This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားခ်န္ပီယံဆုကုိ (၂)ႀကိမ္ဆက္ ရယူဖုိ႔ ႀကိဳးပမ္းရမယ့္ ဂ်ာမနီ

ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဘရာဇီးလ္ၿပီးရင္ ေအာင္ျမင္မႈအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနတဲ့ ဂ်ာမနီအသင္းဟာ လက္ရွိခ်န္ပီယံျဖစ္သလုိ အခုၿပိဳင္ပဲြမွာလည္း ဗုိလ္စဲြဖုိ႔ ေရပန္းစားေနတဲ့အသင္းတစ္သင္းလည္းျဖစ္ ပါတယ္။ ဂတ္မူလာ Gerd Muller၊ ဘက္ကင္ေဘာင္၀ါ Beckenbauer၊ မာသီးယပ္စ္ Matthäus၊ ကလင္းစမန္း Klinsmann တို႔ ေခတ္ကစၿပီး ပုိေဒါစကီး Podolsk၊ ကလုိေဆး Klose ၊ ေဘာလက္ Ballack၊ ရွ၀ုိင္းစတုိင္ဂါ Schweinsteiger၊ ဖိလစ္လမ္း Philipp Lahm တို႔ေခတ္အထိ ေအာင္ျမမႈေတြ ဆက္တိုက္ ရယူႏုိင္ခဲ့တယ္။

Geurd-Muller

Geurd-Muller

ဂ်ာမနီအသင္းဟာ ကမၻာ႔ဖလား(၄)ႀကိမ္၊ ယူ႐ုိလား(၃)ႀကိမ္၊ ကြန္ဖက္ဒေရးရွင္းဖလား(၁)ႀကိမ္ ရရွိခဲ့ၿပီး ႏုိင္ငံတကာၿပိဳင္ပဲြေတြမွာ ေအာင္ျမင္မႈအမ်ားဆုံးရယူခဲ့တဲ့ အသင္းေတြထဲက တစ္သင္းအျဖစ္ ရပ္တည္ ေနတာပါ။ ဘရာဇီးလ္မွာက်င္းပခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလားတုန္းက ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ေတာင္အေမရိကတိုက္မွာ ပထမဆုံးဗုိလ္စဲြတဲ့ ဥေရာပအသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ဂ်ာမနီအသင္းအေနနဲ႔ ၁၉၃၄၊ ၁၉၃၈မွာ အီတလီ၊ ၁၉၅၈၊ ၁၉၆၂ မွာ ဘရာဇီးလ္အသင္းတုိ႔လုိ ကမၻာ႔ဖလား(၂)ႀကိမ္ဆက္ ဗုိလ္စဲြတဲ့ မွတ္တမ္းေကာင္းတစ္ခုကုိ အခုၿပိဳင္ပဲြမွာ ရယူဖုိ႔ ႀကိဳးပမ္းရမွာပါ။

Beckenbauer-

Beckenbauer-

ဂ်ာမနီအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း
ဂ်ာမနီအသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြ စတင္ခဲ့တဲ့ ၁၉၃၀ တုန္းက မယွဥ္ၿပိဳင္ခဲ့ဘဲ၊ ၁၉၅၀ ကမၻာ႔ဖလားမွာ ၿပိဳင္ပဲြ၀င္ခြင့္ ပိတ္ပင္ခံခဲ့ရတာေၾကာင့္ ယွဥ္ၿပိဳင္ခြင့္မရတာကလဲြလုိ႔ က်န္တဲ့ကမၻာ႔ဖလားအႀကိမ္တိုင္း ပါ၀င္ယွဥ္ၿပိဳင္ခဲ့တဲ့အသင္းျဖစ္ပါတယ္။ ဂ်ာမနီအသင္းအေနနဲ႔ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ၿပိဳင္ပဲြေတြမွာ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၿပီး ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀၊ ၂၀၁၄ ခုႏွစ္ေတြမွာ ဗုိလ္စဲြခဲ့တယ္။

