[Zawgyi]

ပါးမားအသင္းကို ေရာက္ရိွလာခဲ႔တဲ႔ ဂါဗင္ဟို Gervinho

အာဆင္နယ္ကစားသမားေဟာင္း ဂါဗင္ဟို Gervinho ဟာ စီးရီးေအတန္းတက္ကလပ္ ပါးမားအသင္းကို ေျပာင္းေရႊ႕ခဲ႔ပါတယ္။ ဂါဗင္ဟို Gervinho ဟာ တ႐ုတ္စူပါလိဂ္ကလပ္ Hebei China Fortune အသင္းကေန ထြက္ခြာဖို႔သေဘာတူညီမႈ ရရိွခဲ႔အျပီးမွာပဲ ပါးမားအသင္းကိုေျပာင္းေရႊ႕ခဲ႔တာျဖစ္ပါတယ္။ ဂါဗင္ဟို Gervinho ဟာ ပါးမားအသင္းနဲ႔(၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ႔ျပီး ေက်ာနံပါတ္(၂၇)ကို၀တ္ဆင္ကစားသြားမွာပါ။

Gervinho

Gervinho

အသက္(၃၁)ႏွစ္အရြယ္ရိွျပီျဖစ္သူ ဂါဗင္ဟို Gervinho ဟာ တ႐ုတ္စူပါလိဂ္ကလပ္ Hebei China Fortune အသင္းမွာ ေျခစြမ္းျပသဖို႔ ရုန္းကန္ခဲ႔ရျပီး ကစားခဲ႔တဲ႔ (၂)ႏွစ္ခြဲအတြင္းမွာသြင္းဂိုး(၄)ဂိုးသာ သြင္းယူႏိုင္ခဲ႔ပါတယ္။ ဂါဗင္ဟို Gervinho ဟာ ႐ိုးမားအသင္းမွာကစားဖူးသူျဖစ္ျပီး လက္ရိွအခ်ိန္မွာ ပါးမားအသင္းကို ေရာက္ရိွလာတာေၾကာင္႔ ဂါဗင္ဟို Gervinho အေနနဲ႔ အီတလီေျမကို တေက်ာ႔ျပန္လည္ေရာက္ရိွလာခဲ႔တာပဲျဖစ္ပါတယ္။ ႐ိုးမားအသင္းမွာကစားတုန္းက ဂါဗင္ဟို Gervinho ဟာ အတိုင္းအတာတစ္ခုထိ ေျခစြမ္းျပကစားႏိုင္ခဲ႔တာေၾကာင္႔ ပါးမားအသင္းမွာလည္း ေျခစြမ္းျပကစားႏိုင္မလားဆိုတာကို ေစာင္႔ၾကည္႔သြားရမွာပဲျဖစ္ပါတယ္။

Ref: BBC Sport
Photo: Parma Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပါးမားအသင်းကို ရောက်ရှိလာခဲ့တဲ့ ဂါဗင်ဟို Gervinho

အာဆင်နယ်ကစားသမားဟောင်း ဂါဗင်ဟို Gervinho ဟာ စီးရီးအေတန်းတက်ကလပ် ပါးမားအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဂါဗင်ဟို Gervinho ဟာ တရုတ်စူပါလိဂ်ကလပ် Hebei China Fortune အသင်းကနေ ထွက်ခွာဖို့သဘောတူညီမှု ရရှိခဲ့အပြီးမှာပဲ ပါးမားအသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဂါဗင်ဟို Gervinho ဟာ ပါးမားအသင်းနဲ့(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ်(၂၇)ကိုဝတ်ဆင်ကစားသွားမှာပါ။

Gervinho

Gervinho

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဂါဗင်ဟို Gervinho ဟာ တရုတ်စူပါလိဂ်ကလပ် Hebei China Fortune အသင်းမှာ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပြီး ကစားခဲ့တဲ့ (၂)နှစ်ခွဲအတွင်းမှာသွင်းဂိုး(၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဂါဗင်ဟို Gervinho ဟာ ရိုးမားအသင်းမှာကစားဖူးသူဖြစ်ပြီး လက်ရှိအချိန်မှာ ပါးမားအသင်းကို ရောက်ရှိလာတာကြောင့် ဂါဗင်ဟို Gervinho အနေနဲ့ အီတလီမြေကို တကျော့ပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ရိုးမားအသင်းမှာကစားတုန်းက ဂါဗင်ဟို Gervinho ဟာ အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ပါးမားအသင်းမှာလည်း ခြေစွမ်းပြကစားနိုင်မလားဆိုတာကို စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Ref: BBC Sport
Photo: Parma Twitter
Ko Kyue(Akhayar)
www.akhayar.com