[Zawgyi] 




Vivo V11 and V11i




www.akhayar.com

[Unicode] 

Vivo V11 နဲ့ V11i ဖုန်းတွေကို ဝယ်ယူရင်း Cashback ရယူကြမယ်

Vivo ကတော့ စိတ်ဝင်စားစရာ Cashback အစီအစဉ်တစ်ခုကို ကြေညာလိုက်ပါပြီ။ အဲ့တာကတော့ Vivo V11 နဲ့ V11i ဖုန်းတွေကို ဝယ်ယူတဲ့အခါ ငွေပြန်အမ်းပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ 

Vivo V11 with Under Display Fingerprint Scanner

မကြာခင်ရောက်လာတော့မယ့် သီတင်းကျွတ်ပွဲမှာ ဖုန်းအသစ်တွေနဲ့ လန်းနိုင်ဖို့ Vivo က အခုလို စီစဉ်ပေးထားတာပါ။ Vivo V11 ကိုတော့ (၅၅၉၀၀၀) ကျပ်နဲ့ စတင်ရောင်းချပေးမှာဖြစ်ပြီး V11i ကိုတော့ (၄၁၉၀၀၀) ကျပ်နဲ့ ရောင်းချပေးသွားမယ်လို့သိရပါတယ်။ ဘယ်ဖုန်းကိုပဲ ဝယ်ဝယ် ပြန်အမ်းငွေ (၂၀၀၀၀) ကျပ်အထိ ပေးသွားမယ့် အစီအစဉ်ပါ။ 

Vivo V11 and V11i

Vivo V11 မှာဆိုရင် Under Display Fingerprint Scanner ၊ Super AMOLED  Halo FullView Display နဲ့ 6GB RAM ၊ 128GB Storage အပြင် Qualcomm Snapdragon 660AIE ၊ AI Dual Rear Camera နဲ့ 25MP AI Selfie Camera လည်းပါဝင်ပါသေးတယ်။ Battery အနေနဲ့တော့ 3400mAh ပါဝင်ပြီး အားပြန်သွင်းတာ မြန်နေစေဖို့အတွက် Vivo က Dual-Engine Fast Charging စနစ်ကိုလည်း သုံးပေးထားပါသေးတယ်။ 

V11i မှာလည်း Halo FullView Display ၊ AI Dual Rear Camera ၊ 24MP AI Selfie Camera ၊ Fast Charging ၊ 4GB RAM+128GB Storage တွေပါဝင်ပါတယ်။ V11 နဲ့ V11i တွေကိုတော့ Android 8.1 ပေါ်မှာ အခြေခံထားတဲ့ FunTouch OS 4.5 ကိုသုံးပေးထားသလို Gesture တွေ၊ AI Feature တွေနဲ့ Game Mode လို Feature တွေပါဝင်တာကြောင့် Gamer တွေအတွက် အဆင်ပြေပါတယ်။ Display မှာပါတဲ့ Notch ကလည်း သေးငယ်တာကြောင့် Video ကြည့်တဲ့အခါနဲ့ Game ဆော့တဲ့အချိန်တွေမှာ အနှောက်အယှက်မဖြစ်စေတော့ပါဘူး။ 

Vivo V11 နဲ့ V11i ဖုန်းတွေအတွက် Promotion အစီအစဉ်ကိုတော့ အောက်တိုဘာလ (၇) ရက်နေ့ကနေ အောက်တိုဘာလ (၂၅) ရက်အထိ စုစုပေါင်း (၁၉)  ရက်ကြာ ပြုလုပ်ပေးသွားမယ်လို့သိရပါတယ်။ Promotion မှတော့ Vivo V11 နဲ့ V11i ဖုန်းဝယ်ယူသူတွေကို ပြန်အမ်းငွေ (၂၀၀၀၀) ကျပ်အပြင် လက်ဆောင်ပစ္စည်းတွေကိုလည်း ပေးသွားဦးမယ်လို့ ကြေညာထားပါတယ်။ သင်လည်း V11 ဖုန်းတွေကို ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင် Promotion မပြီးခင် ပြေးဝယ်ထားတော့ ပြန်အမ်းငွေလည်းရ လက်ဆောင်လည်းရတာပေါ့။ သီတင်းကျွတ်မတိုင်ခင် V11 အသစ်လေးတွေနဲ့ လန်းလိုက်တော့နော်။ 

www.akhayar.com