2014-FIFA-World-Cup-Champion-Germany

2014-FIFA-World-Cup-Champion-Germany

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ
ဂ်ာမနီအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြမွာ သူတို႔နဲ႔ Level တူ အသင္းေတြ မပါခဲ့တာေၾကာင့္ လြယ္လြယ္ကူကူပဲ ေျခစစ္ပဲြ ေအာင္ျမင္ခဲ့တယ္။ (၁၀)ပဲြကစားတာမွာ ရာႏႈန္းျပည့္ႏုိင္ပဲြရယူခဲ့ၿပီး ရမွတ္(၃၀)နဲ႔ ေျခစစ္ပဲြေအာင္ျမင္ခဲ့သလုိ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြ ဥေရာပဇုန္မွာ ပဲြတိုင္းႏုိင္တဲ့ အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ အဲဒီ(၁၀)ပဲြမွာ (၄၃)ဂုိးအထိ သြင္းယူခဲ့သလုိ ဂ်ာမနီအသင္းအတြက္ ေသာမတ္စ္မူလာ Thomas Muller ၊ ဆန္ဒ႐ုိ၀က္ဂ္နာ Sandro Wagner တို႔က (၅)ဂုိးစီ သြင္းယူခဲ့ၿပီး အသင္းအတြက္ သြင္းဂုိးအမ်ားဆုံးသြင္းယူခဲ့တဲ့ကစားသမားေတြ ျဖစ္ခဲ့ပါတယ္။

Germany-National-Football-Team

Germany-National-Football-Team

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား
၂၀၁၄ ကမၻာ႔ဖလားအၿပီးမွာ ၀ါရင့္ကစားသမား တခ်ိဳ႕ လက္ေရြးစင္အသင္းကေန အနားယူသြားေပမယ့္ လက္ရွိကစားသမားစုဖဲြ႕မႈအရလည္း ဂ်ာမနီအသင္းဟာ ထိပ္တန္းအဆင့္မွာ ရွိေနဆဲပါ။ အဓိက ဂုိးသမား ႏူအာ Neuer အျပင္ စတီဂန္ Stegen၊ ကီဗင္ထရပ္ Kevin Trapp တို႔ ရွိေနလုိ႔ အားနည္းဖုိ႔ေတာ့ မရွိပါဘူး။ ခံစစ္နဲ႔ ကြင္းလယ္ကလည္း Top Class အေနအထားမွာ ရွိပါတယ္။ ကြင္းလယ္မွာ အုိေဇးလ္ Ozil၊ ေသာမတ္စ္မူလာ Thomas Muller တို႔လုိ တိုက္စစ္အားသန္ကစားသမားေတြ ရွိေနလုိ႔ တိုက္စစ္ပုိင္းက စုိးရိမ္စရာမရွိေပမယ့္ ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လုိး Joachim Löw က အေထာင္တိုက္စစ္မွဴးတစ္ဦးထားတဲ့ ကစားကြက္အရ Lone Striker စစ္စစ္ ရွားပါးေနတဲ့အတြက္ အဲဒီေနရာကုိ ဘယ္သူနဲ႔အစားထုိးမလဲဆုိတာ စဥ္းစားစရာပါပဲ။ အခုေလာေလာဆယ္ေတာ့ ၀ါရင့္တိုက္စစ္မွဴး မာရီယုိဂုိးမက္ဇ္ Mario Gomez၊ တီမုိ၀ါနာ Timo Werner၊ တို႔ရွိေနၿပီး ဘယ္သူ႔ကုိ ဦးစားေပးေရြးခ်ယ္မလဲဆုိတာ ဂ်ိဳအာခ်င္လုိး ဆုံးျဖတ္ရမွာပါ။

Photo:Goal.com,Time,The Sun,Irish Mirror
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားချန်ပီယံဆုကို (၂)ကြိမ်ဆက် ရယူဖို့ ကြိုးပမ်းရမယ့် ဂျာမနီ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ပြီးရင် အောင်မြင်မှုအများဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဂျာမနီအသင်းဟာ လက်ရှိချန်ပီယံဖြစ်သလို အခုပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတစ်သင်းလည်းဖြစ် ပါတယ်။ ဂတ်မူလာ Gerd Muller၊ ဘက်ကင်ဘောင်ဝါ Beckenbauer၊ မာသီးယပ်စ် Matthäus၊ ကလင်းစမန်း Klinsmann တို့ ခေတ်ကစပြီး ပိုဒေါစကီး Podolsk၊ ကလိုဆေး Klose ၊ ဘောလက် Ballack၊ ရှဝိုင်းစတိုင်ဂါ Schweinsteiger၊ ဖိလစ်လမ်း Philipp Lahm တို့ခေတ်အထိ အောင်မြမှုတွေ ဆက်တိုက် ရယူနိုင်ခဲ့တယ်။

