This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂ်ာမန္ေဘာလုံးေလာကအတြက္ ဘုရင္တစ္ပါး ဖရန္႔ဘက္ကင္ေဘာင္၀ါ Franz Beckenbauer

ေဘာလုံးေလာကမွာ ကစားသမားဘ၀မွာေရာ၊ နည္းျပဘ၀မွာပါ ေအာင္ျမင္မႈရယူႏုိင္တဲ့သူက လက္ခ်ိဳးေရ ရမယ္။ အဲဒီသူေတြထဲမွာ ဘက္ကင္ေဘာင္၀ါ Beckenbauer က တစ္ဦးအပါအ၀င္ပါပဲ။ ေမွာ္ဆန္တဲ့ကစား ဟန္၊ ပဲြကုိ ထိန္းခ်ဳပ္ႏုိင္စြမ္း၊ Leadership Skill တို႔ေၾကာင့္ ဘုရင္ႀကီး(ဂ်ာမန္လုိ Der Kaiser အဂၤလိပ္လုိ”The Emperor”)လုိ႔ မီဒီယာေတြရဲ႕ အမည္သတ္မွတ္ေပးျခင္းခံခဲ့ရတယ္။ အားကစားေလာကရဲ႕ Greatest Players ေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္တဲ့ ဘက္ကင္ေဘာင္၀ါဟာ ကြင္းလယ္ကစားသမားအျဖစ္ စတင္ခဲ့ေပမယ့္ ေနာက္ခံလူေနရာမွ ပုိၿပီး ေျခစြမ္းျပ ထင္ရွားခဲ့သူပါ။

Franz-Beckenbauer-Playing-Style

Franz-Beckenbauer-Playing-Style

ေဘာလုံးေလာကမွာ Libero ၊ Sweeper Role ကုိ စတင္ တီထြင္ခဲ့တဲ့သူအျဖစ္လည္း သတ္မွတ္ခံခဲ့ရပါတယ္။ အေနာက္ဂ်ာမနီအသင္းအတြက္ (၁၀၃)ပဲြကစားခဲ့သလုိ ကမၻာ႔ဖလား(၃)ႀကိမ္ ပါ၀င္ဆင္ႏဲႊခဲ့တဲ့ ဘက္ကင္ေဘာင္၀ါဟာ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကစားသမားအျဖစ္ ၁၉၇၄ ၿပိဳင္ပဲြမွာ ဆြတ္ခူးခဲ့႐ုံသာမက ၁၉၉၀ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက နည္းျပအျဖစ္နဲ႔ပါ ဆြတ္ခူးခဲ့တဲ့သူျဖစ္ၿပီး ေဘာလုံးသမုိင္းတစေ္လွ်ာက္ အဲဒီလုိစြမ္းေဆာင္ႏုိင္တာဆုိလုိ႔ သူရယ္၊ ဘရာဇီးလ္ဂႏၱ၀င္ႀကီး ဇာဂါလုိ Zagallo တို႔ပဲရွိတယ္။

Franz-Beckenbauer

Franz-Beckenbauer

ႏုိင္ငံတကာမွာ ကမၻာ႔ဖလားနဲ႔ ယူ႐ုိခ်န္ပီယံဆုကုိ အသင္းေခါင္းေဆာင္အျဖစ္ ရယူႏုိင္တဲ့ တစ္ဦးတည္းေသာ ကစားသမားက ဘက္ကင္ေဘာင္၀ါပါပဲ။ ၂၀ ရာစုရဲ႕ ကမၻာ႔အေကာင္းဆုံးအသငး္၊ ဖီဖာ ကမၻာ႔အေကာင္းဆုံး အသင္းေတြမွာ ေရြးခ်ယ္ခံခဲ့ရသလုိ ဖီဖာက ထုတ္ျပန္ခဲ့တဲ့ World’s Greatest Living Players (၁၀၀) ဦးစာရင္းထဲမွာလည္း တစ္ဦးအပါအ၀င္ျဖစ္ပါတယ္။

Germany-Legend-Franz-Beckenbauer

Germany-Legend-Franz-Beckenbauer

ဘက္ကင္ေဘာင္၀ါဟာ ႏုိင္ငံအသင္းမွာသာမက ကလပ္အသင္းျဖစ္တဲ့ ဘုိင္ယန္ျမဴးနစ္နဲ႔လည္း ေအာင္ျမင္မႈေတြ ရယူခဲ့ၿပီး ၁၉၇၄ ကေန ၁၉၇၆ ခုႏွစ္အထိ ဥေရာပ ဖလား(ခ်န္ပီယံလိဂ္)ကုိ (၃)ႀကိမ္ဆက္ရယူခဲ့တဲ့ အသင္းေခါင္းေဆာင္အျဖစ္ စံခ်ိန္တင္ထားသူလည္းျဖစ္တယ္။ ဒီေန႔ဒီအခ်ိန္အထိ ဘက္ကင္ေဘာင္၀ါဟာ ဂ်ာမန္ေဘာလုံးေလာကမွာသာမက ကမၻာ႔ေဘာလုံးေလာကမွာ လႊမ္းမုိးမႈရွိတဲ့ပုဂၢိဳလ္ Influential Figure အျဖစ္ ရပ္တည္ေနတဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။

ဘက္ကင္ေဘာင္၀ါရဲ႕ လက္ေရြးစင္အသငး္ မွတ္တမ္း

ဂ်ာမနီအသင္းအတြက္ ကစားခဲ့သည့္ကာလ – ၁၉၆၅ မွ ၁၉၇၇
ပဲြ/ဂုိး – ၁၀၃ ပဲြ/ ၁၄ ဂုိး
ကမၻာ႔ဖလားဆင္ႏႊဲခဲ့သည့္အႀကိမ္ – ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၄

