒ္မထြက္ေသးတာမုိ႔ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပမယ့္ အေနအထားနဲ႔ ဆက္ဆံတာကပဲ ေကာင္းပါတယ္။

(၄) လိင္ကိစၥမွာ အယူအဆမွန္ပါေစ။

လိင္ဆက္ဆံတဲ့အခါ ေခ်ာဆီသုံးရင္ သုတ္ေကာင္ေတြက မ်ိဳးဥဆီကုိ ပုိေရာက္ႏုိင္တယ္လုိ႔ တခ်ိဳ႕ေတြက ယုံၾကည္ၾကပါတယ္။ ဒါက အယူအဆအမွားႀကီးပါ။ ေခ်ာဆီဟာ မလိင္အဂၤါထဲက pH ပမာဏကုိ အေျပာင္းအလဲျဖစ္ေစၿပီး သုတ္ေကာင္ေရြ႕လ်ားမႈကုိ ေလ်ာ့က်ေစတာေၾကာင့္ ကုိယ္ဝန္ရဖုိ႔ ခက္ခဲေစပါတယ္။ လိင္ကိစၥမွာ အထြဋ္အထိပ္မေရာက္ဘူးဆုိရင္ ကုိယ္ဝန္မရႏုိင္ဘူးလုိ႔ အထင္မွားတတ္ပါတယ္။ ဒါက မမွန္ပါဘူး။ ကုိယ္ဝန္ရႏုိင္ဖုိ႔ဆုိတာ လိင္စိတ္ေက်နပ္မႈနဲ႔ မဆုိင္ဘဲ သုတ္ပုိးနဲ႔ မ်ိဳးဥထိေတြ႕ဖုိ႔ပဲ လုိပါတယ္။

(၅) စမ္းသပ္လုိက္ပါ။

မ်ိဳးဥနဲ႔ သုတ္ေကာင္ ေပါင္းစပ္လုိက္ၿပီး ၆ရက္အၾကာမွာ သေႏၶက သားအိမ္ရဲ႕အတြင္းဆုံးအလႊာမွာ လာကပ္ပါတယ္။ အဲဒီအခ်ိန္မွာ Human Chorionic Gonadotropin (HCG) ေဟာမုန္းထြက္လာပါတယ္။ HCG ေဟာမုန္းဆုိတာ ကုိယ္ဝန္ရွိလာတဲ့ အမ်ိဳးသမီးေတြမွာသာ ေတ႕ြရတဲ့ဓာတ္တစ္မ်ိဳးပါ။ ၁ဝရက္အၾကာမွာ စမ္းသပ္ၾကည့္လုိ႔ရပါၿပီ။ HCG ေဟာမုန္းေတြ႕ရင္ေတာ့ ကုိယ္ဝန္ရေနပါၿပီ။ အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္ဖုိ႔ မေမ့ပါနဲ႔။

(၆) မွန္းခ်က္နဲ႔ ႏွမ္းထြက္မကုိက္ခဲ့ရင္ေတာ့။

ကြ်န္ေတာ္တုိ႔ေတြ ဒီေန႔ေခတ္မွာ မီးအလင္းေရာင္နဲ႔ ေပ်ာ္ျမဴးႏုိင္ေစဖုိ႔ အယ္ဒီဆင္ (Edison) ဘယ္ေလာက္ႀကိဳးစားခဲ့လဲ။ တစ္ႀကိမ္လား၊ ႏွစ္ႀကိမ္လား မဟုတ္ဖူးေနာ္။ အႀကိမ္ေပါင္း ၁ဝ,ဝဝဝ ေနာ္။ နာမည္ေက်ာ္ စာေရးဆရာႀကီး Stephen King ဆုိရင္လည္း သူ႕ရဲ႕ Carrie (1974) စာအုပ္ကုိ ထုတ္ေဝသူေတြက ၂၈ႀကိမ္တိတိ ျငင္းပယ္ခံရတယ္။ ဆရာမ J. K. Rowling ဆုိရင္လည္း သူမရဲ႕ Harry Potter ဝတၳဳကုိ ထုတ္ေဝသူေတြက ၁၂ႀကိမ္ ျငင္းပယ္ခံရတယ္။ ဆိုလုိတာက ကိစၥတစ္ခုေအာင္ျမင္ဖုိ႔ဆုိရင္ ႀကိမ္ဖန္မ်ားစြာ ႀကိဳးစားရတာပါ။ အခုတြင္းတူး အခုေရၾကည္ေသာက္ခ်င္လုိ႔ မရပါဘူး။ ကုိယ္ဝန္စစ္ၾကည့္ေတာ့ ေသြးထဲမွာ HCG ေဟာမုန္းမေတြ႕ရင္ေတာ့ စိတ္ဓာတ္မက်ပါနဲ႔။ ေနာက္တစ္လမွာ ထပ္ႀကိဳးစားရမွာေပါ့။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကိုယ်ဝန်အမြန်ရအောင် နည်းလမ်းတကျ ဘယ်လိုကြိုးစားရမလဲ