Geurd-Muller

Geurd-Muller

ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလား(၄)ကြိမ်၊ ယူရိုလား(၃)ကြိမ်၊ ကွန်ဖက်ဒရေးရှင်းဖလား(၁)ကြိမ် ရရှိခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုအများဆုံးရယူခဲ့တဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် ရပ်တည် နေတာပါ။ ဘရာဇီးလ်မှာကျင်းပခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ချန်ပီယံဖြစ်ခဲ့တာကြောင့် တောင်အမေရိကတိုက်မှာ ပထမဆုံးဗိုလ်စွဲတဲ့ ဥရောပအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဂျာမနီအသင်းအနေနဲ့ ၁၉၃၄၊ ၁၉၃၈မှာ အီတလီ၊ ၁၉၅၈၊ ၁၉၆၂ မှာ ဘရာဇီးလ်အသင်းတို့လို ကမ္ဘာ့ဖလား(၂)ကြိမ်ဆက် ဗိုလ်စွဲတဲ့ မှတ်တမ်းကောင်းတစ်ခုကို အခုပြိုင်ပွဲမှာ ရယူဖို့ ကြိုးပမ်းရမှာပါ။

Beckenbauer-

Beckenbauer-

ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ခဲ့တဲ့ ၁၉၃၀ တုန်းက မယှဉ်ပြိုင်ခဲ့ဘဲ၊ ၁၉၅၀ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရတာကြောင့် ယှဉ်ပြိုင်ခွင့်မရတာကလွဲလို့ ကျန်တဲ့ကမ္ဘာ့ဖလားအကြိမ်တိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဂျာမနီအသင်းအနေနဲ့ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀၊ ၂၀၁၄ ခုနှစ်တွေမှာ ဗိုလ်စွဲခဲ့တယ်။

2014-FIFA-World-Cup-Champion-Germany

2014-FIFA-World-Cup-Champion-Germany

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု
ဂျာမနီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူတို့နဲ့ Level တူ အသင်းတွေ မပါခဲ့တာကြောင့် လွယ်လွယ်ကူကူပဲ ခြေစစ်ပွဲ အောင်မြင်ခဲ့တယ်။ (၁၀)ပွဲကစားတာမှာ ရာနှုန်းပြည့်နိုင်ပွဲရယူခဲ့ပြီး ရမှတ်(၃၀)နဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်မှာ ပွဲတိုင်းနိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အဲဒီ(၁၀)ပွဲမှာ (၄၃)ဂိုးအထိ သွင်းယူခဲ့သလို ဂျာမနီအသင်းအတွက် သောမတ်စ်မူလာ Thomas Muller ၊ ဆန်ဒရိုဝက်ဂ်နာ Sandro Wagner တို့က (၅)ဂိုးစီ သွင်းယူခဲ့ပြီး အသင်းအတွက် သွင်းဂိုးအများဆုံးသွင်းယူခဲ့တဲ့ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။

Germany-National-Football-Team

Germany-National-Football-Team

စောင့်ကြည့်ရမယ့်ကစားသမားများ
၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာ ဝါရင့်ကစားသမား တချို့ လက်ရွေးစင်အသင်းကနေ အနားယူသွားပေမယ့် လက်ရှိကစားသမားစုဖွဲ့မှုအရလည်း ဂျာမနီအသင်းဟာ ထိပ်တန်းအဆင့်မှာ ရှိနေဆဲပါ။ အဓိက ဂိုးသမား နူအာ Neuer အပြင် စတီဂန် Stegen၊ ကီဗင်ထရပ် Kevin Trapp တို့ ရှိနေလို့ အားနည်းဖို့တော့ မရှိပါဘူး။ ခံစစ်နဲ့ ကွင်းလယ်ကလည်း Top Class အနေအထားမှာ ရှိပါတယ်။ ကွင်းလယ်မှာ အိုဇေးလ် Ozil၊ သောမတ်စ်မူလာ Thomas Muller တို့လို တိုက်စစ်အားသန်ကစားသမားတွေ ရှိနေလို့ တိုက်စစ်ပိုင်းက စိုးရိမ်စရာမရှိပေမယ့် ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုး Joachim Löw က အထောင်တိုက်စစ်မှူးတစ်ဦးထားတဲ့ ကစားကွက်အရ Lone Striker စစ်စစ် ရှားပါးနေတဲ့အတွက် အဲဒီနေရာကို ဘယ်သူနဲ့အစားထိုးမလဲဆိုတာ စဉ်းစားစရာပါပဲ။ အခုလောလောဆယ်တော့ ဝါရင့်တိုက်စစ်မှူး မာရီယိုဂိုးမက်ဇ် Mario Gomez၊ တီမိုဝါနာ Timo Werner၊ တို့ရှိနေပြီး ဘယ်သူ့ကို ဦးစားပေးရွေးချယ်မလဲဆိုတာ ဂျိုအာချင်လိုး ဆုံးဖြတ်ရမှာပါ။

Photo:Goal.com,Time,The Sun,Irish Mirror
Naing Linn(Akhayar)
www.akhayar.com