[Zawgyi]

ခ်င္းတြင္းေကာလိပ္မွာ HND ယူၿပီး ႏုိင္ငံတကာအသိအမွတ္ျပဳဘြဲ႕ ရယူၾကမယ္

ဟိုးအရင္ကေတာ႔ ကမၻာ႔အဆင္႔မီပညာေရးနဲ႔ တစ္ကမၻာလံုးအသိအမွတ္ျပဳတဲ႔ ဘြဲ႔တစ္ခုကိုရဖုိ႔ဆုိတာ လူတိုင္းမက္ခြင္႔မရွိတဲ႔အိပ္မက္ပါ။ အခုခ်ိန္မွာေတာ႔ ခ်င္းတြင္းေကာလိပ္လုိမ်ိဳး UK ပညာေရးကို ကိုယ္နဲ႔အနီးဆံုးသယ္ေဆာင္လာေပးႏိုင္တဲ႔ ေကာလိပ္ေတြရွိလာတာမုိ႔ လူတုိင္းက ပညာေရးနဲ႔ပတ္သက္တဲ႔ ကိုယ္႔ရည္မွန္းခ်က္ေတြကို လက္ေတြ႔အေကာင္အထည္ေဖာ္ႏိုင္ၾကပါျပီ။

 

ခ်င္းတြင္းေကာလိပ္နဲ႔ခ်ိတ္ဆက္ျပီး UK မွဘြဲ႔ကိုဘယ္လုိရယူႏိုင္မလဲ

ခ်င္းတြင္းေကာလိပ္ဟာ ျမန္မာႏိုင္ငံတစ္ဝွမ္းမွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ နာမည္ေကာင္းနဲ႔ရပ္တည္ခဲ႔တဲ႔ စိုးစံေဘာ္ဒါကေန အစျပဳခဲ႔တာျဖစ္ပါတယ္။ ခ်င္းတြင္းေကာလိပ္ကို ၂၀၀၇ ခုႏွစ္က စတင္တည္ေထာင္ခဲ့ၿပီး ျမန္မာႏိုင္ငံရဲ႕ ပထမဦးဆံုး Higher National Diploma (HND) College လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ UK Pearson BTEC Approved Center တစ္ခုလည္း ျဖစ္ပါတယ္။ ႏွစ္ေပါင္း ၁၁ ႏွစ္အတြင္း ခ်င္းတြင္းေကာလိပ္ရယ္လုိ႔ နာမည္ေကာင္းနဲ႔ရပ္တည္ခဲ႔ႏိုင္တဲ႔ အေၾကာင္းရင္းေတြထဲမွာ ႏိုင္ငံတကာအဆင္႔မီ အေတြ႔အၾကံဳရွိတဲ့ ျပည္တြင္းျပည္ပဆရာေတြက သင္ၾကားေပးျခင္း၊ ေက်ာင္းသားနဲ႔ဆရာအခ်ိဳးညီမွ်မႈရွိျခင္း၊ စာေတြ႔လက္ေတြ႔သင္ၾကားေပးျခင္း၊ တကယ္႔လုပ္ငန္းခြင္အေတြ႔အၾကံဳနဲ႔ထိေတြ႔ေပးျခင္း၊ ႏိုင္ငံတကာသံုးသင္ေထာက္ကူပစၥည္းမ်ားနဲ႔ သင္ၾကားေပးျခင္းစတဲ႔ ဝန္ေဆာင္မႈေကာင္းေတြအျပင္ စည္းကမ္းႀကီးျပီး စည္းစနစ္က်နတဲ႔ အခ်က္ေတြေၾကာင္႔ျဖစ္ပါတယ္။

ေက်ာင္းသူေက်ာင္းသားေတြကို ေက်ာင္းၿပီးခ်ိန္မွာ ခိုင္မာတဲ့ ႏုိင္ငံတကာအသိအမွတ္ျပဳဘြဲ႔နဲ႔အတူ လုပ္ငန္းခြင္ဝင္ဖို႔ အသင့္ျဖစ္ေနေအာင္ စနစ္တက်ေလ့က်င့္သင္ၾကားေပးႏိုင္တဲ့ ေကာလိပ္တစ္ခုျဖစ္တာေၾကာင္႔လည္း ေနာင္ေရးအတြက္ စိတ္ေအးရေစပါတယ္။ ခ်င္းတြင္းမွာ ဘာသာရပ္ေတြအေနနဲ႔ Business Management ၊ Engineering (Civil, Electrical and Electronic, Mechanical) နဲ႔ Hospitality Management  တို႔ကိုေရြးခ်ယ္ျပီး တက္ေရာက္ႏိုင္ပါတယ္။