ေအာင္ျမင္မႈမ်ား
FIFA World Cup: 1974

UEFA European Championship: 1972

REF:Wikipedia.org
Photo:Goal.com,Sportsnet,Bunte,The 42
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂျာမန်ဘောလုံးလောကအတွက် ဘုရင်တစ်ပါး ဖရန့်ဘက်ကင်ဘောင်ဝါ Franz Beckenbauer

ဘောလုံးလောကမှာ ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ အောင်မြင်မှုရယူနိုင်တဲ့သူက လက်ချိုးရေ ရမယ်။ အဲဒီသူတွေထဲမှာ ဘက်ကင်ဘောင်ဝါ Beckenbauer က တစ်ဦးအပါအဝင်ပါပဲ။ မှော်ဆန်တဲ့ကစား ဟန်၊ ပွဲကို ထိန်းချုပ်နိုင်စွမ်း၊ Leadership Skill တို့ကြောင့် ဘုရင်ကြီး(ဂျာမန်လို Der Kaiser အင်္ဂလိပ်လို”The Emperor”)လို့ မီဒီယာတွေရဲ့ အမည်သတ်မှတ်ပေးခြင်းခံခဲ့ရတယ်။ အားကစားလောကရဲ့ Greatest Players တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဘက်ကင်ဘောင်ဝါဟာ ကွင်းလယ်ကစားသမားအဖြစ် စတင်ခဲ့ပေမယ့် နောက်ခံလူနေရာမှ ပိုပြီး ခြေစွမ်းပြ ထင်ရှားခဲ့သူပါ။

Franz-Beckenbauer-Playing-Style

Franz-Beckenbauer-Playing-Style

ဘောလုံးလောကမှာ Libero ၊ Sweeper Role ကို စတင် တီထွင်ခဲ့တဲ့သူအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ အနောက်ဂျာမနီအသင်းအတွက် (၁၀၃)ပွဲကစားခဲ့သလို ကမ္ဘာ့ဖလား(၃)ကြိမ် ပါဝင်ဆင်နွဲှခဲ့တဲ့ ဘက်ကင်ဘောင်ဝါဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကစားသမားအဖြစ် ၁၉၇၄ ပြိုင်ပွဲမှာ ဆွတ်ခူးခဲ့ရုံသာမက ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက နည်းပြအဖြစ်နဲ့ပါ ဆွတ်ခူးခဲ့တဲ့သူဖြစ်ပြီး ဘောလုံးသမိုင်းတစေ်လျှာက် အဲဒီလိုစွမ်းဆောင်နိုင်တာဆိုလို့ သူရယ်၊ ဘရာဇီးလ်ဂန္တဝင်ကြီး ဇာဂါလို Zagallo တို့ပဲရှိတယ်။

Franz-Beckenbauer

Franz-Beckenbauer

နိုင်ငံတကာမှာ ကမ္ဘာ့ဖလားနဲ့ ယူရိုချန်ပီယံဆုကို အသင်းခေါင်းဆောင်အဖြစ် ရယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားက ဘက်ကင်ဘောင်ဝါပါပဲ။ ၂၀ ရာစုရဲ့ ကမ္ဘာ့အကောင်းဆုံးအသင်း၊ ဖီဖာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေမှာ ရွေးချယ်ခံခဲ့ရသလို ဖီဖာက ထုတ်ပြန်ခဲ့တဲ့ World’s Greatest Living Players (၁၀၀) ဦးစာရင်းထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

Germany-Legend-Franz-Beckenbauer

Germany-Legend-Franz-Beckenbauer

ဘက်ကင်ဘောင်ဝါဟာ နိုင်ငံအသင်းမှာသာမက ကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့လည်း အောင်မြင်မှုတွေ ရယူခဲ့ပြီး ၁၉၇၄ ကနေ ၁၉၇၆ ခုနှစ်အထိ ဥရောပ ဖလား(ချန်ပီယံလိဂ်)ကို (၃)ကြိမ်ဆက်ရယူခဲ့တဲ့ အသင်းခေါင်းဆောင်အဖြစ် စံချိန်တင်ထားသူလည်းဖြစ်တယ်။ ဒီနေ့ဒီအချိန်အထိ ဘက်ကင်ဘောင်ဝါဟာ ဂျာမန်ဘောလုံးလောကမှာသာမက ကမ္ဘာ့ဘောလုံးလောကမှာ လွှမ်းမိုးမှုရှိတဲ့ပုဂ္ဂိုလ် Influential Figure အဖြစ် ရပ်တည်နေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဘက်ကင်ဘောင်ဝါရဲ့ လက်ရွေးစင်အသင်း မှတ်တမ်း

ဂျာမနီအသင်းအတွက် ကစားခဲ့သည့်ကာလ – ၁၉၆၅ မှ ၁၉၇၇
ပွဲ/ဂိုး – ၁၀၃ ပွဲ/ ၁၄ ဂိုး
ကမ္ဘာ့ဖလားဆင်နွှဲခဲ့သည့်အကြိမ် – ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၄

အောင်မြင်မှုများ
FIFA World Cup: 1974

UEFA European Championship: 1972

REF:Wikipedia.org
Photo:Goal.com,Sportsnet,Bunte,The 42
Naing Linn(Akhayar)
www.akhayar.com