[Zawgyi]






ကျော်စိုးအောင် (အခရာ)

www.akhayar.com 

[Unicode]

စတိုင်ကျလှပတဲ့ RENÉ Mattias အဝတ်အထည်တွေကို Discount နဲ့ရနိုင်မယ့် အခွင့်အရေး

စမတ်ကျတဲ့ ဝတ်စားဆင်ယင်မှုက ကိုယ့်ရဲ့တည်ကြည်မှုကို အကောင်းဆုံးပုံဖော်နိုင်သလို ဆွဲဆောင်မှုရှိစေပါတယ်။ မသိသေးတဲ့ လူတစ်ယောက်ကို First Impression အနေနဲ့ အကဲခတ်ကြတာ အဝတ်အစားနဲ့ အပြုအမူပါပဲ။ ကိုယ့်ရဲ့အဆင်အယင်က တခြားလူ အထင်မသေးစေဖို့လည်း လိုအပ်ပါသေးတယ်။ ဒါ့ကြောင့်လည်း ‘တောင်းမှာ အကွပ် လူမှာအဝတ်’ ဆိုပြီး ရှေးလူကြီးတွေက ဆိုကြတာပဲဖြစ်ပါတယ်။

အခုလို ဆောင်းတွင်းအေးအေးထဲမှာ အလှပဆုံးဝတ်ဆင်ပြီးတော့ စမတ်ကျချင်တဲ့ ပျိုမေတွေကလည်း ဆောင်းတွင်းဖက်ရှင်ကို မျှာ်ရတာလည်း အမောပါပဲ။ အရည်အသွေးပြည့်ဝပြီး စမတ်ကျစေတဲ့ အဝတ်အထည်ဆိုတာလည်း ရှားမှရှားတာမို့ အလွယ်တကူရှာဖွေဖို့ မလွယ်ပါဘူး။ ပြီးတော့ ဈေးနှုန်းလည်း သင့်တင့်ပြီး နိုင်ငံတကာအဆင့်မီအရည်အသွေးရဖို့ဆိုရင် ပိုခက်ခဲပြီပေါ့။

RENÉ Mattias ဆိုတာ စတင် ရောင်းချပြီး တစ်နှစ်အတွင်းမှာပဲ ပျိုမေတိုင်း သတိထားမိရတဲ့ Brand တစ်ခုပါပဲ။ အဆင့်အတန်းမြင့်မားပြီး Smart ကျတဲ့ဒီဇိုင်းတွေနဲ့ ပျိုမေတွေရဲ့ အသည်းနှလုံးကို ဆွဲလှုပ်နိုင်ခဲ့လို့ အခုလို ရပ်တည်နိုင်တာပါ။ အရည်အသွေးမြင့်မားပြီး စတိုင်ကျလှပတဲ့ ဒီဇိုင်းတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ရောင်းချပေးနေတဲ့ RENÉ Mattias ဟာ မန္တလေးမြို့ မှာ ဒုတိယမြောက်ဆိုင်ခွဲကြီးအဖြစ် RENÉ Mattias (မင်္ဂလာမန္တလေး) ကို နိုဝင်ဘာ ၂၃ ကစပြီး ဖွင့်လှစ်လိုက်ပါပြီ။ စဉ်ဆက်မပြတ်အားပေးကြတဲ့ ပရိသတ်တွေအတွက် RENÉ Mattias (မင်္ဂလာမန္တလေး) ဆိုင်ခွဲသစ်ကြီးမှာ နိုဝင်ဘာလ (၂၄) ရက်ကနေ ဒီဇင်ဘာလ (၂) ရက်နေ့အတွင်း 10% Discount ရရှိမယ့် အစီအစဉ်လေးရှိပါတယ်။

RENÉ Mattias (Mingalar Mandalay) မှာ Check – In ဒါမှမဟုတ် Recommendation လုပ်ထားတာကို ပြရုံနဲ့ ဘယ်ပစ္စည်းကိုပဲဝယ်ဝယ် 10% Discount ရရှိမှာဖြစ်ပါတယ်။ စတိုင်ကျလှပပြီး ဈေးနှုန်းသက်သာတဲ့ RENÉ Mattias အဝတ်အထည်တွေကို လျော့ဈေးတွေနဲ့ ရနိုင်ဖို့ ဒီဇင်ဘာ ၂ ရက်နေ့မတိုင်ခင် RENÉ Mattias ( မင်္ဂလာမန္တလေး) ဆိုင်သစ်ကို ရောက်အောင် သွားလိုက်ကြပါဦးနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com