ခ်င္းတြင္းေကာလိပ္မွာ စတင္တက္ေရာက္ဖို႔ ဝင္ခြင့္မလို၊ အမွတ္စာရင္းမလိုဘဲ ဆယ္တန္းတစ္ၾကိမ္ေျဖဆိုဖူးသူမွန္သမွ် ခ်င္းတြင္းေကာလိပ္မွာစတင္ပညာသင္ၾကားႏိုင္ျပီး ႏိုင္ငံတကာအသိအမွတ္ UK ဘြဲ႔တစ္ခုကို ရယူႏိုင္မွာပါ။ တကၠသိုလ္ဝင္တန္းေအာင္ျမင္ထားသူဆိုရင္ Level 3 Foundation အတန္းကို ၆ လ၊ တကၠသိုလ္ဝင္တန္းတစ္ၾကိမ္ေျဖဆိုဖူးသူမ်ားကေတာ႔ အဆိုပါ Level 3 အတန္းကို ၉ လ စတင္တက္ေရာက္ၿပီးတာနဲ႔ HND Level 4 နဲ႔ Level 5 စုစုေပါင္း ၂ ႏွစ္ ဆက္လက္တက္ေရာက္သြားႏိုင္မွာျဖစ္ပါတယ္။ HND ၿပီးဆံုးၿပီဆိုရင္ေတာ့ UK ရဲ႕ ထိပ္တန္း တကၠသိုလ္ ၂၅ ခုမွာ တစ္ခုအပါအဝင္ျဖစ္တဲ့ University of Portsmouth ရဲ႕ Final Year Top Up Programmes ေတြကို ခ်င္းတြင္းေကာလိပ္မွာပဲ ဆက္လက္တက္ေရာက္ၿပီး ႏိုင္ငံတကာအသိအမွတ္ျပဳဘြဲ႕ကို ရယူႏိုင္ပါတယ္။

Ranking ေကာင္းတဲ႔ University of Portsmouth

ေက်ာင္းသားေတြအေနနဲ႔ ျပည္ပတကၠသိုလ္တစ္ခုကို ေရြးခ်ယ္တဲ႔အခါ ကိုယ္ေရြးခ်ယ္လုိက္တဲ႔ တကၠသိုလ္ရဲ႕ Ranking ကို အေရးထားၾကည္႔ရႈလာၾကပါျပီ။ ကိုယ္တက္ေရာက္မယ္႔ တကၠသိုလ္ရဲ႕ Ranking နဲ႔ ကိုယ္ေရြးခ်ယ္တက္ေရာက္ေနတဲ႔ Subject ရဲ႕ Ranking ဆိုတာက ကိုယ္႔ရဲ႕အနာဂတ္အလုပ္အကိုင္အခြင္႔အလမ္းအေပၚ ရာႏႈန္းျပည္႔အက်ိဳးသက္ေရာက္မႈရွိေနတာမုိ႔  ေက်ာင္း Ranking နဲ႔ Subject Ranking ကို အေလးထားလာၾကရတာပါ။ ဒီလုိ ေက်ာင္းေတြရဲ႕  Ranking ဘယ္ေလာက္ရွိသလဲဆုိတာကို The Guardian ၊ The Times ၊ The Sunday Times ၊ The Complete University Guide စတဲ႔ Leagues Ranking Tables ေတြကေန ေလ႔လာလို႔ရပါတယ္။

