[Zawgyi]







Germany 1 – 1 Spain
Germany 0 – 1 Brazil
Austria 2 – 1 Germany
Germany 0 – 1 Mexico
Germany 2 – 1 Sweden
Germany 0 – 0 France
Germany 2 – 1 Peru
France 2 – 1 Germany

REF:sportskeeda
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မှတ်တမ်းဆိုးတွေ ရင်ဆိုင်နေရတဲ့ ဂျာမနီအသင်း

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရှက်တကွဲရလဒ်နဲ့ အုပ်စုက ထွက်ခဲ့ရပြီးနောက်ပိုင်းကတည်းက ရလဒ်တွေ တေက်လျှောက် ဆိုးရွားနေတဲ့ ဂျာမနီအသင်းဟာ အခု သမိုင်းတွင်မယ့် မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်ခဲ့ပြန်ပါပြီ။ အဲဒါကတော့ ဘောလုံးပြက္ခဒိန်တစ်ခုအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ (၆)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ဒါဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပါပဲ။ ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ပြင်သစ်အသင်းနဲ့ ကစားခဲ့တဲ့ UEFA Nations League ပွဲမှာ (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒါဟာ ၂၀၁၈ ခုနှစ်အတွင်း ဂျာမနီအသင်းရဲ့ (၆)ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့တယ်။

Germany-pair-Joshua-Kimmich-and-Leroy-Sane

Germany-pair-Joshua-Kimmich-and-Leroy-Sane

ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေတုန်းက နယ်သာလန်အသင်းကို (၃)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့အပြီး အခု ပြင်သစ်ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၀၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဓိက နိုင်ငံတကာပွဲ(၂)ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်က ထွက်ခဲ့ရကတည်းက ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုး Joachim low အနေနဲ့ အသင်းကို ပြင်ဆင်မှုတွေ လုပ်ပြီး လမ်းကြောင်းမှန်ပေါ် ဆွဲတင်နိုင်ဖို့လိုနေပါပြီ။

၂၀၁၈ ခုနှစ်အတွင်း ဂျာမနီအသင်းကစားခဲ့တဲ့ ပွဲရလဒ်များ

Germany 1 – 1 Spain
Germany 0 – 1 Brazil
Austria 2 – 1 Germany
Germany 2 – 1 Saudi Arabia
Germany 0 – 1 Mexico
Germany 2 – 1 Sweden
Korea Republic 2 – 0 Germany
Germany 0 – 0 France
Germany 2 – 1 Peru
Netherlands 3 – 0 Germany
France 2 – 1 Germany

REF:sportskeeda
Photo:FOX Sports Asia,Premier League
Naing Linn(Akhayar)
www.akhayar.com