စုံတွဲတွေမှာ ကလေးရှိလာမှ အိမ်ထောင်ရေးပိုပြည့်စုံလာပါတယ်။ ကလေးရလာမယ်ဆိုရင် တကယ်လို့ စိတ်သဘောထားချင်းမတိုက်ဆိုင်ဘူးဆိုရင်တောင် ကွာရှင်းပြတ်စဲတာတွေက မဖြစ်လွယ်တော့ပါဘူး။ အခုဆောင်းပါးမှာက ကလေးလိုချင်တဲ့ စုံတွဲတွေအတွက် သားသားမီးမီးလေးတွေ အမြန်ရစေတဲ့နည်းလမ်းကို လမ်းညွှန်ပေးလိုက်ပါတယ်။

(၁) ကလေးယူတော့မယ်ဆိုရင် တားဆေးတွေ မသုံးပါနဲ့တော့။

လိင်ဆက်ဆံရင် ကိုယ်ဝန်ရတယ်ဆိုတာက ကလေးအစ သိပါတယ်။ ဒါပေမယ့် ညားခါစုံတွဲတွေအနေနဲ့ ချက်ချင်းကလေးယူဖို့ဆိုတာ ငွေကြေးအခြေအနေအရရော တခြားရည်ရွယ်ချက်တွေကြောင့် မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် Depo Provera တို့လို သုံးလခံတားဆေးတွေကို သုံးကြရတယ်။ တားဆေးတွေက မျိုးဥအိမ်ကနေ မျိုးဥထွက်မလာအောင် တားဆီးပေးရုံမက သားအိမ်အဝက ချွဲကို စေးပျစ်စေပြီး ဝင်လာမယ့် သုတ်ပိုးတွေကို ခက်ခဲစေလို့ ကလေးမရနိုင်ဘူး။ ဒါပေမယ့် ပဋိဇီဝဆေးဆိုတာက သိတဲ့အတိုင်းပဲ ဘေးထွက်ဆိုးကျိုးတွေ ရှိတာမို့ တားဆေးမသုံးတော့တဲ့ လပိုင်းအတွင်းမှာတောင် သားအိမ်နဲ့ မျိုးဥအိမ်က ပုံမှန်အတိုင်းပဲ လုပ်ဆောင်နေတယ်။ ဒါ့ကြောင့် တားဆေးသုံးနေကျ အမျိုးသမီးဟာ ဆေးမသုံးတော့ရင်တောင် လပိုင်းအတွင်း ကလေးရဖို့ မလွယ်သေးဘူး။ ဒ့ါကြောင့် ကလေးယူတော့မယ်လို့ ဆုံးဖြတ်ထားရင် တားဆေးကို ကြိုတင်ဖြတ်ထားဖို့ လိုပါမယ်။

(၂) မျိုးဥကြွေမယ့် ရက်ကို သိပါစေ။

အမျိုးသမီးတွေဟာ တစ်လတစ်ခါ မျိုးဥကြွေတယ်။ ကိုယ်ဝန်ရ မရဆိုတာ မျိုးဥထွက် မထွက်အပေါ်မှာ မူတည်ပါတယ်။ မျိုးဥထွက် မထွက်ကို စမ်းသပ်နိုင်တဲ့ Ovulation Predictor Kits (OPKs) လို ကိရိယာတွေလည်း ဈေးကွက်မှာ ရနေပါပြီ။ ရာသီလာပြီး ပထမရက်ကစလို့ ၁၁ရက်ကနေ ၁၄ရက် – ၁၅ရက်အချိန်တွင်းမှာ OPKs ကိရိယာနဲ့ အလွယ်တကူစမ်းသပ်နိုင်ပါတယ်။ မဟောမုန်း (Luteinizing Hormone) တွေ တက်လာတယ်ဆိုရင်တော့ ၃၆နာရီက ၄၈နာရီအတွင်းမှာ မျိုးဥထွက်လာပါပြီ။ ကိုယ်ဝန်လိုချင်ရင်တော့ မဟောမုန်းတက်လာပြီး ၃ရက်အတွင်းမှာ အတူနေသင့်ပါတယ်။