ဒီလိုနာမည္ရထားတဲ႔  University League Tables ေတြထဲမွာ The Guardian ကေတာ႔ အစဥ္အလာေကာင္းရွိျပီး ယံုၾကည္အားထားခံရဆံုးျဖစ္ပါတယ္။ The Guardian University Guide 2019 ထုတ္ျပန္ခ်က္အရ UK ရဲ႕ထိပ္တန္းတကၠသိုလ္စာရင္းမွာ ခ်င္းတြင္းေကာလိပ္ရဲ႕ Partner ျဖစ္တဲ့ University of Portsmouth က အဆင္႔ ၂၅ ေနရာမွာ ရပ္တည္ေနပါတယ္။ ဒါ့အျပင္ University of Portsmouth မွာရွိတဲ႔ ဘာသာရပ္တစ္ခုခ်င္းစီရဲ႕ Ranking ကိုၾကည္႔တဲ႔အခါမွာလည္း Business Management မွာ အဆင္႔ ၂၈ ခ်ိတ္ေနတဲ႔အျပင္ Engineering Course တစ္ခုခ်င္းမွာလည္း Ranking ေကာင္းေနတာ ေတြ႔ရပါတယ္။ Mechanical Engineering မွာ အဆင္႔ ၂၇၊ Civil Engineering မွာအဆင္႔ ၃၈၊ Electronic Engineering တို႔မွာ အဆင္႔ ၃၁ ခ်ိတ္ေနတာကို ေတြ႔ရပါတယ္။

အခုလုိ Ranking ေကာင္းေကာင္းနဲ႔ ရပ္တည္ေနျပီး ခိုင္မာတဲ႔တကၠသိုလ္တစ္ခုျဖစ္တဲ႔ University of Portsmouthမွေပးအပ္တဲ႔ ဘြဲ႔ေတြကို ရယူဖုိ႔ဆုိရင္ခ်င္းတြင္းေကာလိပ္မွာ ပညာသင္ၾကားျပီး ခ်ိတ္ဆက္ရယူႏိုင္ပါတယ္။

လိပ္စာ

ခ်င္းတြင္းေကာလိပ္ – ရန္ကုန္(သိမ္ျဖဴ)

လိပ္စာ – အမွတ္(၇၅) ၊ သိမ္ျဖဴလမ္း(ေအာက္ဘေလာက္) ၊ ဗိုလ္တေထာင္ျမိဳ႕နယ္၊ ရန္ကုန္။

ဖုန္း – 01-297673,298137, ‎09-953005959

ခ်င္းတြင္းေကာလိပ္ – ရန္ကုန္(ဆင္မလိုက္)

လိပ္စာ – ပထမထပ္၊ Sinmalite Business Tower ၊ ၾကည္႔ျမင္တိုင္ကမ္းနားလမ္းနဲ႔ ဟံသာဝတီလမ္းေထာင္႔၊ ကမာရြတ္ျမိဳ႕နယ္၊ ရန္ကုန္။

ဖုန္း – 09-954005959, ‎01-502508

ခ်င္းတြင္းေကာလိပ္ – မႏၱေလး

လိပ္စာ – ၇၇ x ၇၈လမ္း နဲ႔ ၃၁ x ၃၂ လမ္းေထာင္႔၊ Sebai Building ၊ Greatwall Condo Complex ၊ မႏၱေလး။

ဖုန္း – 02-2844179, ‎02-72179

ခ်င္းတြင္းေကာလိပ္ – ေတာင္ၾကီး

လိပ္စာ- အမွတ္(၅၇/၁၆) ၊ ျမတ္ရတနာလမ္း၊ ေရေအးကြင္းရပ္ကြက္၊ ေတာင္ၾကီး။

ဖုန္း – ‎09-784038995,‎ 09-784038996

အခရာ (www.akhayar.com)

[Unicode]

ချင်းတွင်းကောလိပ်မှာ HND ယူပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ ရယူကြမယ်

ဟိုးအရင်ကတော့ ကမ္ဘာ့အဆင့်မီပညာရေးနဲ့ တစ်ကမ္ဘာလုံးအသိအမှတ်ပြုတဲ့ ဘွဲ့တစ်ခုကိုရဖို့ဆိုတာ လူတိုင်းမက်ခွင့်မရှိတဲ့အိပ်မက်ပါ။ အခုချိန်မှာတော့ ချင်းတွင်းကောလိပ်လိုမျိုး UK ပညာရေးကို ကိုယ်နဲ့အနီးဆုံးသယ်ဆောင်လာပေးနိုင်တဲ့ ကောလိပ်တွေရှိလာတာမို့ လူတိုင်းက ပညာရေးနဲ့ပတ်သက်တဲ့ ကိုယ့်ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြပါပြီ။

 

ချင်းတွင်းကောလိပ်နဲ့ချိတ်ဆက်ပြီး UK မှဘွဲ့ကိုဘယ်လိုရယူနိုင်မလဲ

ချင်းတွင်းကောလိပ်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ နာမည်ကောင်းနဲ့ရပ်တည်ခဲ့တဲ့ စိုးစံဘော်ဒါကနေ အစပြုခဲ့တာဖြစ်ပါတယ်။ ချင်းတွင်းကောလိပ်ကို ၂၀၀၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Higher National Diploma (HND) College လည်း ဖြစ်ပါတယ်။ ဒါ့အပြင် UK Pearson BTEC Approved Center တစ်ခုလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၁ နှစ်အတွင်း ချင်းတွင်းကောလိပ်ရယ်လို့ နာမည်ကောင်းနဲ့ရပ်တည်ခဲ့နိုင်တဲ့ အကြောင်းရင်းတွေထဲမှာ နိုင်ငံတကာအဆင့်မီ အတွေ့အကြုံရှိတဲ့ ပြည်တွင်းပြည်ပဆရာတွေက သင်ကြားပေးခြင်း၊ ကျောင်းသားနဲ့ဆရာအချိုးညီမျှမှုရှိခြင်း၊ စာတွေ့လက်တွေ့သင်ကြားပေးခြင်း၊ တကယ့်လုပ်ငန်းခွင်အတွေ့အကြုံနဲ့ထိတွေ့ပေးခြင်း၊ နိုင်ငံတကာသုံးသင်ထောက်ကူပစ္စည်းများနဲ့ သင်ကြားပေးခြင်းစတဲ့ ဝန်ဆောင်မှုကောင်းတွေအပြင် စည်းကမ်းကြီးပြီး စည်းစနစ်ကျနတဲ့ အချက်တွေကြောင့်ဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားတွေကို ကျောင်းပြီးချိန်မှာ ခိုင်မာတဲ့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့နဲ့အတူ လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်နေအောင် စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်တဲ့ ကောလိပ်တစ်ခုဖြစ်တာကြောင့်လည်း နောင်ရေးအတွက် စိတ်အေးရစေပါတယ်။ ချင်းတွင်းမှာ ဘာသာရပ်တွေအနေနဲ့ Business Management ၊ Engineering (Civil, Electrical and Electronic, Mechanical) နဲ့ Hospitality Management  တို့ကိုရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်။

ချင်းတွင်းကောလိပ်မှာ စတင်တက်ရောက်ဖို့ ဝင်ခွင့်မလို၊ အမှတ်စာရင်းမလိုဘဲ ဆယ်တန်းတစ်ကြိမ်ဖြေဆိုဖူးသူမှန်သမျှ ချင်းတွင်းကောလိပ်မှာစတင်ပညာသင်ကြားနိုင်ပြီး နိုင်ငံတကာအသိအမှတ် UK ဘွဲ့တစ်ခုကို ရယူနိုင်မှာပါ။ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူဆိုရင် Level 3 Foundation အတန်းကို ၆ လ၊ တက္ကသိုလ်ဝင်တန်းတစ်ကြိမ်ဖြေဆိုဖူးသူများကတော့ အဆိုပါ Level 3 အတန်းကို ၉ လ စတင်တက်ရောက်ပြီးတာနဲ့ HND Level 4 နဲ့ Level 5 စုစုပေါင်း ၂ နှစ် ဆက်လက်တက်ရောက်သွားနိုင်မှာဖြစ်ပါတယ်။ HND ပြီးဆုံးပြီဆိုရင်တော့ UK ရဲ့ ထိပ်တန်း တက္ကသိုလ် ၂၅ ခုမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ University of Portsmouth ရဲ့ Final Year Top Up Programmes တွေကို ချင်းတွင်းကောလိပ်မှာပဲ ဆက်လက်တက်ရောက်ပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ကို ရယူနိုင်ပါတယ်။