(၃) အချိန်အခါကို နားလည်ပါ။

လိင်ဆက်ဆံပြီးချိန်မှာ ဇနီးသည်ကို ချက်ချင်းမထပါစေနဲ့။ အချိန်အတိုင်းအတာတစ်ခုထိ ပွတ်သပ်နမ်းရှုံ့ပေးပါ။ ပြီးတာနဲ့ ချက်ချင်းထလိုက်မယ်ဆိုရင် သုတ်ပိုးကောင်တွေဟာ မျိုးဥဆီကို မရောက်ဘဲ မလိင်အင်္ဂါက ပြန်ထွက်သွားတတ်ပါတယ်။ လိင်ဆက်ဆံပြီးတာနဲ့ နာရီဝက်အတွင်း မထပါစေနဲ့။ သုတ်ပိုးအများဆုံးအချိန်က မနက်ခင်းလို့ ဆိုကြပေမယ့် စောစာစီးစီးကြီး လိင်ဆက်ဆံလို့မှ မဖြစ်တာ။ ဒါ့ကြောင့် ညအိပ်ယာမဝင်ခင် လိင်ဆက်ဆံတာအကောင်းဆုံးပါပဲ။ ဘယ်လိုပုံစံနဲ့ လိင်ဆက်ဆံရင် ကလေးရလွယ်တယ်လို့ သုတေသနရလဒ်မထွက်သေးတာမို့ နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့် အနေအထားနဲ့ ဆက်ဆံတာကပဲ ကောင်းပါတယ်။

(၄) လိင်ကိစ္စမှာ အယူအဆမှန်ပါစေ။

လိင်ဆက်ဆံတဲ့အခါ ချောဆီသုံးရင် သုတ်ကောင်တွေက မျိုးဥဆီကို ပိုရောက်နိုင်တယ်လို့ တချို့တွေက ယုံကြည်ကြပါတယ်။ ဒါက အယူအဆအမှားကြီးပါ။ ချောဆီဟာ မလိင်အင်္ဂါထဲက pH ပမာဏကို အပြောင်းအလဲဖြစ်စေပြီး သုတ်ကောင်ရွေ့လျားမှုကို လျော့ကျစေတာကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။ လိင်ကိစ္စမှာ အထွဋ်အထိပ်မရောက်ဘူးဆိုရင် ကိုယ်ဝန်မရနိုင်ဘူးလို့ အထင်မှားတတ်ပါတယ်။ ဒါက မမှန်ပါဘူး။ ကိုယ်ဝန်ရနိုင်ဖို့ဆိုတာ လိင်စိတ်ကျေနပ်မှုနဲ့ မဆိုင်ဘဲ သုတ်ပိုးနဲ့ မျိုးဥထိတွေ့ဖို့ပဲ လိုပါတယ်။

(၅) စမ်းသပ်လိုက်ပါ။

မျိုးဥနဲ့ သုတ်ကောင် ပေါင်းစပ်လိုက်ပြီး ၆ရက်အကြာမှာ သန္ဓေက သားအိမ်ရဲ့အတွင်းဆုံးအလွှာမှာ လာကပ်ပါတယ်။ အဲဒီအချိန်မှာ Human Chorionic Gonadotropin (HCG) ဟောမုန်းထွက်လာပါတယ်။ HCG ဟောမုန်းဆိုတာ ကိုယ်ဝန်ရှိလာတဲ့ အမျိုးသမီးတွေမှာသာ တေ့ွရတဲ့ဓာတ်တစ်မျိုးပါ။ ၁ဝရက်အကြာမှာ စမ်းသပ်ကြည့်လို့ရပါပြီ။ HCG ဟောမုန်းတွေ့ရင်တော့ ကိုယ်ဝန်ရနေပါပြီ။ အကြိမ်ပေါင်းများစွာ စမ်းသပ်ဖို့ မမေ့ပါနဲ့။

(၆) မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ရင်တော့။

ကျွန်တော်တို့တွေ ဒီနေ့ခေတ်မှာ မီးအလင်းရောင်နဲ့ ပျော်မြူးနိုင်စေဖို့ အယ်ဒီဆင် (Edison) ဘယ်လောက်ကြိုးစားခဲ့လဲ။ တစ်ကြိမ်လား၊ နှစ်ကြိမ်လား မဟုတ်ဖူးနော်။ အကြိမ်ပေါင်း ၁ဝ,ဝဝဝ နော်။ နာမည်ကျော် စာရေးဆရာကြီး Stephen King ဆိုရင်လည်း သူ့ရဲ့ Carrie (1974) စာအုပ်ကို ထုတ်ဝေသူတွေက ၂၈ကြိမ်တိတိ ငြင်းပယ်ခံရတယ်။ ဆရာမ J. K. Rowling ဆိုရင်လည်း သူမရဲ့ Harry Potter ဝတ္ထုကို ထုတ်ဝေသူတွေက ၁၂ကြိမ် ငြင်းပယ်ခံရတယ်။ ဆိုလိုတာက ကိစ္စတစ်ခုအောင်မြင်ဖို့ဆိုရင် ကြိမ်ဖန်များစွာ ကြိုးစားရတာပါ။ အခုတွင်းတူး အခုရေကြည်သောက်ချင်လို့ မရပါဘူး။ ကိုယ်ဝန်စစ်ကြည့်တော့ သွေးထဲမှာ HCG ဟောမုန်းမတွေ့ရင်တော့ စိတ်ဓာတ်မကျပါနဲ့။ နောက်တစ်လမှာ ထပ်ကြိုးစားရမှာပေါ့။

ကျော်စိုးအောင် (အခရာ)

www.akhayar.com