Ranking ကောင်းတဲ့ University of Portsmouth

ကျောင်းသားတွေအနေနဲ့ ပြည်ပတက္ကသိုလ်တစ်ခုကို ရွေးချယ်တဲ့အခါ ကိုယ်ရွေးချယ်လိုက်တဲ့ တက္ကသိုလ်ရဲ့ Ranking ကို အရေးထားကြည့်ရှုလာကြပါပြီ။ ကိုယ်တက်ရောက်မယ့် တက္ကသိုလ်ရဲ့ Ranking နဲ့ ကိုယ်ရွေးချယ်တက်ရောက်နေတဲ့ Subject ရဲ့ Ranking ဆိုတာက ကိုယ့်ရဲ့အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းအပေါ် ရာနှုန်းပြည့်အကျိုးသက်ရောက်မှုရှိနေတာမို့  ကျောင်း Ranking နဲ့ Subject Ranking ကို အလေးထားလာကြရတာပါ။ ဒီလို ကျောင်းတွေရဲ့  Ranking ဘယ်လောက်ရှိသလဲဆိုတာကို The Guardian ၊ The Times ၊ The Sunday Times ၊ The Complete University Guide စတဲ့ Leagues Ranking Tables တွေကနေ လေ့လာလို့ရပါတယ်။

ဒီလိုနာမည်ရထားတဲ့  University League Tables တွေထဲမှာ The Guardian ကတော့ အစဉ်အလာကောင်းရှိပြီး ယုံကြည်အားထားခံရဆုံးဖြစ်ပါတယ်။ The Guardian University Guide 2019 ထုတ်ပြန်ချက်အရ UK ရဲ့ထိပ်တန်းတက္ကသိုလ်စာရင်းမှာ ချင်းတွင်းကောလိပ်ရဲ့ Partner ဖြစ်တဲ့ University of Portsmouth က အဆင့် ၂၅ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် University of Portsmouth မှာရှိတဲ့ ဘာသာရပ်တစ်ခုချင်းစီရဲ့ Ranking ကိုကြည့်တဲ့အခါမှာလည်း Business Management မှာ အဆင့် ၂၈ ချိတ်နေတဲ့အပြင် Engineering Course တစ်ခုချင်းမှာလည်း Ranking ကောင်းနေတာ တွေ့ရပါတယ်။ Mechanical Engineering မှာ အဆင့် ၂၇၊ Civil Engineering မှာအဆင့် ၃၈၊ Electronic Engineering တို့မှာ အဆင့် ၃၁ ချိတ်နေတာကို တွေ့ရပါတယ်။

အခုလို Ranking ကောင်းကောင်းနဲ့ ရပ်တည်နေပြီး ခိုင်မာတဲ့တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Portsmouthမှပေးအပ်တဲ့ ဘွဲ့တွေကို ရယူဖို့ဆိုရင်ချင်းတွင်းကောလိပ်မှာ ပညာသင်ကြားပြီး ချိတ်ဆက်ရယူနိုင်ပါတယ်။

လိပ်စာ

ချင်းတွင်းကောလိပ် – ရန်ကုန်(သိမ်ဖြူ)

လိပ်စာ – အမှတ်(၇၅) ၊ သိမ်ဖြူလမ်း(အောက်ဘလောက်) ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

ဖုန်း – 01-297673,298137, ‎09-953005959

ချင်းတွင်းကောလိပ် – ရန်ကုန်(ဆင်မလိုက်)

လိပ်စာ – ပထမထပ်၊ Sinmalite Business Tower ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းနဲ့ ဟံသာဝတီလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

ဖုန်း – 09-954005959, ‎01-502508

ချင်းတွင်းကောလိပ် – မန္တလေး

လိပ်စာ – ၇၇ x ၇၈လမ်း နဲ့ ၃၁ x ၃၂ လမ်းထောင့်၊ Sebai Building ၊ Greatwall Condo Complex ၊ မန္တလေး။

ဖုန်း – 02-2844179, ‎02-72179

ချင်းတွင်းကောလိပ် – တောင်ကြီး

လိပ်စာ- အမှတ်(၅၇/၁၆) ၊ မြတ်ရတနာလမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီး။

ဖုန်း – ‎09-784038995,‎ 09-784038996

အခရာ (www.akhayar.com)